top of page

Salvatore Ferragamo F Black EDT Perfume for Men 100ml - K 185,000 (In stock)

ရေမွှေးလောကမှာ တကယ့်ကို ဈေးလည်းတန်ပြီး အနံ့ကလည်း တန်ဖိုးကြီးတဲ့ vibe ပေးနိုင်တဲ့ hidden gem တစ်ခုပါ။

ဒီရေမွှေးက တကယ့်ကို 'bang for your buck' လို့ ပြောလို့ရတဲ့ masterpiece တစ်ခုဖြစ်ပြီး ပထမဆုံး ဖြန်းလိုက်တာနဲ့ lavender နဲ့ ပန်းသီး (apple) နံ့က အေးအေးလေးနဲ့ လန်းသွားစေတယ်။

ဒါပေမဲ့ ခဏနေရင် ငရုတ်ကောင်း (black pepper) ရဲ့ စပ်စပ်လေးနဲ့ တကယ့် ယောက်ျားပီသတဲ့ vibe က တက်လာပါတယ်။ အဲဒီ spicy ဖြစ်တဲ့ အပိုင်းက ဒီရေမွှေးကို ပိုပြီး စွဲဆောင်မှုရှိစေတာဖြစ်ပြီး နောက်ဆုံး dry down မှာတော့ tonka bean ကြောင့် ခပ်နွေးနွေး ဆွဲဆောင်မှုရှိတဲ့ အနံ့လေး ကျန်ခဲ့မှာပါ။

အများစုက ဒါကို YSL ရဲ့ La Nuit de L'homme နဲ့ ခပ်ဆင်ဆင်လို့ ပြောကြတယ်။ ဒါပေမဲ့ F Black က ပိုပြီး spicy ဖြစ်ပြီး ပိုပြီး 'sharp' ဖြစ်တဲ့ ပုံစံမျိုးပါ။

ဘယ်အချိန်တွေမှာ သုံးသင့်လဲဆိုရင် တကယ့် date night ရေမွှေးပါပဲလို့ ပြောရမှာပါ။ ညဘက် အပြင်သွားတာပဲဖြစ်ဖြစ်၊ ပွဲတက်တာပဲဖြစ်ဖြစ် ဆွတ်သွားရင် ပိုပြီး ရင့်ကျက်ပြီး confidence ရှိတဲ့ လူတစ်ယောက်အဖြစ် မြင်စေမှာဖြစ်ပါတယ်။ Aircon ရှိတဲ့နေရာတွေနဲ့ အေးတဲ့ ရာသီဥတု ဒါမှမဟုတ် ညဘက်တွေမှာ သုံးတာအကောင်းဆုံးပါပဲ။

F Black က တကယ့်ကို 'sophisticated' ဖြစ်တဲ့ အနံ့မျိုးပါ။ ဈေးနှုန်းက တော်တော်လေး သက်သာပေမဲ့ အနံ့ကတော့ တကယ့် designer level အဆင့်မြင့်တဲ့ အငွေ့အသက်ကို ပေးတယ်။ နည်းနည်း စပ်စပ်လေးနဲ့ ဆွဲဆောင်မှုရှိတဲ့ (spicy & sexy) အနံ့မျိုးကို ရှာနေတယ်ဆိုရင် ဒါက လုံးဝ လက်မလွှတ်သင့်တဲ့ အီတလီ ရေမွှေး တစ်ခုပါပဲ။

ဒီရေမွှေးရဲ့ perfumer က Chanel ရဲ့ပင်တိုင် perfumer ဖြစ်တဲ့ Olivier Polge ဖြစ်ပါတယ်။ သူက Bleu de Chanel Parfum, Chanel Chance Eau Fraiche EDP, Chanel Chance Eau Tendre EDP, Chanel Chance Eau Vive, Chanel Coco Mademoiselle Intense အပါအဝင် Chanel ရေမွှေးတွေအများကြီး / Clinique Happy Heart / Dolce and Gabbana The One For Men EDP and EDT / Jimmy Choo EDP အပါအ၀င် Jimmy Choo ရေမွှေးတွေ အများကြီး / Lancome La Vie Est Belle series တစ်ခုလုံး / Paco Rabanne Invictus/ Valentino Uomo/ V&R Spicebomb နဲ့ Flowerbomb / Burberry The Beat for Women and Men အပါအဝင် ကမ္ဘာကျော် ရေမွှေး ၁၅၉ ခုရဲ့ လက်ရာရှင်လဲ ဖြစ်လို့ scent profile and quality ကောင်းမှာကို မျက်စိမှိတ်ယုံလို့ရပါတယ်။

 

Made in Italy

Sealed original retail packaging

Official website -

https://www.yangonbrandedperfume.com/product-page/ferragamo-f-black

Salvatore Ferragamo F Pour Homme Black EDT for Men 100ml

K185,000.00Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page