Gucci Guilty Eau de Parfum (Pour Femme) – "Elegant ဖြစ်ပြီး လူကြားထဲ ထင်းခနဲဖြစ်စေမယ့် အနံ့မျိုး"
Gucci Guilty Pour Femme Eau de Parfum Value Set (90ml + 15ml) - K 429,000 (In stock / Sale Price)
ဒီ Gucci Guilty EDP ကတော့ မူလ Guilty EDT ထက် ပိုပြီး Rich ဖြစ်တယ်၊ ပိုပြီး ဆွဲဆောင်မှုရှိတဲ့ဘက်ကို သွားပါတယ်။ Fragrantica မှာလည်း rating တော်တော်ကောင်းတဲ့ထဲမှာ ပါပါတယ်။
🌿 ပထမဆုံး ဖြန်းလိုက်တာနဲ့ Mandora လိမ္မော်သီးရဲ့ လန်းဆန်းတဲ့အနံ့နဲ့ Pink Pepper ရဲ့ ခပ်စပ်စပ်အနံ့လေးကို ခံစားရမှာပါ။ ဒါပေမဲ့ အကြာကြီးမဟုတ်ဘူး၊ ခဏနေရင် သူက Lilac (ပန်းရောင်ပန်းလေးတွေ) ရဲ့ အနံ့ဘက်ကို ကူးသွားတယ်။
🌿 ဒီရေမွှေးရဲ့ Main character က Lilac ပါပဲ။ ပန်းနံ့ဆိုပေမဲ့ "အီစိမ့်" နေတဲ့ ပန်းနံ့မျိုးမဟုတ်ဘဲ ခေတ်မီတဲ့ ပန်းနံ့လွင်လွင်လေးပါ။ နောက်ဆုံး Dry down မှာတော့ Patchouli နဲ့ Amber တို့ကြောင့် အနံ့က တည်ငြိမ်ပြီး ပိုပြီး Expensive ဖြစ်တဲ့ Vibe မျိုးကို ရစေပါတယ်။
🌿 ဒီရေမွှေးက "Boss Lady" vibe မျိုး ရပါတယ်။ ယုံကြည်မှုရှိတယ်၊ ရင့်ကျက်တယ်၊ ဒါပေမဲ့ Sexy လည်း ကျတယ်ဆိုတဲ့ ပုံစံမျိုးပါ။
Office wear (ရုံးတက်) အတွက်လည်း ရှယ်ပဲ။ Date night (ချိန်းတွေ့) တဲ့အခါမျိုး ဒါမှမဟုတ် ပွဲတက်တွေမှာ Elegant ဖြစ်ချင်ရင်လည်း လုံးဝ အဆင်ပြေပါတယ်။
မြန်မာပြည် ရာသီဥတုနဲ့ဆိုရင် မနက်ပိုင်း ညနေပိုင်းနဲ့ အဲကွန်း အမြဲရတဲ့နေရာတွေမှာ အကောင်းဆုံးပဲ။ နွေရာသီ နေပူထဲမှာဆိုရင်တော့ ခပ်ပါးပါးလေးပဲ ဖြန်းဖို့ အကြံပေးချင်ပါတယ်။
✅ အနံ့က အရမ်း Expensive ဖြစ်ပြီး Classy ကျတယ်။
✅ အနံ့မပြင်းလွန်းလို့ နေ့စဉ်သုံးလို့ရတယ်။
✅ ပုလင်းဒီဇိုင်းက ရွှေရောင်နဲ့ဆိုတော့ dressing table ပေါ်တင်ထားရင်တောင် အထာကျတယ်။
အရမ်း "နုနုရွရွ" ဖြစ်တဲ့ ပန်းနံ့မျိုးထက်စာရင် နည်းနည်းလေး ပိုပြီး Bold ဖြစ်တဲ့၊ Sexy ကျတဲ့ Floral အနံ့မျိုးကို ရှာနေတာဆိုရင် Gucci Guilty EDP က လုံးဝ လက်မလွှတ်သင့်တဲ့ ရေမွှေးပါ။ "လူကြားထဲမှာ အနံ့လေးက တစ်မျိုးလေး မွှေးနေပါလား" လို့ အပြောခံချင်ရင်တော့ ဒါလေးကို ဝယ်သင့်ပါတယ်။
အခုဒီ value set မှာဆိုရင် 90ml ပုလင်းကြီးတလုံးနဲ့ အိတ်ထဲမှာ အသင့်ထည့်သွားလို့ကောင်းတဲ့ဆိုက်ဒ်ဖြစ်တဲ့ 15ml ပုလင်းလေးတစ်လုံး စုစုပေါင်း နှစ်ခုပါပါတယ်။ ပုလင်းကြီးကိုအိမ်မှာထားသုံးပြီး ပုလင်းသေးလေးကို ခရီးသွားတဲ့အခါယူသွားတာဖြစ်ဖြစ် ရုံးသွားတဲ့အိတ်ထဲမှာဆောင်ထားတာဖြစ်ဖြစ် အဆင်သင့်သုံးလို့ရတဲ့အတွက် ရေမွှေးနံ့ အမြဲ မွှေးနေချင်တဲ့သူတွေအတွက် သုံးလို့ အဆင်ပြေတဲ့ set ပါပဲ။
Official website -
https://www.yangonbrandedperfume.com/product-page/gucci-guilty-women-value-set
top of page
Mobile/Viber - 0943065356
Mobile - 09250511966
Email - yangonbranded@gmail.com
Discount alerts - Yangon Branded Perfume Shop
YANGON BRANDED
In business since 2011
ငွေဈေးတွေ အများကြီးတက်သွားတဲ့အတွက် အခုဝက်ဗဆိုဒ်ဈေးတွေ update မဖြစ်ပါဘူး။ Viber 0943065356 မှာ လက်ရှိဈေးနဲ့ stock update မေးနိုင်ပါတယ်။
K429,000.00Price
bottom of page
