Ferrari Man in Red EDT Perfume for Men
# 10ml ဒီကန့်တ် (glass sprayer) - K 27,000
# 10ml ဒီကန့်တ် (aluminium sprayer) - K 30,000
# 37ml ဒီကန့်တ် (glass sprayer) - K 89,000
အခုလို မိုးရွာပြီး အေးစိမ့်စိမ့်ဖြစ်နေတဲ့ ရာသီမှာ စိတ်ကိုကြည်လင်လန်းဆန်းသွားစေမဲ့ အီတလီနိုင်ငံလုပ် Ferrari Man in Red အမျိုးသားရေမွှေးလေးပါ။
🌿 ပန်းသီး၊ သံပယို၊ ဖာလာစေ့၊ Golden plum၊ လိမ္မော်ပွင့်နဲ့ Cedarwood ရနံ့တွေ ပေါင်းစပ်ထားလို့ ချိုချိုမွှေးမွှေးလေးနဲ့ အနံ့ခံလို့ တော်တော်ကောင်းပါတယ်။ Longevity ပိုင်းမှာလည်း စိတ်ချရအောင် ကောင်းမွန်တဲ့ ရလဒ်ကို ပေးပါတယ်။
✅ Mont Blanc Legend Intense၊ Lacoste L.12.12၊ Paco Rabanne Invictus ရေမွှေးတွေလို နဲနဲချိုတဲ့ ရေမွှေးတွေကို ကြိုက်ရင်ဒီရေမွှေးကိုလဲကြိုက်မှာပါ။
✅ မိုးအေးအေးမှာ Aircon ရှိတဲ့ ရုံးခန်းထဲမှာပဲ အလုပ်လုပ်ရတဲ့ သူတွေအတွက်ဆိုရင် လူကြီးလူကောင်းဆန်ဆန်နဲ့ ဆွဲဆောင်မှုရှိနေဖို့ Man In Red ကို Recommend ပေးပါတယ်။
(Decant ပဲရပါမယ်)
Official website -
https://www.yangonbrandedperfume.com/product-page/ferrari-man-in-red-decant
// Decant ဆိုတာက ကျွန်တော်တို့ဆီမှာရောင်းတဲ့ 100ml, 200ml စတဲ့ ပုလင်းအကြီး (Full-size Original Bottle) တွေထဲကနေ ပမာဏနည်းနည်းကို ပုလင်းအသေးလေးတွေ (ဥပမာ 10ml, 37ml) ထဲ ပြန်ခွဲထည့်ထားတာကို ခေါ်တာပါ။
💡 Decant တွေကို ဘာလို့သုံးသင့်လဲ?
✔️ ပုလင်းအကြီး မဝယ်ခင် အနံ့ကိုအရင် စမ်းသုံးကြည့်လို့ရတယ်။
✔️ အိတ်ထဲ၊ အိတ်ကပ်ထဲထည့်ပြီး သယ်သွားရတာ ပေါ့ပေါ့ပါးပါးနဲ့ အဆင်ပြေတယ်။
✔️ ဈေးကြီးတဲ့ရေမွှေးတွေကို ဈေးသက်သက်သာသာနဲ့ စမ်းသုံးခွင့်ရတယ်။
❗သိထားသင့်တဲ့ အချက်လေးတွေ
👉 Original ဘူးခွံ၊ ပုလင်းလှလှလေးတွေ မပါတဲ့အတွက် လက်ဆောင်ပေးဖို့တော့ အဆင်မပြေပါဘူး။
👉 ကိုယ်တိုင်စမ်းသုံးဖို့ (testing) ဒါမှမဟုတ် အလွယ်တကူ ပေါ့ပေါ့ပါးပါးသုံးဖို့အတွက်ပဲ ရည်ရွယ်ပါတယ်။
top of page
Mobile/Viber - 0943065356
Mobile - 09250511966
Email - yangonbranded@gmail.com
Discount alerts - Yangon Branded Perfume Shop
YANGON BRANDED
In business since 2011
ငွေဈေးတွေ အများကြီးတက်သွားတဲ့အတွက် အခုဝက်ဗဆိုဒ်ဈေးတွေ update မဖြစ်ပါဘူး။ Viber 0943065356 မှာ လက်ရှိဈေးနဲ့ stock update မေးနိုင်ပါတယ်။
MMK 27,000Price
bottom of page
