top of page

Lattafa (Maison Alhambra) Flower Addiction Eau de Parfum for Men and Women (Unisex)

# 10ml decant (glass sprayer) - K 20,000

# 10 ml decant (aluminium sprayer) - K 23,000

# 37ml decant (glass sprayer) - K 64,000

# 100ml - K 129,000

100ml ကို ကျပ် ၁၅ သိန်းကျော်ပေးရတဲ့ niche ရေမွှေးတခုဖြစ်တဲ့ Ex Nihilo Fleur N@rcotiqu@ ကိုကြိုက်တယ်ဆိုရင် သူ့ထက်ဆယ်ဆကျော် ဈေးသက်သာပြီး scent profile ဆင်တူတဲ့ Flower Addition ကိုလည်းစမ်းသုံးကြည့်သင့်ပါတယ်။

✅ Composition တစ်ခုလုံးမှာ calming ဖြစ်တဲ့ fresh ဖြစ်တဲ့ တည်တည်ငြိမ်ငြိမ် light notes တွေနဲ့ပဲ ဖန်တီးထားတာဖြစ်ပြီး budget friendly ရေမွှေးလို့မထင်ရအောင် အဆင်ပြေတဲ့ positive effect ရှိတာမို့ အမျိုးသားအမျိုးသမီးမရွေး နေရာမရွေး ရာသီမရွေး အဝတ်အစားမရွေး တွဲသုံးနိုင်ပါတယ်။

🌿 Maison Alhambra ရဲ့ Flower Addiction က unisex eau de parfum တစ်မျိုးဖြစ်ပြီး၊ သစ်သီးနဲ့ ပန်းရနံ့တွေကို လှပစွာ ရောစပ်ထားတဲ့ ရနံ့တစ်မျိုးပါ။

🌿 ဒီရနံ့ဟာ tea note + လိုက်ချီ၊ ဘာဂမော့၊ နဲ့ မက်မွန်သီးတို့ရဲ့ လန်းဆန်း အေးမြတဲ့ ရနံ့တွေနဲ့ စတင်ပါတယ်။ ပြီးရင် floral ရနံ့တွေဖြစ်တဲ့ peony၊ orange blossom၊ jasmine၊ နဲ့ petalia တို့က နူးညံ့ပြီး ဆွဲဆောင်မှုရှိတဲ့ ရနံ့ကို ဖန်တီးပေးပါတယ်။

🌿 နောက်ဆုံးမှာတော့ musk၊ moss၊ နဲ့ သစ်သားရနံ့တွေက ရနံ့ကို ပိုမိုနက်ရှိုင်းပြီး ခန့်ညားသိမ်မွေ့တဲ့ unisex ရဲ့ ရုပ်လုံးကိုပေါ်စေပါတယ်။

Notes - Black tea, Lichi, Peach, Orange Blossom, Peony, Moss, Light Wood

🌿 Flower Addition ရဲ့ ဆွဲဆောင်မှုရှိတဲ့ အေးဆေးတဲ့ လက်ဖက်ရွက် သစ်သီးနဲ့ပန်းရနံ့တွေက သုံးတဲ့သူကို လန်းဆန်းစေပြီး စိတ်ဓာတ်မြှင့်တင်ပေးပါတယ်။

🌿 မနက်ခင်းမှာ တစ်ချက် နှစ်ချက်လောက် ဖြန်းလိုက်တာနဲ့ ယုံကြည်မှုအပြည့်နဲ့ အလုပ်တွေကို အာရုံစိုက်ပြီး ပိုပြီးထိရောက်စွာ လုပ်နိုင်စေတဲ့ aroma therapy လိုမျိုး အာနိသင်ရှိပါတယ်။ ဒါကြောင့် ရုံးမှာအလုပ်လုပ်နေတဲ့သူတွေဆိုရင် ဒါမျိုး အနံ့လေးလက်ဆောင်ဝယ်ပေးလိုက်ရင် ရေမွှေးတစ်ခုရတာထက်ကို သူတို့အတွက်အများကြီး အကျိုးရှိပါတယ်။

✅ Ex Nihilo ယှဉ်ရင် အရမ်းကြီး အနံ့မကွာတဲ့အပြင် ဈေးလည်း အရမ်းကိုသက်သာပါတယ်။ အသားပေါ်မှာပဲဖြစ်ဖြစ်၊ အဝတ်အစားပေါ်မှာပဲဖြစ်ဖြစ်ဖြန်းထားရင်တောင် ဘယ်သူကမှ မူရင်းနဲ့တူမနေဘူးလို့ မပြောနိုင်ပါဘူး။

✅ နောက်ထပ်အားသာချက်တစ်ခုက ဒီရေမွှေးကလူတိုင်းသုံးနေကြတဲ့ တခြားရေမွှေးတွေနဲ့ အနံ့ကွဲတဲ့အတွက် သိသာတဲ့ ကိုယ်ပိုင် signature အနံ့လိုမျိုးဖြစ်နေမှာပါပဲ။

Official website -

https://www.yangonbrandedperfume.com/product-page/flower-addiction

Made in UAE

Sealed original retail packaging (for 100ml)

Lattafa (Maison Alhambra) Flower Addiction EDP Unisex 100m / 10ml / 37ml Decant

K129,000.00Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page