Jean Paul Gaultier Gaultier Divine Eau de Parfum for Women 100ml Tester Packaging - K 419,000 (In stock)
Jean Paul Gaultier ရဲ့ Gaultier Divine လေးက တော်တော်လေးထူးခြားတယ်။
စစဆွတ်ချင်းမှာ ပင်လယ်ဆားငွေ့လို aquatic ပင်လယ်ရနံ့လေးနဲ့ အီတလီပန်း (Lily) ရနံ့ကို တန်းရတယ်။ ပန်းအဖြူရနံ့က သင်းသင်းလေးနဲ့ အရမ်းမွှေးတယ်။
ခဏနေတော့ ကိတ်မုန့်ပေါ်တင်တဲ့ ခရင်မ်အဖြူလိုမျိုး ချိုပြီးပေါ့ပါးတဲ့ရနံ့လေးက ထင်းကနဲထွက်လာတယ်။ အဲ့ဒီတော့ ပင်လယ်ရနံ့၊ အချို နဲ့ ပန်းရနံ့ သုံးခုက ရောသွားပြီး အရမ်းဆန်းတဲ့ ရနံ့လေးဖြစ်သွားတယ်။
နေပူပူမှာ ပင်လယ်ကမ်းခြေရောက်နေသလို ခံစားမှုမျိုးပေးတယ်။ ချိုတာကြိုက်ပေမယ့် အရမ်းအီဆိမ့်တာမကြိုက်တဲ့သူတွေ၊ ပန်းရနံ့သင်းသင်းလေးတွေ ကြိုက်တဲ့သူတွေအတွက်တော့ ကွက်တိပဲ။ အနံ့က တော်တော်လေးစွဲပြီး unique ဖြစ်တဲ့ ရေမွှေးတစ်မျိုးကို ရှာနေရင် ဒါလေးက try ကြည့်ဖို့ကောင်းတယ်။
နောက်ပြီး သူ့ရဲ့ ပုလင်းဒီဇိုင်းကိုလည်း မေ့ထားလို့မရဘူး။ Gaultier ရဲ့ နာမည်ကြီး အမျိုးသမီးကိုယ်လုံးပုံစံကို တလက်လက်တောက်နေတဲ့ ရွှေရောင်ထိပ်ချွန် corset ဒီဇိုင်းနဲ့ ပြန်ပြီးပုံဖော်ထားတာ။ အမျိုးသမီးတွေကို ကိုယ်စားပြုတဲ့ပုံစံမျိုးလေးပေါ့။ မြင်တဲ့အတိုင်းပဲ ကိုယ့်မှန်တင်ခုံပေါ်မှာ အလှတင်ထားရင်တောင် အရမ်းခန့်ပြီးလှနေမှာ။
Made in France / Tester Packaging
Official website -
https://www.yangonbrandedperfume.com/product-page/gaultier-divine
top of page
Mobile/Viber - 0943065356
Mobile - 09250511966
Email - yangonbranded@gmail.com
Discount alerts - Yangon Branded Perfume Shop
YANGON BRANDED
In business since 2011
ငွေဈေးတွေ အများကြီးတက်သွားတဲ့အတွက် အခုဝက်ဗဆိုဒ်ဈေးတွေ update မဖြစ်ပါဘူး။ Viber 0943065356 မှာ လက်ရှိဈေးနဲ့ stock update မေးနိုင်ပါတယ်။
K419,000.00Price
bottom of page
