top of page

Givenchy Gentleman Society Eau de Parfum for Men 200ml Mega Size - K 550,000 (In stock)

Givenchy ရဲ့ Gentleman Society က classic Givenchy Gentleman Eau de Parfum အနက်ရောင်ပုလင်းရဲ့အနံ့ကို ပိုပြီးခေတ်မီအောင် note တစ်ချို့ကိုပြောင်းပြီး ဖန်တီးထားတာပါ။

ဒီ Woody Aromatic အနံ့လေးက လူတော်တော်များများရဲ့စိတ်ဝင်စားမှုကို ရထားတယ်ဆိုတာကို fragrance community ထဲကလူတိုင်းနီးပါး သိပြီးကြပြီဖြစ်မှာပါ။ အဲဒီတော့၊ တကယ်ပဲ နာမည်နဲ့လိုက်အောင်ကောင်းလား?

ဒီရေမွှေးရဲ့ opening မှာ Cardamom နဲ့ Sage ရဲ့လန်းဆန်းပြီး နဲနဲလေး spicy ဖြစ်တဲ့အနံ့လေးနဲ့စပါတယ်။ ဒီလို opening အနံ့လေးပြီးသွားရင် French Narcissus နဲ့ Haitian Vetiver, Madagascar Vetiver နှစ်မျိုးရဲ့ပိုပြီး complex ဖြစ်တဲ့ mid note အနံ့ကိုခံစားရပါတယ်။ ဒီ Vetiver နှစ်မျိုးက မြေကြီးရနံ့လိုလို၊ မီးခိုးငွေ့လိုလိုအနံ့လေးကိုပေးပြီး Narcissus ကတော့ သိမ်မွေ့တဲ့ပန်းအနံ့လေးကိုထည့်ပေးပါတယ်။ နောက်ဆုံး Base note မှာ Vanilla, Palo Santo နဲ့ Cedar တို့ရဲ့နွေးထွေးပြီးသစ်သားဆန်တဲ့၊ sweet yet manly ချိုမြိန်တဲ့အနံ့လေးနဲ့အဆုံးသတ်ပါတယ်။

Review အများစုက Cardamom နဲ့ Vanilla ရဲ့နှစ်သက်ဖွယ်ကောင်းတဲ့အနံ့ကို ချီးကျူးကြပြီး မျှတပြီး ဆွဲဆောင်မှုရှိတဲ့အနံ့လို့ပြောကြပါတယ်။ ကျနော် sample ကိုစမ်းကြည့်ရသလောက်ရော လူတော်တော်များများက ရော ဒါက safe ဖြစ်တဲ့ရွေးချယ်မှုတစ်ခုဖြစ်ပြီး လူကြိုက်များတဲ့အနံ့ဖြစ်တယ်လို့ သေချာပေါက်ပြောလို့ရပါတယ်။ ဘယ်သူ့ကိုမှ အနှောင့်အယှက်မဖြစ်စေတဲ့၊ ဘယ်နေရာသွားသွားသင့်တော်တဲ့အနံ့မျိုးပါ။

"လူကြိုက်များတယ်" ဆိုတဲ့အချက်ကို အခြား review တွေမှာလည်း ထပ်ခါထပ်ခါပြောထားတာကိုကြည့်ရင် ဒါက တကယ်ကိုလူကြိုက်များတဲ့အနံ့ဆိုတာသိနိုင်ပါတယ်။ တချို့ review တွေကတော့ ဒီအနံ့က classy ဖြစ်သလို လျှို့ဝှက်ဆန်းကြယ်တယ်လို့ပြောကြပြီး ပိုပြီးယဉ်ကျေးပြီး စိတ်ဝင်စားဖို့ကောင်းတဲ့အငွေ့အသက်ကိုပေးတယ်လို့ဆိုကြပါတယ်။ နောက်ပြီး မိနစ် ၃၀ လောက်ကြာသွားရင် ဒီအနံ့က ပိုပြီးညင်သာသွားပြီး သူ့ရဲ့အစစ်အမှန်အနံ့ ခေတ်မီပြီး သိမ်မွေ့တဲ့လူကြီးလူကောင်းအနံ့ ကိုပြတယ်လို့လည်းပြောကြပါတယ်။

