Boss ကြီးတွေ၊ အထက်လူကြီးတွေအတွက် လက်ဆောင်ပေးမယ်ဆိုရင် ဈေးလည်းအရမ်းမကြီးဘဲ ပုလင်းဆိုဒ်အကြီးကြီး (200ml) နဲ့ မျက်နှာပန်းလှမယ့် option ကတော့ ဒီ Givenchy Gentleman Reserve Privee ပါပဲ။
Givenchy Gentleman Reserve Privee Eau de Parfum (In stock)
# 200ml Mega Size - K 639,000
# 10ml decant (glass sprayer) - K 51,000
# 10ml decant (aluminium sprayer) - K 54,000
# 37ml decant (glass sprayer) - K 159,000
🥃 The Vibe: "Whisky & Wood"
ဒီရေမွှေးက ရိုးရိုး Gentleman ပုံစံမျိုး မဟုတ်ပါဘူး။ သားရေဆိုဖာပေါ်မှာ ထိုင်ပြီး အကောင်းစား Whiskey တစ်ခွက်ကို ကိုင်ထားတဲ့၊ စကားပြောညင်သာပေမယ့် အရှိန်အဝါရှိတဲ့ "Boss" တစ်ယောက်ရဲ့ Vibe မျိုးပါ။ ရေမွှေးလောကရဲ့ ထိပ်သီး Perfumer နှစ်ယောက်ပေါင်းပြီး ဖန်တီးထားတာမို့ "Class" ရှိတာကတော့ ပြောစရာမလိုပါဘူး။
✨ ရနံ့အကြောင်း (Scent Profile)
// Iris (အိုင်းရစ်ပန်း) ရဲ့ နူးညံ့တဲ့အနံ့ကို whiskey (ယ-မ-ကာ) အနံ့သင်းသင်းနဲ့ ပေါင်းစပ်ထားတာပါ။
// Whiskey note ပါတယ်ဆိုပေမယ့် အရက်နံ့စူးစူးကြီး မဟုတ်ပါဘူး။ ဝီစကီစိမ်ထားတဲ့ သစ်သားစည်ပိုင်း (oak barrel) ကနေရတဲ့ နွေးထွေးပြီး ရင့်ကျက်တဲ့ ပယင်းရောင်အနံ့မျိုးပါ။
// သစ်အယ်သီး (chestnut) နဲ့ သစ်သားနံ့တွေ ပါဝင်လို့ ရနံ့က တော်တော်လေး feep ဖြစ်ပြီး creamy ဖြစ်တဲ့ woody ဖြစ်တဲ့၊ ဆွဲဆောင်မှုပြင်းတဲ့ ယောက်ျားရင့်မာပုံစံ ပေါက်ပါတယ်။
🤵 ဘယ်သူတွေနဲ့ လိုက်ဖက်လဲ?
// Mature Men - လူငယ်ဆန်တဲ့ Fresh အနံ့တွေထက် ရင့်ကျက်တည်ငြိမ်ပြီး အရှိန်အဝါရှိတဲ့ လူကြီးပိုင်းတွေနဲ့ အရမ်းလိုက်ပါတယ်။
// Whisky Lovers - ဝီစကီနံ့၊ သစ်သားနံ့ နဲ့ အနည်းငယ်ချိုတဲ့အနံ့မျိုးကို သဘောကျတဲ့ Boss တွေဆိုရင် ဒါကို လုံးဝကြိုက်မှာပါ။
// Occasion - ရုံးခန်း (Air-con ခန်း)၊ ညနေပိုင်း Dinner ပွဲတွေနဲ့ Formal ပွဲတွေအတွက် အထူးထုတ်လုပ်ထားတာပါ။ နေပူထဲထွက်တဲ့ အချိန်တွေနဲ့တော့ သိပ်မကိုက်ပါဘူး။
🎁 လက်ဆောင်ပေးဖို့ ဘာလို့ရွေးသင့်လဲ?
// Mega Size (200ml) / ပုံမှန်ရေမွှေးတွေက 100ml ပဲလာတာများပါတယ်။ ဒါက ၂ ဆပါတဲ့ ဆိုဒ်အကြီးကြီးမို့ လက်ဆောင်ပေးတဲ့အခါ ကိုင်လိုက်တာနဲ့ အထည်ကြီးကြီးမားမား ရှိပါတယ်။
// Premium Look / ပုလင်းဒီဇိုင်းက ဝီစကီပုလင်းအသေးစားလေးလို Gradient အရောင်လေးနဲ့မို့ Luxury ဆန်ပြီး ကြည့်ကောင်းပါတယ်။
// Great Value / ဒီလောက် နာမည်ကြီး Brand၊ ဒီလောက် Quality ကောင်းတဲ့ရေမွှေးကို 200ml ဆိုဒ်ကြီးမှ ၆ သိန်းကျော်ဆိုတာ တော်တော်လေးတန်တဲ့ ဈေးနှုန်းပါ။
Official website -
https://www.yangonbrandedperfume.com/product-page/givenchy-gentleman-reserve-privee-200ml
Video review - https://youtu.be/SQc8CDNzxfQ
Made in France
Sealed original retail packaging
top of page
Mobile/Viber - 0943065356
Mobile - 09250511966
Email - yangonbranded@gmail.com
Discount alerts - Yangon Branded Perfume Shop
YANGON BRANDED
In business since 2011
ငွေဈေးတွေ အများကြီးတက်သွားတဲ့အတွက် အခုဝက်ဗဆိုဒ်ဈေးတွေ update မဖြစ်ပါဘူး။ Viber 0943065356 မှာ လက်ရှိဈေးနဲ့ stock update မေးနိုင်ပါတယ်။
MMK 639,000Price
bottom of page
