top of page

Dior Homme Sport EDT Perfume for Men 200ml Mega Size - K 729,000 (In stock / On sale)

မြန်မာပြည် ရာသီဥတုနဲ့ဆို တော်တော်လေးလိုက်ဖက်ပြီး သုံးရတာ အဆင်ပြေမယ့် ရေမွှေးမျိုးဖြစ်ပါတယ်။ သူက fresh ဖြစ်တယ်။ Citrus (ရှောက်၊ သံပုရာ) အနံ့ဘက်သွားပြီး woody (သစ်သား) အနံ့လေး စွက်နေတော့ လူကို လန်းဆန်းတက်ကြွစေတယ်။

🌿 မြန်မာပြည်ရာသီဥတု အလိုက် ဘယ်လိုသုံးသင့်လဲဆိုရင် -

// နွေရာသီ (မတ်လ ကနေ မေလ) - ဒီအချိန်က dior homme sport ကို သုံးဖို့ အကောင်းဆုံး အချိန်ပဲ။ ရာသီဥတုက ပူပြီး အိုက်တော့ သူ့ရဲ့ လန်းဆန်းတဲ့အနံ့က စိတ်ကို ကြည်လင်စေတယ်။ ချွေးထွက်များရင်တောင် အနံ့က အောက်မသွားဘဲ fresh ဖြစ်နေစေမှာ။

// မိုးရာသီ (ဇွန်လ ကနေ အောက်တိုဘာလ) - မိုးတွင်းလို စိုထိုင်းဆများတဲ့အချိန်မှာလည်း သုံးလို့ကောင်းတယ်။ သူ့ထဲပါတဲ့ ginger (ချင်း) နဲ့ spice အနံ့ဖျော့ဖျော့လေးတွေက စိုထိုင်းထိုင်းဖြစ်နေတဲ့ လေထုထဲမှာ အနံ့ကို ထွင်းဖောက်နိုင်စွမ်း ရှိတယ်။

// ဆောင်းရာသီ (နိုဝင်ဘာလ ကနေ ဖေဖော်ဝါရီလ) - Aircon မရှိတဲ့နေရာတွေ နဲ့ နေ့ခင်းဘက်တွေမှာ သုံးဖို့ သင့်တော်တယ်။ ဒါပေမယ့် ညဘက် အေးတဲ့အချိန်မျိုးဆိုရင်တော့ သူ့အနံ့က နည်းနည်း ပေါ့လွန်းတယ်လို့ ခံစားရနိုင်တယ်။ (ဒါပေမယ့် ရန်ကုန်လို သိပ်မအေးတဲ့ နေရာမျိုးဆိုရင်တော့ တစ်နှစ်ပတ်လုံး အိုကေပါတယ်)

🌿 ဘယ်အချိန်တွေမှာ သုံးသင့်လဲ?

// Gym သွားတဲ့အခါ - Sport ဆိုတဲ့ နာမည်အတိုင်းပဲ လှုပ်ရှားမှုများတဲ့အချိန်တွေမှာ အရမ်းလိုက်တယ်

// Golf / tennis ကစားတဲ့အခါ - နေပူထဲမှာ outdoors sports activities တွေမှာ သုံးဖို့ကောင်းတယ်

// ရုံးသွား/ကျောင်းသွား - အနံ့က သူများကို အနှောင့်အယှက် မဖြစ်စေတဲ့အတွက် နေ့စဉ်သုံးဖို့ (daily driver) အနေနဲ့ အရမ်းမိုက်တယ်

// Casual outings - ပေါ့ပေါ့ပါးပါး အပြင်သွားတဲ့အခါမျိုးတွေမှာလည်း ယောကျ်ားပီသပြီး သပ်ရပ်တဲ့ပုံစံ ပေါက်စေတယ်

အတိုချုပ်ပြောရရင်တော့ ပူပြင်းတဲ့ နေ့လယ်ခင်းတွေနဲ့ လှုပ်ရှားမှုများတဲ့ အချိန်တွေအတွက် DHS က ရွေးချယ်စရာ အကောင်းဆုံးပါပဲ။

🌿 ဒီရေမွှေးကိုဖန်တီးသူ Francois Demachy က Dior မှာ ၂၀ဝ၆ ခုနှစ်ထဲက ပင်တိုင်ရေမွှေးပညာရှင်ဖြစ်ခဲ့ပြီး အဲဒီမတိုင်ခင်မှာ Chanel မှာ ၂၄ နှစ်တိုင်တိုင် လုပ်ခဲ့တဲ့ ကမ္ဘာ့ထိပ်တန်းပညာရှင်မို့ သူ့လက်ရာတွေ ထူးထူးခြားခြားကောင်းနေတာ မဆန်းပါဘူး။

🌿 မြန်မာမှာလူတိုင်းနီးပါးသိတဲ့ Dior Sauvage series, Dior Homme, Miss Dior, Blooming Bouquet, Poison Girl, Midnight Poison, J'adore, Joy, Hypnotic Poison, Fahrenheit Le Parfum အပါအဝင် ရောင်းအားအကောင်းဆုံး ရေမွှေး ၂၀ဝ ကျော်ကိုဖန်တီးခဲ့သူရဲ့ လက်ရာမို့ high quality versatile scent ရေမွှေးကြိုက်သူတွေရဲ့ ရွေးချယ်မှုဖြစ်နေတာပါ။

🎁 ဆိုက်အကြီးကြီး 200ml mega size ဖြစ်တာမို့ တစ်ကိုယ်လုံးအနှံ့များများဖြန်းတဲ့သူတွေအတွက် ပိုပြီးတွက်ခြေကိုက်တဲ့ value buy option တစ်ခုဖြစ်ပါတယ်။

Made in France

Sealed original retail packaging

Official website -

https://www.yangonbrandedperfume.com/product-page/dior-homme-sport

Dior Homme Sport EDT Perfume for Men 200ml Mega Size

K729,000.00Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page