Estee Lauder Beautiful Eau De Parfum for Women (In stock)
# 10ml decant - K 39,000
# 5ml decant - K 25,000
# 75ml full size - out of stock
ဒီ classic floral fragrance လေးက the fragrance of a thousand flowers (ပန်းတစ်ထောင်ရဲ့ အနံ့) လို့တင်စားပြီးအခေါ်ခံရတဲ့အတိုင်း ပန်းမျိုးစုံရဲ့ရနံ့တွေကို သယ်လာတဲ့ ချစ်စရာလှပတဲ့ အနံ့တစ်မျိုးပါ။
*Estée Lauder Beautiful Eau de Parfum*
က ပန်းပွင့်တွေရဲ့ အနံ့လေးတွေ ဖြစ်တဲ့ *နှင်းဆီ၊ ကြာပန်း၊ tuberose နဲ့ orange flower* တို့ကို သံပုရာရဲ့ လန်းဆန်းတဲ့ အနံ့လေးနဲ့ ရောစပ်ထားပြီး၊ *sandalwood၊ vetiver နဲ့ amber* တို့ရဲ့ နွေးထွေးတဲ့ အနံ့တွေနဲ့ ရေမွှေးကိုကြာကြာခံစေပြီးတော့ ချောမွေ့စေပါတယ်။ ဒါမျိုးရနံ့က ရိုးရှင်းပြီး လှပတဲ့ အမျိုးသမီးတိုင်းအတွက် သုံးလို့အဆင်ပြေမယ့် ရနံ့တစ်မျိုးပါ။
ပန်းရနံ့ floral scent perfume တွေကို ကြိုက်တတ်သူတွေ / Chanel Coco Noir လိုမျိုး Vintage style အနံ့တွေကို သဘောကျတတ်သူတွေ / ချစ်စရာကောင်းတဲ့ ပန်းနံ့လေးကို နေ့တိုင်းသုံးချင်သူတွေ ဒါမှမဟုတ် မင်္ဂလာဆောင်လို special occasion မှာ အမှက်တရဖြစ်စေမယ့်ရနံ့ တစ်ခုခုသုံးချင်တဲ့သူတွေ အတွက် Estée Lauder Beautiful ရဲ့ quality နဲ့ performance က Chanel လို luxury brand တွေနဲ့ ယှဉ်လို့ရပါတယ်။
ဒါပေမယ့် ဈေးနှုန်းက Chanel ရေမွှေးတွေထက် အများကြီးသက်သာပါတယ်။ Quality ကောင်းပြီး ရေမွှေးအတွက်ပိုက်ဆံအရမ်းမသုံးချင်လို့ စျေးအရမ်းကြီးတဲ့ အနံ့တွေကို မဝယ်ချင်သူတွေအတွက် အကောင်းဆုံး ရွေးချယ်မှုပါ။ Aircon ရှိတဲ့အခန်းမှာ ရာသီမရွေး အသုံးပြုလို့ရတဲ့ ဒီအနံ့လေးက သုံးတဲ့သူကိုလန်းဆန်းတက်ကြွစေမှာပါ။
*Fragrance Notes*
- Top Notes : နှင်းဆီ၊ သံပုရာ၊ ကြာပန်း၊ tuberose နဲ့ marigold တို့ရဲ့ လန်းဆန်းတဲ့ အနံ့
- Middle Notes : Orange flower၊ muguet၊ jasmine နဲ့ ylang-ylang တို့ရဲ့ ချစ်စရာ အနံ့
- Base Notes : Sandalwood၊ vetiver နဲ့ amber တို့ရဲ့ နွေးထွေးတဲ့ အနံ့
*Recommended Age Range*
ရေမွှေးတိုင်းက ရနံ့ကြိုက်ရင်သုံးလို့အဆင်ပြေပေမယ့် အခုလို floral classic type ရေမွှေးတွေဆိုရင် အသက် ၃၀ နဲ့အထက်အမျိုးသမီးတွေ အထူးသဖြင့်မြန်မာဝတ်စုံကို ရုံးဝတ်စုံအနေနဲ့ ဝတ်တတ်တဲ့အမျိုးသမီးတွေနဲ့ပိုပြီးလိုက်ဖက်မယ်လို့ထင်ပါတယ်။ Chanel Coco Noir, Guerlain Shalima နဲ့ Dior Poison ရေမွှေးတွေကြိုက်တဲ့သူဆိုရင် သဘောကျမယ့် ရနံ့မျိုးဖြစ်ပြီး with formal dress and office use အနေနဲ့သုံးဖို့ recommend လုပ်ပါတယ်။
Made in France
https://www.yangonbrandedperfume.com/product-page/estee-lauder-beautiful-decant
top of page
Mobile/Viber - 0943065356
Mobile - 09250511966
Email - yangonbranded@gmail.com
Discount alerts - Yangon Branded Perfume Shop
YANGON BRANDED
In business since 2011
ငွေဈေးတွေ အများကြီးတက်သွားတဲ့အတွက် အခုဝက်ဗဆိုဒ်ဈေးတွေ update မဖြစ်ပါဘူး။ Viber 0943065356 မှာ လက်ရှိဈေးနဲ့ stock update မေးနိုင်ပါတယ်။
K39,000.00Price
bottom of page