top of page

Jean Paul Gaultier ရဲ့ နာမည်ကြီး Divine ရဲ့ ပိုပြီး Intense ဖြစ်လာတဲ့ Divine Le Parfum (Eau de Parfum Intense)

ဒီ Le Parfum က အရင်ထွက်ထားတဲ့ ရိုးရိုး EDP Version ထက်စာရင် ပိုပြီး နက်နဲတယ်၊ ပိုပြီး ရနံ့ကြွယ်ဝပါတယ်။

သင်းပျံ့တဲ့ Lily ပန်းရနံ့နဲ့အတူ ချိုဆိမ့်ဆိမ့် Salty Meringue ရနံ့၊ Warm Vanilla ရနံ့တွေကို အချိုးကျပေါင်းစပ်ထားတာမို့ Sweet, Salty နဲ့ Floral Amber ရနံ့ကို တပြိုင်နက်တည်း ခံစားရမှာပါ။ EDP ထက်စာရင် Vanilla ရနံ့ ပိုနွေးထွေးပြီး အမွှေးရနံ့ ပိုပါတယ်။

ရနံ့စွဲအား နဲ့ သင်းပျံ့အားကလဲ Le Parfum ဖြစ်တာမို့ Performance ကတော့ လုံးဝ ပြောစရာမလိုအောင် ရှယ်ပါပဲ။ EDP Version ထက် ရနံ့စွဲအား (Longevity) ရော၊ အနံ့သင်းပျံ့အား (Sillage) ပါ ပိုကောင်းပါတယ်။ ဒါ့အပြင် ဘေးလူတွေပါ သတိထားမိလောက်တဲ့ Projection ကိုလဲ ပေးပါတယ်။

အခုလို မိုးရာသီ ရာသီဥတု မိုးအေးအေး စိုစိုထိုင်းထိုင်းမှာ ဆွတ်ဖို့ အလွန် အဆင်ပြေပါတယ်။ Vanilla ရဲ့ နွေးထွေးတဲ့ အငွေ့အသက်နဲ့ Sweet & Salty ရနံ့က အေးစက်တဲ့ မိုးရာသီ လေထုထဲမှာရော၊ ရုံးခန်း Aircon အခန်းထဲမှာပါ သင်းပျံ့ထင်းထွက်နေစေပါတယ်။ ပူတဲ့ မွန်းလွဲပိုင်း အပြင်ထွက်ချိန်တွေမှာတော့ Spray ကို နည်းနည်းလျှော့ဆွတ်ရင် ပိုအဆင်ပြေပါလိမ့်မယ်။

မိန်းကလေးဆန်ပြီး ရနံ့စွဲအား ကြာကြာခံတာကိုမှ လိုချင်သူတွေအတွက် Divine Le Parfum က လက်မလွှတ်သင့်တဲ့ ပြင်သစ်ရေမွှေးတစ်ခုပါပဲ။

Jean Paul Gaultier Divine Le Parfum ( Eau de Parfum Intense) 100ml တက်စတာ ပက်ကေ့ချ် - K 439,000

Made in France

100% Money Back Guarantee

Tester packaging ဖြစ်လို့ retail packaging ထက် တစ်သိန်းကျော်သက်သာတဲ့ အားသာချက်ရှိတဲ့အပြင် ready in stock မို့ စောင့်စရာမလိုပဲ ချက်ချင်းလာဝယ်လို့လဲ ရပါတယ်။

Full review 👉

https://www.yangonbrandedperfume.com/product-page/gaultier-divine-le-parfum

Jean Paul Gaultier Divine Le Parfum ( EDP Intense) 100ml Tester Packaging

MMK 439,000Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page