top of page

Gisada Ambassador Intense Eau de Parfum for Men 100ml Tester Packaging - K 449,000 (In stock)

✅ နိုင်ငံတကာရေမွှေးဝါသနာရှင်တွေကြားမှာ အသိအမှတ်ပြုမှုရလာတဲ့ Swiss Brand Gisada

ရဲ့ flagship product ဖြစ်တဲ့ ရေမွှေး

✅ လူကြားထဲမှာ ကိုယ့်ရဲ့အနံ့ကို သိသာစေချင်သူ၊ အဲကွန်းခန်းထဲမှာနဲ့ ညဘက်အပြင်ထွက်တဲ့အခါ သာမန်ထက် ပိုပြီးထင်ရှားတဲ့ အနံ့မျိုးကို သဘောကျသူတွေအတွက်

🌿 ပထမဆုံးစဆွတ်လိုက်တဲ့အချိန်မှာ Cardamom၊ Licorice၊ Nutmeg နဲ့ Lavender တို့ရဲ့ spicy note တွေကို အရင်ဆုံးခံစားရပါတယ်။

လိမ္မော်သီးနဲ့ Bergamot တို့ရဲ့ လန်းဆန်းတဲ့အရိပ်အယောင်လည်း ပါဝင်တာကြောင့် အနံ့က တစ်မျိုးတည်းလေး မဟုတ်ပါဘူး။ အထူးသဖြင့် Licorice ရဲ့ ချိုသလို စပ်သလို ထူးခြားတဲ့အနံ့က ဒီရေမွှေးရဲ့ ကိုယ်ပိုင်လက္ခဏာတစ်ခုပါ။

Pepper နဲ့ ginger တို့ရဲ့ စပ်ရှိန်းရှိန်းအရသာကလည်း အနံ့ကို ပိုပြီးထင်ရှားစေပါတယ်။ စစချင်းကတည်းက အနံ့အားကောင်းပြီး လူကြားထဲမှာ သိသာနိုင်တဲ့ပုံစံပါ။

🌿 အချိန်နည်းနည်းကြာလာတာနဲ့ Raspberry ရဲ့ အသီးချိုနံ့၊ Caramel ရဲ့ ချိုမြိန်တဲ့အနံ့နဲ့ Cinnamon တို့ရဲ့ နွေးထွေးစပ်ရှရှအနံ့တွေ ပေါ်လာပါတယ်။

ဒီနေရာမှာ ထူးခြားတာက အသီးနံ့ကို အရမ်းပေါ့ပေါ့ပါးပါး ဖျော်ရည်နံ့လို မဖန်တီးထားတာပါ။ Raspberry က ချိုမြိန်တဲ့အရိပ်အယောင်ပေးပေမဲ့ Cardamom၊ Licorice နဲ့ အခြား aromatic spice တွေရဲ့ အားကောင်းတဲ့အနံ့တွေကြောင့် အမျိုးသားဆန်တဲ့ပုံစံကို ဆက်ထိန်းထားပါတယ်။

Floral notes တွေလည်း ပါဝင်ပေမဲ့ ပန်းနံ့များတဲ့ ရေမွှေးတစ်မျိုးအဖြစ် မခံစားရပါဘူး။

ကျွန်တော်အမြင်အရ ဒီ middle note က Ambassador Intense ရဲ့ အားသာချက်တစ်ခုပါ။ ချိုတာနဲ့နဲ့ spice အရသာကို မျှတအောင် ပေါင်းစပ်ထားတဲ့အတွက် အသက် ၃၀ ကျော် အမျိုးသားတွေအတွက်လည်း ကလေးဆန်တဲ့အနံ့မျိုး မဖြစ်စေပါဘူး။

🌿 နောက်ဆုံးကျန်ခဲ့မယ့် Dry Down အနံ့က ပိုပြီးနက်ရှိုင်းပါတယ်။ Vanilla နဲ့ Tonka Bean တို့ကြောင့် ချိုမြိန်နွေးထွေးတဲ့အနံ့ ကျန်နေပါတယ်။ Amber နဲ့ Labdanum တို့ကလည်း အနံ့ကို ပိုပြီးနက်ရှိုင်း၊ နွေးထွေးစေပါတယ်။

Patchouli၊ Cashmere Wood နဲ့ Vetiver တွေက သစ်သားဆန်တဲ့အနံ့ကို ထည့်ပေးထားပါတယ်။ မသိမသာလေး ပါတဲ့ Leather နဲ့ Oakmoss တို့ကြောင့် အနည်းငယ်ရင့်ကျက်တဲ့ manly mode ကို ခံစားရနိုင်ပါတယ်။

ဒီရေမွှေးကို သဘောကျနိုင်မယ့် သူတွေကတော့ -

👉 အသက် ၃၀ ကျော်ပြီး ရင့်ကျက်တဲ့အနံ့မျိုးကို နှစ်သက်သူ

👉 ရိုးရိုး Fresh၊ Aquatic၊ Citrus ရေမွှေးတွေထက် အနံ့အားကောင်းပြီး ထူးခြားတာကို ကြိုက်သူ

👉 Spice ၊ Vanilla ၊ Amber နဲ့ သစ်သားနံ့တွေကို သဘောကျသူ။

👉 ညဘက် dinner၊ date ၊ event နဲ့ အရေးကြီးတဲ့ business meeting တွေမှာ သုံးဖို့ ရေမွှေးရှာနေသူ

👉 ရေမွှေးဆွတ်ပြီးတာနဲ့ ခဏလေးအတွင်း ပျောက်သွားတာမျိုးကို မကြိုက်သူ။

👉 အထူးသဖြင့် ရှပ်အင်္ကျီ၊ ဘောင်းဘီရှည်၊ ကုတ် ဒါမှမဟုတ် smart casual dress တွေနဲ့ လိုက်ဖက်နိုင်ပါတယ်။

✅ Sauvage Elixir ကို ကြိုက်ပေမယ့် နဲနဲပိုချိုပြီး အသီးနံ့အရိပ်အယောင်ပါဝင်တဲ့ alternative niche brand choice တစ်ခုကို ရှာနေသူတွေလဲ စမ်းကြည့်သင့်ပါတယ်။

👉 အနံ့အားကောင်းပြီး ချိုစပ်တဲ့ဘက်ကို သွားတဲ့အတွက် ပေါ့ပါးတဲ့ fresh scent ကိုပဲကြိုက်သူတွေအတွက်တော့ နဲနဲ 'လေး' သွားနိုင်ပါတယ်။

ကျွန်တော့်အကြံပြုချက်က မြန်မာနိုင်ငံရဲ့ ရာသီဥတုအတွက် ဒီရေမွှေးကို နေ့စဉ်အပြင်ထွက်တိုင်း အသုံးပြုမယ့် ရေမွှေးတစ်မျိုးအဖြစ်ထက် ညဘက်နဲ့ special occasion တွေအတွက် ထားသင့်တဲ့ ရေမွှေးတစ်မျိုးအဖြစ် စဉ်းစားဖို့ပါ။ Aircon environment မှာပဲအမြဲနေသူတွေအတွက်ကတော့ ဒါတွေပူစရာမလိုဘဲ နေရာမရွေး အချိန်မရွေးသုံးနိုင်ပါတယ်။

Made in Switzerland

Tester packaging (အဖုံးပါပါတယ်)

Official website - https://www.yangonbrandedperfume.com/product-page/gisada-ambassador-intense

Gisada Ambassador Intense Eau de Parfum for Men 100ml Tester Packaging

MMK 449,000Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page