Calvin Klein Endless Euphoria Eau de Parfum for Women (In stock)
# 10ml decant (glass sprayer) - K 26,000
# 10ml decant (aluminium sprayer) - K 29,000
# 37ml decant (glass sprayer) - K 89,000
Calvin Klein ရဲ့ Endless Euphoria က နွေရာသီမှာ ရုံးခန်းထဲ (Aircon ခန်းထဲ) အေးအေးဆေးဆေး အလုပ်လုပ်ရတဲ့ sis တို့အတွက် အရမ်းကို လိုက်ဖက်တဲ့ ရနံ့လေးပါ။ မူရင်း Euphoria ထက်စာရင် သူက ပိုပြီး ပေါ့ပေါ့ပါးပါးရှိတယ်၊ လန်းဆန်းတယ်၊ ပြီးတော့ ပိုပြီး မိန်းကလေးဆန်တဲ့ vibes ကို ပေးပါတယ်။
🌿 စစချင်း ဆွတ်လိုက်တာနဲ့ Cherry Blossom (ချယ်ရီပန်း) ရနံ့လေးကို အားရပါးရ ရမှာပါ။ သူ့ကို Mandarin နဲ့ Bergamot တို့လို လိမ္မော်နွယ်ဝင် ရနံ့လေးတွေနဲ့ တွဲထားတော့ အချိုဘက်ထက် အေးအေးလန်းလန်းလေးနဲ့ စဖွင့်ပေးပါတယ်။
🌿 ခဏကြာလို့ ရနံ့လေး ငြိမ်သွားရင်တော့ Rose (နှင်းဆီ) နဲ့ Violet (ဗိုင်အိုလက်) ပန်းရနံ့လေးတွေက ပိုပေါ်လာပါတယ်။ ဒါပေမဲ့ ပြင်းပြင်းကြီးမဟုတ်ဘဲ ရေမွှေးနာမည်အတိုင်းပဲ နူးညံ့တဲ့ ပန်းရနံ့သင်းသင်းလေးကို တော်တော်ကြာကြာလေး ခံစားရမှာပါ။
🌿 နောက်ဆုံးမှာတော့ Bamboo (ဝါးနံ့သင်းသင်း)၊ Musk နဲ့ Sandalwood တို့က အောက်ခံအနေနဲ့ ပါဝင်တဲ့အတွက် ပန်းရနံ့လေးက ပြန့်မသွားဘဲ Skin ပေါ်မှာ သန့်သန့်လေးနဲ့ ကျန်ခဲ့စေပါတယ်။
🌿 Versace Bright Crystal/ Chanel Chance Eau Tender နဲ့ Miss Dior Blooming Bouquet တွေကိုသုံးတဲ့သူတွေက ဒီရေမွှေးကိုလည်း ကြိုက်ကြပါတယ်။
🌀 ဘာလို့ ရုံးသွားရင်း ဆွတ်ဖို့ ကောင်းတာလဲ?
နွေရာသီမှာ ရုံးခန်းထဲ Aircon နဲ့ နေရတဲ့အခါ အရမ်းပြင်းတဲ့ ရနံ့တွေက တစ်ခါတလေ ကိုယ့်ဘေးကလူကို အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။ Endless Euphoria ကတော့ ပေါ့ပေါ့ပါးပါးနဲ့ အေးအေးလေးဆိုတော့ ဘေးကလူကို မနှောင့်ယှက်သလို၊ ကိုယ်တိုင်လည်း လန်းဆန်းနေစေမှာပါ။ အထူးသဖြင့် ချွေးထွက်တဲ့အချိန်မှာတောင် ဒီရနံ့က အရမ်းအဆင်ပြေပါတယ်။
🌀 ဘယ်နှစ်ချက်လောက်သုံးသင့်သလဲ?
ရုံးကိုရောက်တာနဲ့ သုံးချက် ဖြန်းလိုက်ရင်လုံလောက်ပါတယ်။ ရုံးဆင်းတဲ့အထိ ရနံ့သင်းနေချင်ရင်တော့ နေ့လည်ပိုင်းမှာ နောက်ထပ်သုံးချက်လောက် ထပ်ဆွတ်ပေးဖို့ လိုပါမယ်။
နွေရာသီအတွက် Clean & Fresh ဖြစ်တဲ့ ပန်းရနံ့လေးကိုမှ ရှာနေတာဆိုရင် CK Endless Euphoria က ရွေးချယ်သင့်တဲ့ထဲမှာ ပါပါတယ်။ ရုံးတက်ရတာ စိတ်ဖိစီးနေရင်တောင် ဒီလိုအေးမြတဲ့ရနံ့လေးက စိတ်ကို တည်ငြိမ်စေပါလိမ့်မယ်။
10ml / 37ml Decant တွေပဲ ရပါမယ်။
Official website -
https://www.yangonbrandedperfume.com/product-page/endless-euphoria
// Decant ဆိုတာက ကျွန်တော်တို့ဆီမှာရောင်းတဲ့ 100ml, 200ml စတဲ့ ပုလင်းအကြီး (Full-size Original Bottle) တွေထဲကနေ ပမာဏနည်းနည်းကို ပုလင်းအသေးလေးတွေ (ဥပမာ 10ml, 37ml) ထဲ ပြန်ခွဲထည့်ထားတာကို ခေါ်တာပါ။
💡 Decant တွေကို ဘာလို့သုံးသင့်လဲ?
✔️ ပုလင်းအကြီး မဝယ်ခင် အနံ့ကိုအရင် စမ်းသုံးကြည့်လို့ရတယ်။
✔️ အိတ်ထဲ၊ အိတ်ကပ်ထဲထည့်ပြီး သယ်သွားရတာ ပေါ့ပေါ့ပါးပါးနဲ့ အဆင်ပြေတယ်။
✔️ ဈေးကြီးတဲ့ရေမွှေးတွေကို ဈေးသက်သက်သာသာနဲ့ စမ်းသုံးခွင့်ရတယ်။
❗သိထားသင့်တဲ့ အချက်လေးတွေ
👉 Original ဘူးခွံ၊ ပုလင်းလှလှလေးတွေ မပါတဲ့အတွက် လက်ဆောင်ပေးဖို့တော့ အဆင်မပြေပါဘူး။
👉 ကိုယ်တိုင်စမ်းသုံးဖို့ (testing) ဒါမှမဟုတ် အလွယ်တကူ ပေါ့ပေါ့ပါးပါးသုံးဖို့အတွက်ပဲ ရည်ရွယ်ပါတယ်။
တစ်ခြား ရွေးချယ်စရာ ဒီလို ပန်းရနံ့ထက်စာရင် နည်းနည်းပိုပြီး အသီးရနံ့ဘက် (Fruity) သွားတာမျိုး ကြိုက်တယ်ဆိုရင်တော့ Calvin Klein ရဲ့ Euphoria EDP original version ကိုလည်း စမ်းကြည့်လို့ ရပါတယ်နော်။
top of page
Mobile/Viber - 0943065356
Mobile - 09250511966
Email - yangonbranded@gmail.com
Discount alerts - Yangon Branded Perfume Shop
YANGON BRANDED
In business since 2011
ငွေဈေးတွေ အများကြီးတက်သွားတဲ့အတွက် အခုဝက်ဗဆိုဒ်ဈေးတွေ update မဖြစ်ပါဘူး။ Viber 0943065356 မှာ လက်ရှိဈေးနဲ့ stock update မေးနိုင်ပါတယ်။
K26,000.00Price
bottom of page