ပူတဲ့နွေရာသီသာမက date night တွေအတွက်ပါကောင်းတယ်ဆိုတဲ့အချက်က သူ့ရဲ့ဘက်စုံသုံးနိုင်တဲ့အချက်နဲ့ ရိုမန်တစ်ဆန်တဲ့အချက်ကို ပိုပြီးခိုင်မာစေပါတယ်။

အားနည်းချက် မရှိသလောက်ဖြစ်ပေမယ့် စစ်စစ်ပေါက်ပေါက် ထောက်ပြရမယ်ဆိုရင်တော့ Gentleman Society က Gentleman line မှာရှိတဲ့ တခြား ရေမွှေးတွေထက် ပိုပြီးမဆို စလောက်လေး woody and earthy ဖြစ်လွန်းတယ်လို့ထင်ရပါတယ်။ ဒါက ပိုပြီးချိုတဲ့၊ လန်းဆန်းတဲ့အနံ့ကို မျှော်လင့်ထားတဲ့သူတွေအတွက်တော့ ထည့်စဉ်းစားရမယ့်အချက်တစ်ခုဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒီ woody scent note ကပဲ mass appealing ဖြစ်တဲ့ ရနံ့ခွဲအမျိုးအစားဖြစ်တာမို့ တချို့လူတွေကပိုပြီးတောင် ကြိုက်လိမ့်မယ်လို့ထင်ပါတယ်။

ကျွန်တော့်အမြင်အရတော့ Givenchy Gentleman Society က ဘက်စုံသုံးနိုင်တဲ့အနံ့ဖြစ်ပြီး အမျိုးသားတော်တော်များများ ကြိုက်နိုင်ပါတယ်။ အရမ်းငယ်ရွယ်လွန်းတာမျိုးလည်းမဟုတ်၊ အရမ်းရင့်ကျက်လွန်းတာမျိုးလည်းမဟုတ်တော့ အသက် ၂၀ နှောင်းပိုင်းကနေ ၄၀ နှောင်းပိုင်းအထိ လူတွေအတွက် သင့်တော်ပါတယ်။

လူကြိုက်များတဲ့အနံ့ဖြစ်လို့ ရုံးမှာနေ့တိုင်းသုံးဖို့အပြင် လူမှုရေးပွဲတွေအတွက်လဲ အရမ်းသင့်တော်ပါတယ်။ အရမ်း strong ဖြစ်တာမျိုးမဟုတ်တော့ တော်သင့်ရုံ overspray ဖြစ်သွားမိတယ်ဆိုရင်တောင်အခန်းထဲမှာ လူတွေကိုထွက်ပြေးစေမှာမဟုတ်ဘူး။

Social butterfly လို့ခေါ်တဲ့ လူမှုရေးကိစ္စတွေများတဲ့ working professional တွေက Date တွေ၊ ပါတီတွေ၊ networking ပွဲတွေ ဒါမှမဟုတ် ပေါ့ပေါ့ပါးပါး အပြင်ထွက်တာတွေအတွက် ဒီတစ်မျိုးထဲကိုပဲ ဦးနှောက်ခြောက်စရာမလိုဘဲ စွဲသုံးနိုင်တာမို့ ဒီရေမွှေးကသူ့နာမည်နဲ့လိုက်တဲ့ well balanced and refined all rounder ရေမွှေးအမျိုးအစားဖြစ်ပါတယ်။

Made in France

Sealed original retail packaging

Official website -

https://www.yangonbrandedperfume.com/product-page/givenchy-gentleman-society-200ml-mega-size

Givenchy Gentleman Society 200ml mega size

K550,000.00Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page