top of page

ဖြန်းလိုက်တာနဲ့ စိတ်ကိုလန်းဆန်းသွားစေမယ့် Mont Blanc ရဲ့ နာမည်ကြီး Explorer Series ထဲကမှ အပြာရောင်ပုလင်းလေးဖြစ်ပါတယ်။

Mont Blanc Explorer Ultra Blue Eau de Parfum for Men 100ml Tester Packaging - K 239,000 (In stock)

🌿 သူကက Original Explorer နဲ့ မတူဘဲ ပုလင်းအရောင်အတိုင်းပဲ ပင်လယ်ပြင်ရဲ့ လတ်ဆတ်မှုကို အပြည့်အဝပေးတဲ့ Citrus Marine Woody ဘက်ကို သွားပါတယ်။

// Italian Bergamot နဲ့ Pink Pepper တို့ရဲ့ citrus spicy ရနံ့ လေးတွေက စဖွင့်ချင်းမှာတင် တက်ကြွလန်းဆန်းစေပါတယ်။ Pink Pepper ပါပေမယ့် spice note မပြင်းပဲ ခပ်ရှိန်းရှိန်း အေးအေးလေးဖြစ်နေတာက သဘောကျစရာပါ။

// Heart Note မှာပါတဲ့ Marine Accord က ပင်လယ်လေညင်းလေးလို ခံစားချက်ကို ပေးပါတယ်။

// နဲနဲကြာသွားတဲ့အခါ Patchouli နဲ့ Woody note တို့က ရနံ့ကို တည်ငြိမ်သွားအောင် ထိန်းပေးထားပါတယ်။

✅ အနံ့က အရမ်းပြင်းပြီး ခေါင်းနောက်တာမျိုး မရှိဘဲ ဘေးကလူကိုပါ အေးမြတဲ့ ခံစားချက် ပေးပါတယ်။

✅ ရုံးတက်တဲ့အခါပဲဖြစ်ဖြစ်၊ အပြင်သွားတဲ့အခါပဲဖြစ်ဖြစ် နေ့စဉ်သုံးဖို့ (Daily Wear) အတွက် အကောင်းဆုံးထဲမှာ ပါပါတယ်။

Made in France

Tester packaging

Official website -

https://www.yangonbrandedperfume.com/product-page/explorer-ultra-blue

✅ Tester Packaging ကတော့ ပုံမှန် Box အပြာအလှမဟုတ်ဘဲ အညိုရောင်ကတ်ထူဘူးနဲ့ လာပါတယ်။ ဘူးပေါ်မှာ Tester ဆိုတဲ့ စာသား ပါပါမယ်။ ဘူးကသာ ရိုးရိုးလေးဖြစ်ပေမယ့် ပုလင်းကတော့ Original အတိုင်း Leather wrap အပြာရောင်လေးနဲ့ အရမ်းမိုက်ပါတယ်။ Brand အစစ်ကို ဈေးသက်သက်သာသာနဲ့ သုံးချင်သူတွေအတွက် ဒီ Tester Packaging က တကယ့်ကို Good Choice ပါပဲ။

အခြား in stock ရှိတဲ့ Mont Blanc ရေမွှေးတွေကို https://www.yangonbrandedperfume.com/mont-blanc မှာကြည့်နိုင်ပါတယ်

Mont Blanc Explorer Ultra Blue Eau de Parfum for Men 100ml Tester Packaging

MMK 239,000Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page