top of page

*Floris Cefiro - ရာစုနှစ်သုံးခုနီးပါး တော်ဝင်မိသားစုတွေရဲ့ ရွေးချယ်မှု*

ကဲ ဒီနေ့တော့ သမိုင်းရာဇဝင်နဲ့ prestige ဂုဏ်သိက္ခာကို အလေးထားတဲ့ customer တွေအတွက် ရေမွှေးတစ်မျိုးနဲ့ မိတ်ဆက်ပေးပါရစေ။ ဒါကတော့ Floris London ကထုတ်တဲ့ Cefiro ပဲဖြစ်ပါတယ်။

Floris ဆိုတာ လန်ဒန်မှာ 1730 ကတည်းက စတင်ခဲ့တဲ့ ကမ္ဘာ့ သက်တန်းအရှည်ဆုံး ရေမွှေး brand တွေထဲက တစ်ခုပါ။ သူ့ရဲ့ အစဉ်အလာ၊ သူ့ရဲ့ quality ကြောင့် UK တော်ဝင်မိသားစုတွေရဲ့ အသိအမှတ်ပြုမှုကို အကြိမ်ကြိမ် ရရှိထားပြီး Queen Elizabeth II ကိုယ်တိုင် ချီးမြှင့်တဲ့ Royal Warrant ရထားတဲ့ brand ပါ။ Marilyn Monroe တို့ Winston Churchill တို့လို နာမည်ကြီးတွေလည်း Floris ရဲ့ fan တွေပါ။

Scent Profile

ပေါ့ပါးလန်းဆန်းတဲ့ citrus အနံ့ကို အခြေခံထားပြီး သစ်သားနံ့လေးတွေနဲ့ ပေါင်းစပ်ထားတာကြောင့် နေ့ရောညပါ သုံးလို့ရတဲ့ all-rounder ရေမွှေးအမျိုးအစားပါ။

စစဆွတ်ချင်းမှာ သံပုရာ၊ လိမ္မော်ရနံ့တွေနဲ့ လန်းဆန်းသွားစေပြီး ခဏနေရင်တော့ nutmeg နဲ့ cardamom တို့ရဲ့ spicy note လေးက တက်လာပါတယ်။ နောက်ဆုံးမှာတော့ musk နဲ့ sandalwood တို့ရဲ့ နွေးထွေးတဲ့ သစ်သားရနံ့က အသားပေါ်မှာ စွဲကျန်နေမှာပါ။

CK One နဲ့ နည်းနည်းဆင်တယ်လို့ ပြောကြပေမယ့် Cefiro က ပိုပြီး luxury ဆန်တယ်၊ ပိုပြီး exclusive ဖြစ်တယ်။ ရိုးရိုးရှင်းရှင်းနဲ့ classic ဖြစ်တဲ့ ရေမွှေးမျိုးကို ကြိုက်တယ်၊ လူတွေနဲ့ မတူတဲ့ brand မျိုးကိုပဲ သုံးချင်တယ်ဆိုရင်တော့ Floris Cefiro က သင့်အတွက်ပါပဲ။ ဒါဟာ regular ရေမွှေးတစ်ခုမဟုတ်ဘဲ သမိုင်းနဲ့ ဂုဏ်သိက္ခာကို ဆောင်ထားတဲ့ statement တစ်ခုပါ။

ဒီ Floris Cefiro က ကိုယ့်အတွက်သုံးဖို့ပဲမဟုတ်ဘဲ အရေးကြီးတဲ့လူတွေကို လက်ဆောင်ပေးဖို့အတွက်ဆိုရင်လဲ သာမန်ရေမွှေးလက်ဆောင်မျိုးမဟုတ်ဘဲ၊ ကိုယ်က သူ့ကို ဘယ်လောက်တန်ဖိုးထားကြောင်း၊ ကိုယ့်ရဲ့ အဆင့်အတန်းနဲ့ အမြင်ကိုပါ တစ်ခါတည်းပြလိုက်သလို ဖြစ်သွားမှာပါ။

ဥပမာ ကိုယ်အရမ်းလေးစားရတဲ့ boss (အထက်လူကြီး)၊ ကိုယ့် business အတွက် အရေးပါတဲ့ VIP customer တွေ၊ ဒါမှမဟုတ် ကိုယ့်ရဲ့ ဖေဖေလို ဂန္တဝင်ဆန်ဆန် ပစ္စည်းတွေကိုမှ သဘောကျတတ်တဲ့သူမျိုးအတွက်ဆိုရင် ဒီလက်ဆောင်က အကောင်းဆုံးပါပဲ။

သူ့ရဲ့ တော်ဝင်သမိုင်းကြောင်းနဲ့ luxury image ကြောင့် ဒီလက်ဆောင်ကိုရတဲ့သူက ကိုယ့်ရဲ့စေတနာနဲ့ အလိုက်သိတတ်မှုကို အရမ်းသဘောကျသွားမှာ သေချာပါတယ်။ "ဒါက ဘယ်သူမှမပေးတတ်တဲ့ exclusive ဖြစ်တဲ့ လက်ဆောင်မျိုးပဲ" ဆိုပြီး အမှတ်တရဖြစ်ကျန်ခဲ့စေမှာပါ။

Floris Cefiro EDT Perfume for Men & Women 100ml - K 349,000 (In stock)

Made in England

Imported from USA (FragranceX New York ကနေ ကိုယ်တိုင်သွင်းလာတာ ဖြစ်ပါတယ်)

Sealed original retail packaging

Official website -

https://www.yangonbrandedperfume.com/product-page/floris-cefiro

Floris Cefiro EDT Perfume for Men & Women 100ml

K349,000.00Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page