top of page

Givenchy Gentleman Eau de Parfum Boisée for Men 100ml - K 449,000 (In stock)

"ယဉ်ကျေးတာ" နဲ့ "ခေတ်မီတဲ့ ယောက်ျားပီသတာ" ကြားမှာ အလိုက်ဖက်ဆုံး မျှတမှုကို ရှာနေတယ်ဆိုရင် Givenchy Gentleman Eau de Parfum Boisée က အတိအကျ ပေးနိုင်ပါတယ်။

🌿 ဒီရေမွှေးဟာ နာမည်ကြီး Gentleman ရေမွှေးလိုင်းထဲက နွေးထွေးပြီး ဆွဲဆောင်မှုရှိတဲ့ woody spicy ရနံ့ ပြင်သစ်ရေမွှေးဖြစ်ပါတယ်။

🌿 စဖျန်းလိုက်ခြင်းမှာ ငရုတ်ကောင်းနက်၊ နံနံစေ့၊ ဂျေရေနီယမ်ပန်းရနံ့တွေရဲ့ နူးညံ့ပြီး စိတ်ဝင်စားဖွယ်ကောင်းတဲ့ ရောစပ်မှုနဲ့ နှုတ်ဆက်ပါလိမ့်မယ်။ မပြင်းပဲ နွေးထွေးပြီး စိတ်သက်သာရာရစေတဲ့ အဖွင့်အနံ့လေးပါ။

🌿 အနံ့က တဖြည်းဖြည်း ငြိမ်သက်လာတဲ့အခါ mid note မှာ ချောမွေ့ပြီး ဆွဲဆောင်မှုရှိတဲ့ ကိုကိုး ချောကလက်အနံ့လေးကို ခံစားရမှာပါ။ အဲဒီအနံ့လေးကို cedarwood (အာရဇ်သား) နဲ့ iris (အိုင်းရစ်) တို့ရဲ့ earthy creamy ဖြစ်တဲ့ အငွေ့အသက်လေးတွေနဲ့ ထိန်းညှိပေးထားပါတယ်။

🌿 နောက်ဆုံး base အနံ့မှာ sandalwood (စန္ဒကူးသစ်သား)၊ patchouli)၊ woody amber ရနံ့တွေ နဲနဲစီ ပေါင်းထားတာကြောင့် အရမ်းသက်တောင့်သက်သာ ရှိသွားစေပါတယ်။ ကိုယ်ပေါ်မှာ ယောက်ျားလေးဆန်တဲ့ နွေးထွေးမှုက စွဲကျန်နေစေမှာပါ။

//// ဘယ်သူတွေနဲ့ သင့်တော်လဲ

✅ Givenchy Gentleman Boisée က သိမ်မွေ့မှုနဲ့ နည်းနည်းလေး ထူးခြားတဲ့ ပုံစံကို တန်ဖိုးထားတဲ့ ယောက်ျားလေးတွေအတွက်ပါ။

✅ သစ်သားနဲ့ နံ့သာမျိုးနံ့ကို ခရင်မ်ဆန်တဲ့ အထိအတွေ့လေးနဲ့ ပေါင်းစပ်ထားတဲ့ ရေမွှေးတွေကို ကြိုက်နှစ်သက်သူတွေအတွက် သဘာဝကျကျ စတိုင်လ်ကျတယ်။

✅ အရမ်း ပြင်းစူးတာမျိုး မဟုတ်ဘဲ ယုံကြည်မှုရှိတယ်၊ ချောမွေ့တယ်၊ ဆွဲဆောင်မှုရှိတယ်။ သိမ်မွေ့ပြီး educated gentleman impression ပေးချင်တဲ့သူတွေအတွက် အကောင်းဆုံးပါ။

✅ ရာသီပူနေရင်တောင် အရမ်းကြီး ပြင်းရှတာမျိုး မဖြစ်ဘူး။ သစ်သားအောက်ခံအနံ့က ညက်ညက်ညောညောလေးနဲ့ spice နဲ့ floral အနံ့လေးတွေကလည်း သိမ်သိမ်မွေ့မွေ့လေးပဲ ပါတော့ အရမ်းကြီး မပြင်းဘဲနဲ့ ကိုယ့်ရဲ့အနံ့လေးကို ထင်ရှားစေချင်တဲ့သူတွေအတွက် အကောင်းဆုံးပဲ။

✅ ကိုယ့်အတွက် ဝယ်ဝယ်၊ လက်ဆောင်ပေးဖို့ ဝယ်ဝယ်၊ ရာသီမရွေး သုံးလို့ရသလို ခေတ်နဲ့လည်း လျော်ညီတဲ့ ရေမွှေးမျိုးမို့ စိတ်ချလက်ချ ရွေးချယ်နိုင်ပါတယ်။

Made in France

Sealed original retail packaging

Official website -

https://www.yangonbrandedperfume.com/product-page/givenchy-gentleman-boisee

Givenchy Gentleman Eau de Parfum Boisée for Men 100ml

MMK 449,000Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page