top of page

Escada Magnetism Eau de Parfum for Women 75ml - K 219,000 (In stock)

Escada Magnetism ရေမွှေးလေးကတော့ နည်းနည်း ရဲတင်းတယ် ချိုတယ် ပြီးတော့ ဆွဲဆောင်မှုရှိတဲ့ ရနံ့လေးဖြစ်ပါတယ်။ ပျော်ပျော်နေတတ်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိတဲ့ မိန်းကလေးတွေနဲ့ အလိုက်ဖက်ဆုံးပါ။

ဒီရေမွှေးလေးက အဓိက ချိုချိုမွှေးမွှေး Gourmand ရနံ့အုပ်စုထဲမှာပါတယ်။ နွေးနွေးထွေးထွေးလေးနဲ့ ခေတ်ဆန်ဆန်လည်း ဖြစ်တော့ ကိုယ်ရေမွှေးဆွတ်ထားတာကို ဘေးလူတွေသိစေချင်တဲ့သူတွေ ရေမွှေးနံ့လေးကို ထင်ထင်ရှားရှားဖြစ်ချင်တဲ့သူတွေအတွက် အကောင်းဆုံးပဲ။

ရနံ့အမျိုးအစား (Scent Profile)

// (Top Notes): Blackcurrant, Red Berries, Pineapple, Melon, Litchi

// (Heart Notes): Jasmine, Magnolia, Iris, Green Leaves, Basil, Rose

// (Base Notes): Vanilla, Caramel, Sandalwood, Patchouli, Musk

Escada Magnetism ကို စဖျန်းလိုက်တာနဲ့ စားချင်စရာအနီရောင်ဘယ်ရီသီးရနံ့ နဲ့ နာနတ်သီး သခွားမွှေးသီး လိုက်ချီသီးရနံ့တွေပေါင်းထားတဲ့ ချိုချိုမွှေးမွှေးအနံ့က ချက်ချင်းထွက်လာတာပဲ။ အဲ့ဒါက အစပိုင်းမှာ သကြားလုံးလို ချိုမြတဲ့ ခံစားချက်မျိုးကိုပေးတာပေါ့။

နည်းနည်းကြာသွားရင် Jasmine နဲ့ Magnolia လို ပန်းရနံ့လေးတွေက မိန်းမဆန်ဆန် နူးညံ့တဲ့အထိအတွေ့ကို ထပ်ဖြည့်ပေးတယ်။ နောက်ဆုံးမှာတော့ နွေးထွေးပြီး စွဲမက်စရာ Vanilla, Caramel တို့လို မွှေးကြိုင်တဲ့အနံ့တွေနဲ့ Patchouli ရဲ့ မြေကြီးအနံ့သင်းသင်းလေးက ပေါင်းစပ်ပြီး လုံးဝကို ဆွဲဆောင်မှုရှိပြီး နွေးထွေးတဲ့ အဆုံးသတ်မျိုးကို ရစေတာ။

ဘယ်လိုလူမျိုးနဲ့ သင့်တော်လဲ?

ဒီရေမွှေးက ကိုယ့်ရဲ့ ဆွဲဆောင်မှုရှိတဲ့ အပိုင်းကို ဖော်ထုတ်ချင်တဲ့ မိန်းကလေးတွေအတွက် တကယ်ကို အဆင်ပြေတာနော်။

လူကြားထဲမှာ ထင်ပေါ်ချင်တဲ့၊ ပျော်ပျော်နေတတ်တဲ့၊ sexy ကျတဲ့ မိန်းကလေးတွေနဲ့ လိုက်ဖက်တယ်။ Date ညတွေ၊ သူငယ်ချင်းတွေနဲ့ အပြင်သွားတဲ့ညတွေ၊ ဒါမှမဟုတ် ရာသီဥတုအေးတဲ့အချိန်တွေမှာ နွေးနွေးထွေးထွေးနဲ့ ချိုမြတဲ့ ရနံ့လေးကို ဖြန်းထားချင်ရင် ဒါမျိုးက အကောင်းဆုံးပဲ။

Gourmand ရနံ့ကို ကြိုက်တဲ့သူတွေနဲ့ ပန်းရနံ့လေး နည်းနည်းပါတာကို သဘောကျတဲ့သူတွေဆိုရင် ပိုပြီး ကြိုက်မှာသေချာတယ်။

ဘယ်အချိန်မှာ သုံးသင့်လဲ?

ချစ်သူနဲ့ Date တဲ့ရက်တွေ၊ ညဘက် အပြင်သွားတဲ့အခါမျိုးတွေမှာ လေအေးပေးစက်ရှိတဲ့နေရာမျိုးတွေ သွားတဲ့အခါမျိုးတွေနဲ့ အလိုက်ဖက်ဆုံးပဲ။ ဒီရေမွှေးရဲ့ ပြင်းရှတဲ့ ချိုမြတဲ့ အနံ့ကြောင့် နေပူထဲမှာ လျှောက်သွားတဲ့အခါတော့သိပ်လိုက်မှာ မဟုတ်ပါဘူးနော်။ Aircon ရှိတဲ့ရုံးမှာလည်း နေ့တိုင်းသုံးဖို့ဆိုရင် အဆင်ပြေတယ်နော်။

ကိုယ့်ရဲ့ personality က ရဲတယ်၊ cute ဖြစ်တယ်၊ ပြီးတော့ ဆွဲဆောင်မှုရှိတဲ့ ရေမွှေးကို Gourmand အနံ့လေးနဲ့ ပေါင်းထားတာမျိုး ကြိုက်တယ်ဆိုရင် Escada Magnetism က ကိုယ်နဲ့လိုက်မှာဖြစ်တဲ့ ရေမွှေးကောင်းလေးပါပဲ။

အသက် ၂၀ အထက် ဘယ်သူမဆို သုံးနိုင်ပြီး Dior Hypnotic Poison, Mugler Alien နဲ့ Chanel Coco Mademoiselle တို့လို classy ဖြစ်တဲ့ ရနံ့တွေကို ကြိုက်တဲ့သူတွေလဲ office use အနေနဲ့ သုံးဖို့ recommend လုပ်ပါတယ်။

Made in Spain

Sealed original retail packaging

Official website -

https://www.yangonbrandedperfume.com/product-page/escada-magnetism

Escada Magnetism Eau de Parfum for Women 75ml

K219,000.00Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page