top of page

Lady Gaga Eau De Gaga Eau de Parfum (In stock / Made in Spain)

# 10ml decant (glass sprayer) - K 29,000

# 10ml decant (aluminium sprayer) - K 32,000

# 37ml decant (glass sprayer) - 99,000

ဒီရေမွှေးက Lady Gaga ရဲ့ ဒုတိယမြောက် ထွက်ရှိခဲ့တဲ့ ရေမွှေးဖြစ်ပြီး ပထမဆုံးထွက်တဲ့ "Fame" ထက်ပိုပြီး Quality ကောင်းတယ်လို့ အပြောများပါတယ်။ Discontinued ဖြစ်သွားပြီမို့ ဝယ်ရခက်တဲ့ ဆွဲအားပြင်း woody-floral အမျိုးအစား unisex ရေမွှေးဖြစ်ပါတယ်။

🌿 ပထမဆုံး ဖြန်းလိုက်တာနဲ့ Lime (သံပရာသီး) အနံ့ကို တန်းရမှာပါ။ ဒါပေမဲ့ သကြားလုံးလို ချိုအီအီ အနံ့မျိုးမဟုတ်ဘဲ လတ်လတ်ဆတ်ဆတ် သံပရာခွံကို ညှစ်လိုက်သလိုမျိုး နည်းနည်း "Sharp" ဖြစ်တဲ့ အနံ့ပါ။

🌿 ခဏနေရင်တော့ White Violet ရဲ့ ပန်းရနံ့လေးနဲ့ ပေါင်းသွားပြီး နောက်ဆုံးကျန်ခဲ့တဲ့ (Base Note) မှာတော့ Leather (သားရေ) နဲ့ Woody အနံ့လေး ကျန်ခဲ့ပါတယ်။ အဲဒီ Leather အနံ့က ဒီရေမွှေးကို ပိုပြီး "Sexy" ဖြစ်စေသလို ခန့်ခန့်ညားညား ရှိစေပါတယ်။

🌿 ဒါက တကယ့်ကို Unisex (ကျား/မ မရွေး) သုံးလို့ရတဲ့ အနံ့ပါ။ မိန်းကလေးတွေ ဆွတ်ရင်လည်း ခပ်မိုက်မိုက် ပုံစံပေါက်သလို၊ ယောက်ျားလေးတွေ ဆွတ်ရင်လည်း တည်တည်ငြိမ်ငြိမ်နဲ့ Clean ဖြစ်တဲ့ ပုံစံမျိုး ရပါတယ်။ Fragrantica က Review တွေအရဆိုရင် ယောက်ျားလေးတွေ ပိုကြိုက်ကြတာကို တွေ့ရပါတယ်။

🌀 သူက အချိုနံ့တွေ (Sweet/Fruity) ကို ငြီးငွေ့နေတဲ့သူတွေ၊ သံပရာနံ့ ခပ်လန်းလန်းနဲ့ Leather နံ့ ခပ်မိုက်မိုက်ကို ကြိုက်တဲ့သူတွေအတွက်ပါ။

အခုနောက်ပိုင်း ဝယ်ဖို့ အရမ်းခက်သွားပြီဖြစ်လို့ decant ပဲရပါတော့တယ်။

တကယ်လို့ ကိုယ်က "Boss Babe" Look မျိုး ဒါမှမဟုတ် Clean ဖြစ်တဲ့ "Classy" အနံ့မျိုးကို ဈေးမကြီးဘဲ ရချင်တယ်ဆိုရင် ဒါက လက်မလွှတ်သင့်တဲ့ ရေမွှေးတစ်လက်ပါပဲ။

Official website -

https://www.yangonbrandedperfume.com/product-page/eau-de-gaga

// Decant ဆိုတာက ကျွန်တော်တို့ဆီမှာရောင်းတဲ့ 100ml, 200ml စတဲ့ ပုလင်းအကြီး (Full-size Original Bottle) တွေထဲကနေ ပမာဏနည်းနည်းကို ပုလင်းအသေးလေးတွေ (ဥပမာ 10ml, 30ml) ထဲ ပြန်ခွဲထည့်ထားတာကို ခေါ်တာပါ။

💡 Decant တွေကို ဘာလို့သုံးသင့်လဲ?

✔️ ပုလင်းအကြီး မဝယ်ခင် အနံ့ကိုအရင် စမ်းသုံးကြည့်လို့ရတယ်။

✔️ အိတ်ထဲ၊ အိတ်ကပ်ထဲထည့်ပြီး သယ်သွားရတာ ပေါ့ပေါ့ပါးပါးနဲ့ အဆင်ပြေတယ်။

✔️ ဈေးကြီးတဲ့ရေမွှေးတွေကို ဈေးသက်သက်သာသာနဲ့ စမ်းသုံးခွင့်ရတယ်။

❗သိထားသင့်တဲ့ အချက်လေးတွေ

👉 Original ဘူးခွံ၊ ပုလင်းလှလှလေးတွေ မပါတဲ့အတွက် လက်ဆောင်ပေးဖို့တော့ အဆင်မပြေပါဘူး။

👉 ကိုယ်တိုင်စမ်းသုံးဖို့ (testing) ဒါမှမဟုတ် အလွယ်တကူ ပေါ့ပေါ့ပါးပါးသုံးဖို့အတွက်ပဲ ရည်ရွယ်ပါတယ်။

Lady Gaga Eau De Gaga Eau de Parfum Unisex 10ml / 37ml Decant

K29,000.00Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page