ဒီနေ့တော့ ရေမွှေးလောကရဲ့ Iris Boss လို့ တင်စားကြတဲ့ Dior Homme Parfum (2025 Version) အကြောင်း ပြောပြပေးချင်ပါတယ်။ ဒါက သာမန် ရေမွှေးတစ်ခု မဟုတ်ပါဘူး။ ကိုယ့်ရဲ့ personality တစ်ခုလုံးကို ပြောင်းလဲပစ်နိုင်တဲ့ accessory တစ်ခုပါ။
တိုတိုရှင်းရှင်း ပြောရရင် Dark, Rich & Mysterious vibe ပါ။ မိုးအေးအေး ညနေခင်းတစ်ခုမှာ ကိုယ်က suit အပြည့်အစုံ ဝတ်ထားတယ်။ ဇိမ်ခံကား အမည်းရောင်ကြီးပေါ်ကနေ ဆင်းလာပြီး ကြယ်ငါးပွင့် ဟိုတယ် lobby ထဲကို ဝင်လိုက်တဲ့ အခိုက်အတန့်မျိုး။ လူတိုင်းက ကိုယ့်ကို လှည့်ကြည့်ရလောက်အောင် ကျက်သရေရှိပြီး လွှမ်းမိုးမှုရှိတဲ့ အနံ့မျိုးပါ။
ဒီရေမွှေးရဲ့ အသက်က "Iris" (အိုင်းရစ်) လို့ခေါ်တဲ့ ပန်းနံ့ပါပဲ။ ဒါပေမဲ့ "ပန်းနံ့" ဆိုလို့ မိန်းကလေးဆန်သွားမလားဆိုပြီး စိတ်မပူပါနဲ့။ ဒီအနံ့က အရမ်း ဆန်းကြယ်ပါတယ်။ တန်ဖိုးကြီး မိတ်ကပ်နံ့ သင်းသင်းလေး ရနေတဲ့ ကောင်မလေးတစ်ယောက်ကို သားရေ ဂျာကင် အသစ်စက်စက် ဝတ်ထားတဲ့ ကောင်လေးတစ်ယောက်က ပွေ့ဖက်ထားလိုက်သလိုပါပဲ။ တန်ဖိုးကြီး ပေါင်ဒါနံ့လိုလို နူးညံ့မှုက တစ်ဖက်၊ သားရေနံ့ ခပ်ပြင်းပြင်းက တစ်ဖက် အားပြိုင်နေတာမို့ "နူးညံ့တယ်ဒါပေမဲ့ ငါ့မှာ power ရှိတယ်" ဆိုတဲ့ ယောကျ်ားတစ်ယောက်ရဲ့ vibe မျိုး အပြည့်ပေးနိုင်ပါတယ်။
အချိန်နည်းနည်း ကြာလာတာနဲ့အမျှ သစ်မွှေးအနံ့က ထွက်လာတယ်။ မြန်မာလူမျိုးတွေနဲ့ ရင်းနှီးတဲ့ ဘုရားစင်က သစ်မွှေးနံ့မျိုး မဟုတ်ဘဲ မီးခိုးငွေ့သန်းနေတဲ့ သစ်သားနံ့မျိုးဗျာ။ အဲဒီကြားထဲမှာမှ နှင်းဆီနံ့ မှည့်မှည့်လေးက သိပ်မသိသာဘဲ ခပ်ရေးရေးလေး ပါနေတော့ အရမ်းကို ဆွဲဆောင်မှု ရှိသွားရော။
🌀 မြန်မာပြည် ရာသီဥတုနဲ့ ကိုက်ရဲ့လား?
ဒါက အရေးကြီးဆုံး အချက်ပဲ။ သတိထားပါ!
ရန်ကုန် နွေရာသီ မွန်းတည့်ချိန်လိုမျိုး လုံးဝ (လုံးဝ) မသုံးပါနဲ့။ ဒီရေမွှေးက အနံ့အရမ်း နဲနဲပြင်းပြီး လေးပါတယ်။ ပူအိုက်စိုစွတ်တဲ့ ရန်ကုန် နေ့လည်ခင်းမှာ ဒါကိုစွတ်ပြီး YBS တိုးစီးလိုက်ရင်တော့ ဘေးကလူတွေ မူးလဲသွားနိုင်သလို၊ ကိုယ်တိုင်လည်း ခေါင်းကိုက်သွားလိမ့်မယ်။
ဘယ်အချိန် သုံးသင့်လဲဆိုရင် ဆောင်းနဲ့ မိုးရာသီ အေးအေးလေးတွေ၊ အေးတဲ့ မနက်ခင်းတွေ၊ ဒါမှမဟုတ် ရုံးခန်း/ဟိုတယ် လိုမျိုး air-con အေးစိမ့်နေတဲ့ နေရာတွေမှာဆိုရင်တော့ ရှယ်ပဲ။ ပြင်ဦးလွင်တို့၊ တောင်ကြီးတို့လို နေရာမျိုးဆိုရင်တော့ ဒီကောင်က King ပါပဲ။
🌿 အနံ့ခံရဲ့လား?
ဒါက Monster Mode ပါ။ မနက် ရုံးသွားခါနီး ၂ ချက် ၃ ချက် လောက် အင်္ကျီပေါ် ဖြန်းသွားလိုက်ရင် ညနေရုံးပြန်ချိန်လောက်အထိ စွဲကျန်နေဦးမှာ။
✅ ဝယ်သင့်သူ ~ ရင့်ကျက်တည်ငြိမ်တဲ့ ပုံစံကို လိုချင်သူတွေ၊ business executive တွေ၊ Powerful Dating Scent ရှာနေသူတွေနဲ့ Iris Note ရူးသွပ်သူတွေ။
❌ မဝယ်သင့်သူ ~ ပေါ့ပေါ့ပါးပါး Citrus/Fresh အနံ့ (သံပုရာနံ့၊ ပင်လယ်နံ့) ကြိုက်သူတွေနဲ့ နေပူထဲ အလုပ်လုပ်ရသူတွေ။
🌀 ဈေးတန်ရဲ့လား
2025 New Edition ဖြစ်လို့ 75ml boutique price USD 189 ပေးရမှာဖြစ်တဲ့ ရေမွှေးကို အခုလို discount price ရတာ တန်ပါတယ်။
🛡️ Rating ~ 10/10 (Masterpiece တစ်ခုပါ၊ ဒါပေမဲ့ နေရာဒေသနဲ့ ရာသီဥတုကို ရွေးပြီး သုံးတတ်ဖို့တော့ လိုပါလိမ့်မယ်)
Dior Homme Parfum 2025 Version 75ml - K 599,000 (In stock)
Made in France
Sealed original retail packaging
Official website -
https://www.yangonbrandedperfume.com/product-page/dior-homme-parfum
top of page
Mobile/Viber - 0943065356
Mobile - 09250511966
Email - yangonbranded@gmail.com
Discount alerts - Yangon Branded Perfume Shop
YANGON BRANDED
In business since 2011
ငွေဈေးတွေ အများကြီးတက်သွားတဲ့အတွက် အခုဝက်ဗဆိုဒ်ဈေးတွေ update မဖြစ်ပါဘူး။ Viber 0943065356 မှာ လက်ရှိဈေးနဲ့ stock update မေးနိုင်ပါတယ်။
K599,000.00Price
bottom of page
