top of page

Giorgio Armani ရဲ့ classic line ဖြစ်တဲ့ Acqua di Gio (ADG) line ကနေ ၂၀၂၆ မှာ အသစ်ထွက်ထားတဲ့ Gio Eau de Parfum Intense 100ml Tester Packaging - K 399,000 (In stock)

Armani Acqua Di Gio lineup ကတော့ ရေမွှေးလောကမှာ ပြိုင်သူ မရှိသလောက် နာမည်ကြီးတဲ့ classic aquatic masculine DNA ပဲ ဖြစ်ပါတယ်။ ဒီ Gio Eau de Parfum Intense က Gio lineup ထဲမှာ နောက်ဆုံး 2026 ထဲမှာ ထွက်ထားတဲ့ flanker တွေထဲက တခုပါ။

နာမည်သာ EDP Intense လို့ ပေးထားတာ တကယ်တမ်း ရနံ့က မူရင်း EDP ရဲ့ အပြင်းစားဗားရှင်းမဟုတ်ဘဲ discontinued ဖြစ်သွားတဲ့ ပယင်းရောင်ပုလင်း နဲ့လာတဲ့ Acqua di Gio Absolu ကို ပြန်အသက်သွင်းထားတာနဲ့ ပိုတူပါတယ်။

🌿 Absolu ရဲ့ sweet & fresh (Invictus လို bubblegum ဆန်ဆန် အချို) အငွေ့အသက်ကို ယူထားပြီး ပိုပြီး ရင့်ကျက်တဲ့ designer ပုံစံမျိုး ခွဲထွက်ထားတာပါ။

🌿 Green Apple နဲ့ Calabrian Bergamot အနံ့တွေ ပါဝင်တာကြောင့် စဖြန်းလိုက်တာနဲ့ လန်းဆန်း အေးမြပြီး ချိုချိုမွှေးမွှေး fruity vibe လေးကို ခံစားရပါမယ်။

Clary Sage နဲ့ Marine Notes တွေကြောင့် ADG လိုင်းရဲ့ သင်္ကေတဖြစ်တဲ့ ပင်လယ်ရေလှိုင်း အနံ့ အေးအေးလေးကို ခပ်သင်းသင်း ပေးပါတယ်။ အနံ့တွေငြိမ်သွားတဲ့အခါ Woody Notes နဲ့ Amber တွေနဲ့ ထိန်းပေးထားတာကြောင့် ကြာလေလေ ပိုပြီး ခန့်ညား စွဲမက်ဖွယ်ကောင်းတဲ့ manly အနံ့ ဖြစ်လာပါတယ်။

✅ လူငယ်ဆန်တဲ့ playful edge လည်း ပါသလို mature ဖြစ်တဲ့ masculine vibe လည်း ပါတာကြောင့် အသက်အရွယ်မရွေး ဝတ်စုံမရွေး ဆွတ်လို့ အဆင်ပြေပါတယ်။

✅ ရုံးတက်၊ အပြင်ထွက်၊ Everyday Use အတွက် စဉ်းစားစရာ မလိုဘဲ ဆွတ်သွားလို့ရတဲ့ ရေမွှေး ဖြစ်ပါတယ်။

✅ ပုလင်း အပေါ်ဘက်မှာ အမည်းရောင် ရင့်ရင့်ကနေ အောက်ခြေဘက်ကို ဖောက်မြင်ရတဲ့ gradient အမည်းရောင်ပြေး ဒီဇိုင်းမျိုး သွားထားတာမို့ တော်တော်လေး ခန့်ညားပြီး သပ်ရပ်ပါတယ်။

Made in France

Tester packaging (အဖုံးပါပါတယ်)

Official website -

https://www.yangonbrandedperfume.com/product-page/gio-edp-intense

Armani Acqua Di Gio Eau de Parfum Intense 100ml Tester Packaging

MMK 399,000Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page