Acqua di Giò Profondo EDT Version 100ml ရပါပြီ - K 365,000 (100ml Tester Packaging)
အခုလို ရန်ကုန်ရဲ့ မိုးရာသီ၊ စိုစွတ်ပြီး ပူအိုက်တဲ့ ရာသီဥတုမျိုးမှာ ရေမွှေးတစ်ပုလင်းကို ရွေးချယ်ရတာ တော်တော်လေး စဉ်းစားရပါတယ်။ နောက်ပြီး လက်ရှိ ကုန်ဈေးနှုန်းတွေ အရမ်းတက်နေတဲ့ စီးပွားရေးအခြေအနေအရ ပိုက်ဆံပေးရတာနဲ့ တန်တဲ့၊ နေရာတိုင်းသုံးလို့ရမယ့် (versatile) ဖြစ်တဲ့ ရေမွှေးမျိုးကိုပဲ ပိုပြီး recommend ပေးချင်ပါတယ်။
ဒီ နောက်ဆုံးထွက်ထားတဲ့ Profondo EDT ရဲ့ အနံ့ထွက်ပုံလေးကို အရင်ပြောပြပါမယ် -
🌿 ပထမဆုံး စဖြန်းလိုက်တာနဲ့ လန်းဆန်းသွားစေမယ့် Grapefruit နဲ့ Lemon အနံ့ကို အရင်ဆုံးရပါမယ်။ သူ့နောက်မှာမှ Spice တွေရဲ့ စပ်ရှရှအနံ့လေး ပါဝင်ပါတယ်။ ဒီနေရာမှာ Spices အနံ့က ပူလောင်မနေဘဲ fresh ဖြစ်တာကို ပိုပြီး highlight လုပ်ပေးထားလို့ ပါးပါးလေးပဲဖြစ်ပါတယ်။
🌿 ဒီနောက်မှာတော့ ရေပြင်ကြီးကို ပြေးမြင်စေမယ့် Calone (ရေချိုးပြီးကာစ လန်းဆန်းတဲ့အနံ့မျိုး) နဲ့အတူ Lavender နဲ့ Cypress တို့ ပါဝင်လို့ အရမ်းကို ပေါ့ပါးပြီး နေလို့ကောင်းပါတယ်။
🌿 အချိန်ကြာလာတာနဲ့အမျှ Mineral notes, Woody notes နဲ့ Patchouli တို့ ကျန်ခဲ့ပြီး ယောကျ်ားပီသတဲ့ ခံစားမှုကို ပေးပါတယ်။
✅ သူက ဥရောပလို နေရာမျိုးမှာဆိုရင်တော့ နွေရာသီအတွက် ပိုသင့်တော်ပေမယ့် ကျွန်တော်တို့ဆီက စိုထိုင်းဆများတဲ့ မိုးတွင်းမှာ သုံးရင်လည်း လုံးဝ အီမနေဘဲ fresh ဖြစ်တဲ့ ခံစားချက်ကို သေချာပေါက် ပေးပါတယ်။
✅ Original Profondo EDP နဲ့ ယှဉ်ရင် သူက ပိုပြီး လင်းလက်ပေါ့ပါးတဲ့ (brighter and airier) ဘက်ကို သွားပါတယ်။ မြန်မာရာသီ နဲ့ သိပ်မလိုက်လို့ ဒီမှာ သိပ်မသုံးကြတဲ့ Profondo Parfum version ထက်လည်း အများကြီး ပိုပြီး သုံးလို့ကောင်းပါတယ်။
✅ Longevity အနေနဲ့ကတော့ EDT ဖြစ်တဲ့အတွက် ၄ နာရီကနေ ၅ နာရီ ဝန်းကျင်လောက်ပဲ ခံပါတယ်။ လက်ရှိ ကျွန်တော်တို့ဆီက ဈေးနှုန်းတွေအရဆိုရင်တော့ ကိုယ့်ဆီမှာ Original Profondo EDP 2023/2024 version တွေရှိနေပြီးသားဆိုရင် ဒီကောင်လေးကို ထပ်ဝယ်ဖို့ မလိုပါဘူး။ Profondo Parfum version တစ်ခုပဲရှိရင်တော့ EDT ကိုပါဝယ်သင့်ပါတယ်။
သေချာတာကတော့ ကိုယ်က ရေမွှေးကို နေ့တိုင်း ရုံးသွား၊ gym နဲ့ အပြင်သွား casual သုံးဖို့ရှာနေတယ်၊ ရာသီဥတုမရွေး သုံးလို့ရပြီး လူတိုင်းကြိုက်နိုင်မယ့် safe blind buy တစ်ပုလင်းကို လိုချင်တယ်ဆိုရင်တော့ ဒါလေးက စိတ်ပျက်စရာမရှိတဲ့ ရွေးချယ်မှုတစ်ခု ဖြစ်လာပါလိမ့်မယ်။
Made in France
Tester packaging (အဖုံးပါသည်)
Official website -
https://www.yangonbrandedperfume.com/product-page/gio-profondo-edt
top of page
Mobile/Viber - 0943065356
Mobile - 09250511966
Email - yangonbranded@gmail.com
Discount alerts - Yangon Branded Perfume Shop
YANGON BRANDED
In business since 2011
ငွေဈေးတွေ အများကြီးတက်သွားတဲ့အတွက် အခုဝက်ဗဆိုဒ်ဈေးတွေ update မဖြစ်ပါဘူး။ Viber 0943065356 မှာ လက်ရှိဈေးနဲ့ stock update မေးနိုင်ပါတယ်။
MMK 365,000Price
bottom of page
