top of page

Geparlys Cedre Bleu Eau de Parfum Unisex

# 100ml - K 99,000

# 10ml decant (glass sprayer) - K 16,000

# 10ml decant (aluminium sprayer) - K 19,000

# 10ml decant (aluminium twist sprayer) - K 22,000

# 30ml decant (glass sprayer) - K 40,000

Geparlys Cedre Bleu က unisex eau de Parfum ဖြစ်လို့ ယောက်ျား၊ မိန်းမ မရွေး သုံးလို့ရတဲ့ ရေမွှေးတစ်မျိုးပါ။ သစ်သီးနဲ့ ချိုမြိန်တဲ့ gourmand ရနံ့တွေကို လှပစွာ ရောစပ်ထားတာကြောင့် ရနံ့ရဲ့ complexion ကို နှစ်သက်သူတွေအတွက် အကောင်းဆုံး ရွေးချယ်စရာပါ။

အစပိုင်းမှာ သရက်သီး၊ လိမ္မော်နဲ့ ကျွဲကောသီးတို့ရဲ့ လန်းဆန်းတက်ကြွစေတဲ့ fruity citrus ရနံ့နဲ့ စတင်ပါတယ်။ ဒီရနံ့က ချက်ချင်းပဲ အာရုံကို ဆွဲဆောင်နိုင်ပါတယ်။ ခဏကြာတဲ့အခါ သစ်တော်သီး၊ နာနတ်သီးနဲ့ သစ်ကြားသီးတို့ရဲ့ ချိုမြိန်ပြီး ဆိမ့်ဆိမ့်ရနံ့လေးပါ ရလာပါတယ်။ ဒါက ရနံ့ရဲ့ နက်ရှိုင်းမှုကို ပိုတိုးစေပါတယ်။

အနံ့ရဲ့ နောက်ဆုံးမှာတော့ musk၊ amber၊ ဗနီလာနဲ့ ရှားပါးသစ်သားတွေရဲ့ နွေးထွေးပြီး ဆွဲဆောင်မှုရှိတဲ့ ရနံ့ကို ခံစားရမှာပါ။

Cèdre Bleu ကို အသုံးပြုသူတွေက သူ့ရဲ့ လန်းဆန်းတဲ့ ရနံ့အတွက် အများကြီး ချီးကျူးကြပါတယ်။ ရနံ့ပြင်းအားနဲ့ ကြာရှည်ခံမှုက အလယ်အလတ်ရှိပေမယ့် ဈေးနှုန်းနဲ့ ယှဉ်ရင် value for money ဖြစ်တဲ့ ပြင်သစ် ရေမွှေးဖြစ်ပါတယ်။

အကြမ်းဖျင်းအနေနဲ့ပြောရမယ်ဆိုရင် ဒီရေမွှေးက Jimmy Choo Man နဲ့ Coach For Men ရေမွှေးမျိုးတွေကို ကြိုက်တဲ့သူတွေဆိုရင် အဆင်ပြေမယ့်ရနံ့မျိုးဖြစ်ပါတယ်။

ရနံ့ဟာ ခေတ်မီပြီး လူတိုင်းနဲ့ ကိုက်ညီတဲ့ ရနံ့တစ်မျိုးပါ။ ယောက်ျား၊ မိန်းမ မရွေး သုံးလို့ရတာကြောင့် မတူညီတဲ့ အခြေအနေတွေနဲ့ ရာသီဥတုတွေမှာ သုံးလို့ ကောင်းပါတယ်။ ရုံးသုံးအတွက်အဆင်ပြေသလို casual use ရေမွှေးတစ်ခုအနေနဲ့လည်း နေရာမရွေးသုံးနိုင်ပါတယ်။

Made in France

Sealed original retail packaging

https://www.yangonbrandedperfume.com/product-page/geparlys-cedre-bleu

// 100ml size ပုလင်းကြီးဝယ်ချင်တဲ့ ရန်ကုန်အိမ်မှာလာဝယ်နေကျ customer တွေဆိုရင် လာနေကျအိမ်မှာ အရင်လာစမ်းပြီးမှဝယ်လို့ရပါတယ်။ Decant တွေကိုတော့ Royal Express delivery Prepaid Service နဲ့ပဲရောင်းပါတယ်။

🌞 *Looking for Long-Lasting, Budget-Friendly Summer Perfumes? Want the perfect scent at the best price?* 🌞

We have a range of affordable summer fragrances that last even longer than this one.

Contact our customer service on Viber: 0943065356 – we’ll help you find the best fragrance for your style and budget!

Geparlys Cedre Bleu Eau de Parfum Unisex 100ml

K99,000.00Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page