top of page

Salvatore Ferragamo Incanto Bloom EDT Perfume for Women 100ml - K 199,000 (In stock)

ဘတ်ဂျက်သိပ်မများဘဲ (၂) သိန်းအောက်နဲ့ အီတလီ Designer Brand စစ်စစ်ကို သုံးချင်တဲ့သူတွေအတွက် အရမ်းတန်တဲ့ Salvatore Ferragamo ရဲ့ Incanto Bloom

အခုလို အရာရာဈေးကြီးနေတဲ့ အခြေအနေမျိုးမှာ ၂ သိန်းအောက် ဘတ်ဂျက်နဲ့ နာမည်ကြီး အီတလီ Brand တစ်ခုကို ရဖို့ဆိုတာ တော်တော်လေး ရှားပါတယ်။ ဒါပေမယ့် ဒီ Incanto Bloom လေးကတော့ ဈေးနှုန်းအရမ်းတန်သလို၊ Quality ပိုင်းမှာလည်း စိတ်ချရလို့ နေ့စဉ်သုံးဖို့အတွက် အကောင်းဆုံး ရွေးချယ်မှုတစ်ခု ဖြစ်စေမှာပါ။

ဒီရက်ပိုင်း သြဂုတ်လရဲ့ မိုးရာသီ စိုစွတ်အိုက်စပ်တဲ့ ရာသီဥတုမျိုးမှာဆိုရင် အနံ့ပြင်းပြင်းတွေ၊ အချိုကဲတဲ့ ရေမွှေးတွေက လူကို မူးဝေစေပြီး ခေါင်းကိုက်စေနိုင်ပါတယ်။ Incanto Bloom လေးကတော့ ပေါ့ပေါ့ပါးပါးနဲ့ လန်းဆန်းစေတဲ့ Floral အနံ့လေးဖြစ်လို့ မိုးရာသီနဲ့ အရမ်းကို လိုက်ဖက်ပါတယ်။ ရေချိုးပြီးခါစ လန်းဆန်းသွားတဲ့ ခံစားမှုကို ရရှိစေပြီး စိတ်ကို ကြည်လင်စေပါတယ်။

Fragrance Notes

Freesia ပန်းနဲ့ Grapefruit Blossom (ကျွဲကောပန်း) အနံ့လေးတွေ ပါဝင်လို့ စဖြန်းလိုက်တာနဲ့ လန်းဆန်းတက်ကြွတဲ့ ခံစားမှုကို ပေးပါတယ်။ Tea Rose (နှင်းဆီ) နဲ့ Champaca (စံပယ်/စကားဝါ) ပန်းရနံ့လေးတွေက အမျိုးသမီးဆန်ဆန် သိမ်မွေ့တဲ့ အငွေ့အသက်ကို ရစေပါတယ်။ White Musk နဲ့ Cashmere Wood ပါတဲ့အတွက် အနံ့လေးက အေးအေးလေးနဲ့ အသားထဲစိမ့်ဝင်သွားပြီး ဆွဲဆောင်မှုရှိတဲ့ အနံ့လေး ကျန်ခဲ့မှာပါ။

ဘယ်လိုလူတွေ သုံးသင့်လဲ -

// နေ့စဉ် ရုံးသွား၊ ကျောင်းသွား ပေါ့ပေါ့ပါးပါး သုံးချင်သူများ

// အနံ့ပြင်းတာတွေ မကြိုက်ဘဲ သန့်သန့်လေးနဲ့ သိမ်မွေ့တဲ့ ပန်းရနံ့ကို နှစ်သက်သူများ

// ဘတ်ဂျက် (၂) သိန်းအောက်နဲ့ Quality ကောင်းတဲ့ Designer Brand ကို ရှာနေသူများ အတွက် အထူးသင့်တော်ပါတယ်။

လက်ဆောင်ပေးဖို့ဝယ်မယ်ဆိုရင်လည်း အီတလီနိုင်ငံလုပ်ရေမွှေးဖြစ်တဲ့အပြင် ပုလင်းဒီဇိုင်းနဲ့ ဗူးဒီဇိုင်းလေးတွေကလဲ တော်တော်လှတဲ့အတွက် စျေးသိပ်မများဘဲနဲ့ လက်ဆောင်ပေးလို့ တော်တော်လေးခန့်ညားတဲ့ ရေမွှေးတစ်ခုဖြစ်ပါတယ်။

Made in Italy

Original sealed retail packaging

Official website -

https://www.yangonbrandedperfume.com/product-page/ferragamo-incanto-bloom

Salvatore Ferragamo Incanto Bloom EDT Perfume for Women 100ml

MMK 199,000Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page