top of page

Givenchy Gentleman Society Ambree Eau de Parfum for Men 100ml - K 420,000 (In stock)

2025 မှာ ထွက်တဲ့ Givenchy Gentleman Society Ambrée Eau de Parfum - အေးဆေးတည်ငြိမ်ပြီး ခန့်ငြားတဲ့ အရှိန်အဝါကို လိုချင်တဲ့ business executive တွေအတွက်

Givenchy Gentleman ရဲ့ ရေမွှေးမျိုးစုံထဲမှာ Gentleman EDP ရဲ့ ချောမွေ့တာ၊ Boisée ရဲ့ အလွှာလိုက် rich ဖြစ်တဲ့ရနံ့ကိုခံစားရတာနဲ့ Society EDP ရဲ့ ပွင့်လန်းတဲ့ ရနံ့တွေလိုပဲ အခု 2025 မှာ နောက်ဆုံးထွက်တဲ့ Gentleman Society Ambrée ကလဲ ဒီ collection ထဲက ပြောင်မြောက်ပြီးဘက်စုံသုံးလို့ရတဲ့ရေမွှေး နောက်တစ်မျိုးဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့ positive vibe ကိုပေးတဲ့ရနံ့မျိုးဖြစ်လို့ boardroom တွေ၊ meeting တွေနဲ့ client တွေနဲ့ ထိတွေ့ရတဲ့နေရာမျိုးတွေအတွက် သင့်တော်ပါတယ်။

🌿 ပထမဆုံး ဆွတ်လိုက်တာနဲ့ clary sage, nutmeg, juniper berries တို့ကနေ လန်းဆန်းပြီး သန့်ရှင်းတဲ့ spice ရနံ့တစ်မျိုးကို ရပါတယ်။ Air-con ခန်းထဲမှာတောင် လန်းဆန်းမှုကို ပေးပြီး ဘေးလူကိုလည်း မနှောင့်ယှက်ပါဘူး။ ဒီရနံ့က လှပတဲ့ wool-cashmere blazer လိုမျိုး နွေးထွေးမှုကို ပေးပြီး အသံကျယ်လောင်တဲ့ ရေမွှေးကြွားလုံးထုတ်မှုမျိုး မဟုတ်ပါဘူး။ ဆွတ်ထားတဲ့သူကိုသတိတရ မှတ်မိနေစေမယ့် ရနံ့မျိုးပါ။ Meeting ခန်းထဲမှာ ကိုယ့်ကို သတိထားမိရုံလောက်ပဲဖြစ်စေပြီး အခန်းတစ်ခုလုံးကို လွှမ်းမိုးသွားတာမျိုး မဟုတ်ပါဘူး။

🌿 Ambrée ရဲ့ လုပ်ငန်းခွင်အတွက် အကောင်းဆုံးဖြစ်စေတဲ့ အချက်ကတော့ သူ့ရဲ့ middle note ရနံ့ပါပဲ။

Narcissus, orris နဲ့ vetiver အမျိုးအစား နှစ်မျိုး ပေါင်းထားတာက ပန်းရနံ့လွန်တာ ဒါမှမဟုတ် မီးခိုးရနံ့လွန်တာမျိုး မရှိဘဲ မြေနံ့သင်းတဲ့ ခန့်ငြားမှုကို ပေးပါတယ်။

အထူးသဖြင့် vetiver က သန့်ရှင်းပြီး ခြောက်သွေ့တဲ့ metallic ဆန်တဲ့ earthy scent ကိုပေးပါတယ်။ စကားနည်းပေမယ့် အရေးကြီးတာကိုပဲ ပြောတတ်တဲ့သူမျိုးရဲ့ တည်ငြိမ်မှုနဲ့ တိကျမှုမျိုးပေါ့။

Sandalwood ကတော့ ချောမွေ့နူးညံ့တဲ့ အထိအတွေ့ကိုပေးလို့ button down ရှပ်အင်္ကျီ ဒါမှမဟုတ် blazer အောက်မှာ ဆွတ်ထားရင် အရမ်းလိုက်ဖက်ပါတယ်။

🌿 Tobacco, vanilla နဲ့ Peru balsam တို့ပေါင်းထားတဲ့ base ရနံ့က Ambrée ရဲ့ အောင်မြင်မှုကို တိတ်တိတ်လေး အဆုံးသတ်ပေးပါတယ်။ ဒီမှာပါတဲ့ tobacco က မီးခိုးနံ့၊ ပြာနံ့မျိုးမဟုတ်ဘဲ ချောမွေ့ပြီး သားရေနံ့နီးပါး ဆန်ပါတယ်။ vanilla ကလည်း မွှေးကြိုင်တဲ့ မုန့်ရနံ့ (gourmand) type ထဲကို မဝင်ဘဲ ချဉ်းကပ်ရလွယ်တဲ့ နွေးထွေးမှုကို ပေးပါတယ်။ Office ပတ်ဝန်းကျင်လိုမျိုးမှာဆိုရင် ဒါက ညင်သာသိမ်မွေ့တဲ့ ရနံ့ aura တစ်ခုကို ဖန်တီးပေးတာပါ။ လူအများသိအောင် ထုတ်လွှင့်တာမျိုးမဟုတ်ဘဲ ဖိတ်ခေါ်မှုတစ်ခုလိုပါပဲ။

