top of page

Dior Sauvage Elixir 100ml - K 869,000 (In stock)

Sauvage Elixir အကြောင်းကိုအမေးများတာက သူက Sauvage EDT/EDP နဲ့ ဘယ်လောက်တူသေးလဲဆိုတာပဲ ဖြစ်ပါတယ်။ ပုလင်းကိုမမြင်ပဲ အနံ့ကိုပဲစမ်းမယ်ဆိုရင် Elixir နဲ့ EDT နဲ့ ဆင်တူတာမို့ နှစ်မျိုးလုံးက Sauvage တွေဖြစ်တယ်ဆိုတာ ပြောနိုင်ပေမယ့် နှစ်မျိုးက မတူတဲ့ရေမွှေးတွေလည်းဖြစ်တယ်ဆိုတာကိုပါ သေချာပြောနိုင်ပါတယ်။

ဆက်ပြီး အချိန်ယူပြီး စမ်းမယ်ဆိုရင် EDT က fresh spicy ဖြစ်ပြီး Elixir က warm spicy ဖက်ကိုပိုနွယ်တဲ့ရနံ့လို့ ပြောလို့ရပါတယ်။ Elixir မှာ ပိုပြီးရနံ့ကနက်ရှိုင်းလာတယ်၊ base note တွေက EDT/EDP ထက်ပိုပြီး ပေါ်လွင်တောက်ပ ပိုပြီးရုပ်လုံးကြွပါတယ်။

Top Notes – Grapefruit, Cardamom, Nutmeg, Cinnamon

Middle Notes – lavender

Base Notes – Sandalwood, Liquorice, Patchouli, Amber, Vetiver

သုံးထားတဲ့ ingredient quality အရမ်းကောင်းတာကြောင့် လာဗင်ဒါ၊ ပယင်းနှင့် နွယ်ချို ရနံ့တွေကို scent spectrum တစ်ခုလုံးမှာ မှာပိုထင်ထင်ရှားရှားတွေ့ရမှာဖြစ်ပြီး နူးညံ့တဲ့သစ်သားရနံ့ကိုလည်း ဒီလိုပဲပိုပေါ်ပေါ်လွင်လွင် ခံစားရမှာပါ။

ဒါမျိုးရနံ့ကောင်းတွေနဲ့ top note မှာပါတဲ့ သစ်ကြံပိုးခေါက်၊ ဖာလာ၊ Nutmeg နှင့် Grapefruit ရနံ့တွေကို ထိတ်တန်း ပြင်သစ်ရေမွှေးပညာရှင် Francois Demachy က အလွန်ကောင်းမွန်တဲ့ blending method တွေနဲ့ ပေါင်းထားတာဖြစ်လို့ Elixir (မှော်ဆေး) လို့ ပေးထားတဲ့ နာမည်နဲ့ တကယ်လိုက်ဖက်အောင်ကို ကောင်းလွန်းပါတယ်။

Francois Demachy က Dior မှာ ၂၀ဝ၆ ခုနှစ်ထဲက ပင်တိုင်ရေမွှေးပညာရှင်ဖြစ်ခဲ့ပြီး အဲဒီမတိုင်ခင်မှာ Chanel မှာ ၂၄ နှစ်တိုင်တိုင် လုပ်ခဲ့တဲ့ ကမ္ဘာ့ထိပ်တန်းပညာရှင်မို့ သူ့လက်ရာတွေ ထူးထူးခြားခြားကောင်းလွန်းနေတာ မဆန်းပါဘူး။

မြန်မာမှာလူတိုင်းနီးပါးသိတဲ့ Dior Homme, Miss Dior, Blooming Bouquet, Poison Girl, Midnight Poison, J'adore, Joy, Hypnotic Poison, Fahrenheit Le Parfum အပါအဝင် ရောင်းအားအကောင်းဆုံး ရေမွှေး ၂၀ဝ ကျော်ကိုဖန်တီးခဲ့သူရဲ့ လက်ရာမို့ ထွက်ထွက်ခြင်းကစပြီး ဒီနေ့အထိ high quality beast mode scent ရေမွှေးကြိုက်သူတွေရဲ့ first choice ဖြစ်နေတာပါ။

မူရင်း Sauvage EDT က အသက် ၂၀ က အသက် ၂၀ ကျော်လူငယ်တွေအတွက် ပိုသင့်ပြီး Elixir ကတော့ အသက် ၃၀ နဲ့အထက်လောက်သုံးရင် ပိုလိုက်ဖက်ပါမယ်။ Depth ရှိတဲ့ complexity ရှိတဲ့ အားသာချက်တွေရှိတဲ့အပြင် scent DNA က Sauvage DNA ပဲမို့ လူတိုင်းကြိုက်တဲ့ လူတိုင်းလက်ခံပြီးသားဖြစ်တဲ့ ရနံ့မို့ project လုပ်မှာ ရနံ့ဘေးလူကို အနှောက်အယှက်ဖြစ်မှာပူစရာမလိုပဲ စိတ်ချသုံးနိုင်ပါတယ်။

ရေမွှေးရဲ့ concentration များတာမို့ (Elixir က EDP/Parfum တို့ထက် concentration များပါတယ်) တခြားသာမန်ရေမွှေးတွေရဲ့ တစ်ဝက်လောက်သာဖြန်းရုံနဲ့ ပိုသာတဲ့ longevity and projection ရတာကို စဉ်းစားလိုက်ရင် ပိုတောင်တန်နေပါသေးတယ်။

ဝေခွဲမရဖြစ်နေသေးတယ် ဆိုရင် အောက် မှာ တစ်စုတစ်စည်းထဲ တင်ပေးထားတဲ့ international reviewer တွေရဲ့ review video တွေကိုကြည့်ပြီးမှ ဆုံးဖြတ်နိုင်ပါတယ်။

Made in France

Sealed original retail packaging

Official website -

https://www.yangonbrandedperfume.com/product-page/dior-sauvage-elixir-100ml

Reviews -

https://youtu.be/A4jBXQd-xuw

https://youtu.be/LN0s4aGkvag

https://youtu.be/aBEthzo6Xss

https://youtu.be/hA91xddlC3k

https://youtu.be/9RzJuYqcAfY

https://youtu.be/ukvMI0c84e4

အခြား In stock ရနိုင်တဲ့ Dior perfume တွေကို https://www.yangonbrandedperfume.com/christian-dior မှာကြည့်နိုင်ပါတယ်။

Dior Sauvage Elixir 100ml

K869,000.00Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page