top of page

Givenchy Gentlemen Only EDT Perfume for Men 100ml - K 295,000 (In stock)

 

Givenchy Gentlemen Only – လူကြီးလူကောင်းတစ်ယောက်အတွက် ရုံးသွားရင်သုံးဖို့ အကောင်းဆုံးရေမွှေး

Givenchy Gentlemen Only ကိုသစ်သားနံ့နဲ့ spice mix ရနံ့ကို အခြေခံထားပြီး ဂန္တဝင်ဆန်တဲ့ယောက်ျားပီသမှုကို ခေတ်မီတဲ့ပုံစံနဲ့ ပြန်လည်ဆန်းသစ်ထားတယ်လို့ ပြောလို့ရပါတယ်။

🌿 Scent Profile

Top Notes - Pink pepper, green mandarin, birch leaf, nutmeg

Heart Notes - Cedar, patchouli, vetiver

Base Notes - Incense, musk

 

🌿 စဖျန်းလိုက်တာနဲ့ နူးညံ့ပေမယ့် လန်းဆန်းတက်ကြွတဲ့spicy fresh ရနံ့ကို ခံစားရမှာပါ။ ပန်းငရုတ်ကောင်းနဲ့ လိမ္မော်ခွံစိမ်းရနံ့က ပြင်းရှရှမဟုတ်ဘဲ သန့်ရှင်းသပ်ရပ်တဲ့အငွေ့အသက်ကိုပေးတယ်။ ဇာတိပ္ဖိုလ်သီးရဲ့စပ်ရှိန်းရှိန်းရနံ့က နွေးထွေးမှုကို ပေါင်းထည့်ပေးပြီး birch leave ကတော့ မီးပူတိုက်ထားတဲ့ ရှပ်အင်္ကျီလိုမျိုး သန့်ရှင်းကြည်လင်တဲ့ စိမ်းဖန့်ဖန့်ရနံ့ကို ပေးပါတယ်။

နောက်ပိုင်း Dry-down stage ရောက်တဲ့အခါမှာတော့ အဓိကရနံ့က ပိုပြီးတည်ငြိမ်လေးနက်လာပါတယ်။ Cedarwood နဲ့ ပက်ချူလီရနံ့က ခြောက်သွေ့တဲ့သစ်သားနံ့ကိုပေးပြီး ဗက်တီဗာမြက်နံ့ကတော့ ကြမ်းတမ်းတဲ့ပုံစံမျိုးမဟုတ်ဘဲ လန်းဆန်းတဲ့မြက်ပင်နံ့လို ယောက်ျားပီသမှုကို ပေါ်လွင်စေပါတယ်။

Base ရနံ့ကတော့ ဒီရေမွှေးကို ရုံးသုံးအတွက် အကောင်းဆုံးဖြစ်စေတဲ့အချက်ပါပဲ – incense နဲ့ ကတိုးနံ့သင်းသင်းလေးက သန့်ရှင်းပြီး လူကြီးလူကောင်းဆန်တဲ့ တည်ညိမ်မှုကိုသိသာစေတဲ့ ဆွဲဆောင်မှုမျိုးကိုပေးပါတယ်။

📶 ဘယ်အချိန်၊ ဘယ်နေရာမှာသုံးဖို့သင့်တော်လဲ

အဲကွန်းဖွင့်ထားတဲ့နေရာတွေမှာဆို ( office, meetings, formal lunches, indoor professional events)

အချိန်မရွေး သုံးလို့ရပါတယ်။

ဒါက ကလပ်သွားတဲ့အခါသုံးဖို့ ရေမွှေးမျိုးမဟုတ်သလို လူအများကြားမှာ ထင်းနေအောင်ဆွတ်ရတဲ့ ရေမွှေးမျိုးလည်းမဟုတ်ပါဘူး။ ယုံကြည်မှုရှိပေမယ့် မာနကြီးတဲ့ပုံစံမျိုးလည်း မပေါက်ပါဘူး။ Ideal for settings where restraint is power!

🌀 အားသာချက်များ

// ကျက်သရေရှိပြီး တခြားသူတွေကို အနှောင့်အယှက်မဖြစ်စေတဲ့ရနံ့ဖြစ်ပြီး လူအများနဲ့အတူရှိနေတဲ့နေရာမှာ တခြားသူတွေရဲ့ရေမွှေးနံ့နဲ့ ရောယှက်ပြီး မကောင်းတဲ့အနံ့ထွက်မှာမျိုး မစိုးရိမ်ရဘူး။

// ခေတ်မီပြီး လန်းဆန်းတဲ့ရနံ့နဲ့ နွေးထွေးတဲ့ရနံ့တွေကို မျှမျှတတ ပေါင်းစပ်ပေးထားတယ်။

// ဈေးနှုန်းသင့်တယ်။ တခြားဈေးကြီးတဲ့ နာမည်ကြီးရေမွှေးတွေနဲ့ယှဉ်ရင် value for money ဖြစ်တဲ့ဈေးနဲ့ ရနိုင်လေ့ရှိတယ်။

// Projects professional aura – feels like a suit in a bottle

⚠️ အားနည်းချက်

// ပြင်းပြင်းရှရှ ဒါမှမဟုတ် အကြာကြီးခံတဲ့ရေမွှေးကြိုက်တဲ့သူတွေအတွက်တော့ နည်းနည်းပျော့တယ်လို့ထင်နိုင်တယ်။

 

Dior Homme EDT / Hermès Terre d’Hermès EDT နဲ့ YSL L’Homme EDT တွေကိုကြိုက်တယ်ဆိုရင် Givenchy Gentleman Only ကိုလည်း ကြိုက်နိုင်ပါတယ်။

ဒီ ပြင်သစ်ရေမွှေးက စမတ်ကျပြီး ရင့်ကျက်တဲ့၊ နေ့စဉ်သုံးဖို့အဆင်ပြေတဲ့၊ ပိုမိုပေါ်လွင်အောင် အားစိုက်ထုတ်စရာမလိုတဲ့ ရေမွှေးတစ်မျိုးပါ။ တိတ်ဆိတ်တဲ့ယုံကြည်မှုမျိုးကို ဖော်ကျူးတဲ့အတွက် ကိုယ့်ရဲ့ရေမွှေးနံ့က တခြားသူတွေကို ထင်ထင်ရှားရှားကြီးမသိစေချင်တဲ့ ပညာရှင်အဆင့်လူတွေအတွက် အဓိကထားသုံးနိုင်တဲ့ ရေမွှေးကောင်းတစ်ခုဖြစ်ပါတယ်။ "သိမ်မွေ့ခြင်းထဲမှာ စွမ်းအားရှိတယ်" ဆိုတဲ့ အလှအပအမြင်မျိုး ရှိတယ်ဆိုရင်တော့ ဒါက နေ့စဉ်သုံးဖို့ အတော်ပါပဲ။ လက်ဆွဲနှုတ်ဆက်၊ အလုပ်ကိစ္စတွေအောင်မြင်အောင် ဆောင်ရွက်ပြီး ကျက်သရေရှိတဲ့အငွေ့အသက်လေးနဲ့ လှည့်ထွက်သွားတတ်တဲ့ အမျိုးသားတွေအတွက် အသင့်တော်ဆုံးပါပဲ။

Made in France

Imported from USA

Sealed original retail packaging

Official website -

https://www.yangonbrandedperfume.com/product-page/givenchy-gentlemen-only-edt-perfume-for-men-100ml-1

Review - https://youtu.be/5Wnw3MGZPjg?si=0Fmk50acha-kae50

Givenchy Gentlemen Only EDT Perfume for Men 100ml

K295,000.00Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page