ဒါဟာ ရနံ့ကို အခန်းအနှံ့ လွှမ်းမိုးစေချင်တာမဟုတ်ဘဲ အနီးကပ်မှ ထူးခြားကောင်းမွန်တဲ့ ရနံ့မျိုးကို လိုချင်တဲ့ လုပ်ငန်းခွင်အကြီးအကဲတွေအတွက် ပြီးပြည့်စုံတဲ့ ရနံ့အဆုံးသတ်ပါပဲ။

❇️ လုပ်ငန်းခွင်အတွက် သင့်တော်တဲ့ အရည်အသွေးများ

// Performance တရားလွန်ပြင်းထန်ခြင်းမရှိဘဲ ခိုင်မာပါတယ်။ တစ်နေကုန် ရုံးချိန်အတွင်းမှာ ချောမွေ့တဲ့ ရနံ့အငွေ့အသက်ကို ခံစားရမှာပါ။

// Projection က အသင့်အတင့်ပါ။ အနီးကပ်ထိတွေ့ရတဲ့ နေရာတွေဖြစ်တဲ့ meeting မှာ elevator အတူစီးတာ ကားအတူစီးတာမျိုးတွေအတွက် ဘေးလူတွေကိုစိတ်အနှောင့်ယှက်ဖြစ်စေမှာမဟုတ်ဘဲ ကောင်းပါတယ်။

// Sillage ကလဲ အလောတော်ပဲဖြစ်ပါတယ်။ လုပ်ငန်းခွင်နဲ့ semi-formal ပွဲတွေအတွက် အကောင်းဆုံးပါပဲ။

// သူ့ရဲ့ရနံ့ဖွဲ့စည်းပုံသဘောတရားအရကိုက အေးတဲ့နေရာတွေအတွက် အသင့်တော်ဆုံးပါပဲ။ ဒါပေမယ့် air-con ခန်းထဲမှာဆို တစ်နှစ်ပတ်လုံး သုံးလို့ရလောက်အောင် ခန့်ငြားပါတယ်။

📶 Gentleman line ထဲကတခြားရေမွှေးတွေနဲ့ယှဉ်ကြည့်ရင်

// Gentleman EDP နဲ့ ယှဉ်ရင် Ambrée က ပေါင်ဒါနံ့နည်းပြီး ပိုပြီး မြေနံ့သင်းပါတယ်။

// Boisée နဲ့ ယှဉ်ရင် ပိုပြီး polished ဖြစ်ပြီး spice နံ့ နည်းပါတယ်။

// Réserve Privée နဲ့ ယှဉ်ရင် သူ့ရဲ့ creaminess ကို လျှော့ချထားပြီး ရုံးခန်းနဲ့ သင့်တော်တဲ့ နွေးထွေးမှုကို ပေးပါတယ်။

Givenchy Gentleman Society Ambrée ကတော့ အခန်းထဲမှာ လူအများ အာရုံစိုက်ဖို့ အသံကျယ်စရာမလိုတဲ့ ခေတ်ဆန်တဲ့ business executive တွေအတွက် ရေမွှေးပါပဲ။ တည်ငြိမ်တဲ့ အရှိန်အဝါ ကို ဖော်ပြရာမှာ ဆရာကျပါတယ်။ ပုံစံကျကျ၊ ခန့်ငြားပြီး ခေတ်ဆန်တဲ့ ယောကျ်ားပီသမှုကို ပေးပါတယ်။ Air-con ခန်းလိုမျိုးမှာ ရနံ့က ကောင်းတဲ့မိတ်ဆွေလည်း ဖြစ်နိုင်သလို မကောင်းတဲ့ အာရုံထွေပြားမှုလည်း ဖြစ်နိုင်ပါတယ်။ Ambrée ကတော့ အရသာရှိတဲ့ ခန့်ငြားမှု နယ်ပယ်ထဲမှာ မြဲမြံစွာ ရှိနေပါတယ်။

Made in France

Sealed original retail packaging

Official website -

https://www.yangonbrandedperfume.com/product-page/givenchy-gentleman-society-ambree

Givenchy Gentleman Society Ambree Eau de Parfum for Men 100ml

K420,000.00Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page