top of page

Dior Sauvage Elixir 60ml - K 619,900 (In stock)

 

Sauvage Elixir အကြောင်းကိုအမေးများတာက သူက Sauvage EDT/EDP နဲ့ ဘယ်လောက်တူသေးလဲဆိုတာပဲ ဖြစ်ပါတယ်။ ပုလင်းကိုမမြင်ပဲ အနံ့ကိုပဲစမ်းမယ်ဆိုရင် Elixir နဲ့ EDT နဲ့ ဆင်တူတာမို့ နှစ်မျိုးလုံးက Sauvage တွေဖြစ်တယ်ဆိုတာ ပြောနိုင်ပေမယ့် နှစ်မျိုးက မတူတဲ့ရေမွှေးတွေလည်းဖြစ်တယ်ဆိုတာကိုပါ သေချာပြောနိုင်ပါတယ်။

ဆက်ပြီး အချိန်ယူပြီး စမ်းမယ်ဆိုရင် EDT က fresh spicy ဖြစ်ပြီး Elixir က warm spicy ဖက်ကိုပိုနွယ်တဲ့ရနံ့လို့ ပြောလို့ရပါတယ်။ Elixir မှာ ပိုပြီးရနံ့ကနက်ရှိုင်းလာတယ်၊ base note တွေက EDT/EDP ထက်ပိုပြီး ပေါ်လွင်တောက်ပ ပိုပြီးရုပ်လုံးကြွပါတယ်။

 

Top Notes – Grapefruit, Cardamom, Nutmeg, Cinnamon

Middle Notes – lavender

Base Notes – Sandalwood, Liquorice, Patchouli, Amber, Vetiver

သုံးထားတဲ့ ingredient quality အရမ်းကောင်းတာကြောင့် လာဗင်ဒါ၊ ပယင်းနှင့် နွယ်ချို ရနံ့တွေကို scent spectrum တစ်ခုလုံးမှာ မှာပိုထင်ထင်ရှားရှားတွေ့ရမှာဖြစ်ပြီး နူးညံ့တဲ့သစ်သားရနံ့ကိုလည်း ဒီလိုပဲပိုပေါ်ပေါ်လွင်လွင် ခံစားရမှာပါ။

ဒါမျိုးရနံ့ကောင်းတွေနဲ့ top note မှာပါတဲ့ သစ်ကြံပိုးခေါက်၊ ဖာလာ၊ Nutmeg နှင့် Grapefruit ရနံ့တွေကို ထိတ်တန်း ပြင်သစ်ရေမွှေးပညာရှင် Francois Demachy က အလွန်ကောင်းမွန်တဲ့ blending method တွေနဲ့ ပေါင်းထားတာဖြစ်လို့ Elixir (မှော်ဆေး) လို့ ပေးထားတဲ့ နာမည်နဲ့ တကယ်လိုက်ဖက်အောင်ကို ကောင်းလွန်းပါတယ်။

https://www.yangonbrandedperfume.com/product-page/dior-sauvage-elixir-60ml

 

Francois Demachy က Dior မှာ ၂၀ဝ၆ ခုနှစ်ထဲက ပင်တိုင်ရေမွှေးပညာရှင်ဖြစ်ခဲ့ပြီး အဲဒီမတိုင်ခင်မှာ Chanel မှာ ၂၄ နှစ်တိုင်တိုင် လုပ်ခဲ့တဲ့ ကမ္ဘာ့ထိပ်တန်းပညာရှင်မို့ သူ့လက်ရာတွေ ထူးထူးခြားခြားကောင်းလွန်းနေတာ မဆန်းပါဘူး။

မြန်မာမှာလူတိုင်းနီးပါးသိတဲ့ Dior Homme, Miss Dior, Blooming Bouquet, Poison Girl, Midnight Poison, J'adore, Joy, Hypnotic Poison, Fahrenheit Le Parfum အပါအဝင် ရောင်းအားအကောင်းဆုံး ရေမွှေး ၂၀ဝ ကျော်ကိုဖန်တီးခဲ့သူရဲ့ လက်ရာမို့ ထွက်ထွက်ခြင်းကစပြီး ဒီနေ့အထိ high quality beast mode scent ရေမွှေးကြိုက်သူတွေရဲ့ first choice ဖြစ်နေတာပါ။

 

မူရင်း Sauvage EDT က အသက် ၂၀ က အသက် ၂၀ ကျော်လူငယ်တွေအတွက် ပိုသင့်ပြီး Elixir ကတော့ အသက် ၃၀ နဲ့အထက်လောက်သုံးရင် ပိုလိုက်ဖက်ပါမယ်။ Depth ရှိတဲ့ complexity ရှိတဲ့ အားသာချက်တွေရှိတဲ့အပြင် scent DNA က Sauvage DNA ပဲမို့ လူတိုင်းကြိုက်တဲ့ လူတိုင်းလက်ခံပြီးသားဖြစ်တဲ့ ရနံ့မို့ project လုပ်မှာ ရနံ့ဘေးလူကို အနှောက်အယှက်ဖြစ်မှာပူစရာမလိုပဲ စိတ်ချသုံးနိုင်ပါတယ်။

 

ဆိုဒ်က 60ml ပဲမို့မတန်ဖူးထင်တယ်ဆိုရင် ရေမွှေးရဲ့ concentration များတာမို့ (Elixir က EDP/Parfum တို့ထက် concentration များပါတယ်) တခြားသာမန်ရေမွှေးတွေရဲ့ တစ်ဝက်လောက်သာဖြန်းရုံနဲ့ ပိုသာတဲ့ longevity and projection ရတာကို စဉ်းစားလိုက်ရင် ပိုတောင်တန်နေပါသေးတယ်။

 

အခု လက်ရှိ in stock ရှိတဲ့ Sauvage Elixir ကို Yangon Branded က USA မှ ကိုယ်တိုင် တိုက်ရိုက်တင်သွင်းလာတာ ဖြစ်ပါတယ်။ ဝေခွဲမရဖြစ်နေသေးတယ် ဆိုရင် အောက် မှာ တစ်စုတစ်စည်းထဲ တင်ပေးထားတဲ့ international reviewer တွေရဲ့ review video တွေကိုကြည့်ပြီးမှ ဆုံးဖြတ်နိုင်ပါတယ်။

 

Reviews -

https://youtu.be/A4jBXQd-xuw

https://youtu.be/LN0s4aGkvag

https://youtu.be/aBEthzo6Xss

https://youtu.be/hA91xddlC3k

https://youtu.be/9RzJuYqcAfY

https://youtu.be/ukvMI0c84e4

 

အခြား In stock ရနိုင်တဲ့ Dior perfume တွေကို www.yangonbrandedperfume.com/christian-dior မှာကြည့်နိုင်ပါတယ်။

Dior Sauvage Elixir 60ml

K619,900.00Price
    bottom of page