Dolce & Gabbana Devotion Eau de Parfum for Women 150ml Refill Bottle - K 499,000 (In stock)
သံပုရာကိတ်မုန့်လေးတစ်ခုကို ဗနီလာခရင်မ်နဲ့ တွဲစားနေရသလို ခံစားရမယ့် ချစ်စရာရနံ့မျိုးပါ။
ပထမဆုံးဆွတ်လိုက်ရင် သံပုရာသီးအစစ်ရဲ့ ချဉ်စူးစူးအနံ့ထက် သကြားနဲ့စိမ်ထားတဲ့ သံပုရာသီးချိုချိုလေးလို ခံစားရပါတယ်။
🌿 သံပုရာအနံ့ကြောင့် အစပိုင်းမှာ လန်းဆန်းတဲ့ခံစားချက်ရှိပေမဲ့ ပုံမှန် Citrus ရေမွှေးတွေလို ပေါ့ပေါ့ပါးပါးနဲ့ အေးမြတဲ့ရနံ့မျိုးတော့ မဟုတ်ပါဘူး။ အချိုဓာတ်က အစကတည်းက ပါနေပါတယ်။
🌿 နောက်ပိုင်းမှာ လိမ္မော်ပန်းရနံ့၊ နို့နှစ်လို ခရင်မ်ရနံ့နဲ့ ရမ်ရဲ့ နွေးထွေးတဲ့အနံ့တို့ တဖြည်းဖြည်းပေါ်လာပါတယ်။ နောက်ဆုံးမှာတော့ ဗနီလာရနံ့က အဓိကကျန်ခဲ့ပြီး နူးညံ့ချိုမြိန်တဲ့ ခံစားချက်ကိုပေးပါတယ်။
✅ ဘယ်လိုအချိန်၊ ဘယ်လိုနေရာတွေမှာ သုံးသင့်လဲ ?
// ရုံးတက်တဲ့နေ့ – လေအေးပေးစက်ရှိတဲ့ ရုံးခန်းဆိုရင် သုံးဖို့ပိုကောင်းပါတယ်။
// Shopping ထွက်တဲ့အချိန် – Mall တွေလို အေးတဲ့နေရာတွေမှာ သင့်တော်ပါတယ်။
// သူငယ်ချင်းတွေနဲ့ ညစာစားချိန် – ချိုမြိန်ပြီး ရင်းနှီးချင်စရာကောင်းတဲ့ ရနံ့လေးဖြစ်စေပါတယ်။
// ချစ်သူနဲ့ချိန်းတွေ့တဲ့အချိန် – ဗနီလာနဲ့ နို့နှစ်ရနံ့ကြောင့် နွေးထွေးပြီး ချစ်စရာကောင်းတဲ့ ခံစားချက်ပေးနိုင်ပါတယ်။
// မင်္ဂလာပွဲ၊ အခမ်းအနား – အလွန်အကျွံမဆွတ်ဘဲ သင့်တင့်တဲ့ပမာဏနဲ့ သုံးနိုင်ပါတယ်။
နေ့ခင်းဘက် နေပူထဲမှာ အချိန်ကြာကြာသွားလာရမယ့်နေ့တွေဆိုရင်တော့ ပိုလန်းဆန်းတဲ့ Citrus သို့မဟုတ် Fresh Floral ရေမွှေးမျိုးကို ရွေးတာ ပိုသင့်တော်ပါလိမ့်မယ်။
Made in Italy
Sealed original packaging
Official website -
https://www.yangonbrandedperfume.com/product-page/dolce-and-gabbana-devotion
⛽ Refill Bottle ဆိုတာ ဘာလဲ
Refill bottle ဆိုတာက refillable လုပ်လို့ရတဲ့ ရေမွှေးပုလင်းထဲကို ပြန်ဖြည့်သုံးဖို့ တရားဝင် သီးသန့်ထုတ်ထားတဲ့ ပုလင်း ဖြစ်ပါတယ်။
✅ Refill Bottle ရဲ့ အဓိက အားသာချက်တွေက
// လက်ရှိ ကုန်ဈေးနှုန်းနဲ့ စီးပွားရေး အခြေအနေအရ ရေမွှေးပုလင်းအသစ်တစ်လုံး (Spray cap ပါတဲ့ Luxury ဖန်ပုလင်း) ကို ထပ်ဝယ်တာထက်စာရင် Refill bottle ဝယ်သုံးတာက ဈေးနှုန်း တဝက်လောက်ပိုသက်သာပါတယ်။
// မူလ refill ရေမွှေးပုလင်းကြီး မရှိရင်တောင်မှ Decant Sprayer (သို့) ခရီးဆောင် ရေမွှေးဘူး သေးသေးလေးတွေထဲကို လွယ်လွယ်ကူကူ ပြန်ဖြည့်ပြီး သုံးလို့ရပါတယ်။
// ပုံမှာ မြင်ရတဲ့အတိုင်း ခေါင်းပိုင်းမှာ ON/OFF twist lock စနစ် ပါဝင်တာကြောင့် မူလပုလင်းထဲ (သို့) Decant ဘူးထဲ ပြန်ထည့်တဲ့အခါ တန်ဖိုးကြီး ရေမွှေး မဖိတ်မစင်ဘဲ အလွယ်တကူ ပြန်ဖြည့်နိုင်ပါတယ်။
// ပုံထဲက နမူနာအတိုင်း 150ml Recharge bottle တစ်လုံးဟာ 50ml ရေမွှေးပုလင်း 3 လုံးစာ ပြန်ဖြည့်သုံးနိုင်တဲ့ ပမာဏ ပါပါတယ် (30ml/50ml Refillable ပုလင်းတွေတင်မကဘဲ 10ml Decant ဘူးလေးတွေကိုပါ အကြိမ်ကြိမ် ပြန်ဖြည့်လို့ရပါတယ်)
✅ ဘယ်လို စိတ်ကြိုက်သုံးစွဲသူတွေ ဝယ်သင့်သလဲ
// ကိုယ်ကြိုက်တဲ့ ရေမွှေးကို အမြဲမပြတ် စွဲသုံးလေ့ရှိသူများ
// မူလ Refillable ရေမွှေးပုလင်း ရှိသူများ (သို့) Decant Sprayer ဘူးလေးတွေနဲ့ပဲ သုံးချင်သူများ
// ရေမွှေးပုလင်းကြီး ဝယ်ဖို့ မလိုအပ်ဘဲ ပိုမို သက်သာတဲ့ ဈေးနှုန်းနဲ့ ပမာဏ များများ ရချင်သူများ
// သတိပြုဖို့က Refill bottle တွေကို တိုက်ရိုက်ဖြန်းဖို့ ထုတ်ထားတာ မဟုတ်ဘဲ မူလ ရေမွှေးပုလင်း (Refillable Bottle) သို့မဟုတ် Decant Sprayer ဘူးလွတ်လေးတွေထဲ ပြန်ဖြည့်ဖို့အတွက်သာ သီးသန့် ပြုလုပ်ထားတာ ဖြစ်ပါတယ်။
top of page
Mobile/Viber - 0943065356
Mobile - 09250511966
Email - yangonbranded@gmail.com
Discount alerts - Yangon Branded Perfume Shop
YANGON BRANDED
In business since 2011
ငွေဈေးတွေ အများကြီးတက်သွားတဲ့အတွက် အခုဝက်ဗဆိုဒ်ဈေးတွေ update မဖြစ်ပါဘူး။ Viber 0943065356 မှာ လက်ရှိဈေးနဲ့ stock update မေးနိုင်ပါတယ်။
MMK 499,000Price
bottom of page
