top of page

Halloween Man X EDT Perfume for Men 125ml - K 163,900 (In stock)

Azzaro Wanted Parfum Edition နဲ့ Ferragamo Uomo Signature တို့နဲ့ရနံ့ဆင်ပြီး ဈေးအများကြီးသက်သာပြီး၊ 125ml size ကြီးမို့ ပိုလဲတွက်ချေကိုက်ပါတယ်။

 

စစဆွတ်ခြင်းမှာ cardamom, လီမွန် နဲ့ လာဗန်ဒါ အနံ့တွေရမှာမို့ blue fragrance တချို့နဲ့ဆင်တဲ့ fresh spicy opening ဖြစ်ပါတယ်။ Coffee နံ့ကို opening မှာမသိမသာ ရပေမယ့် mid note အနေနဲ့ ပိုပြီးပေါ်လွင်ပါတယ် - mid note မှာ Coffee အပြင် Whiskey, Cinnamon, Leather and Mineral notes တွေလဲ ပါပါတယ်။

Halloween X မှာပါတဲ့ coffee အနံ့ က black coffee နှပ်ထားတဲ့အချိန် မှာထွက်တဲ့ dark deep scent မဟုတ်ပဲ instant coffee တစ်ထုပ်ကိုဖေါက်ပြီး ရေနွေးလောင်းချ လိုက်တဲ့အခါ ထွက်လာတဲ့ creamy ဖြစ်တဲ့ sweet coffee ရနံ့ ဖြစ်လို့ mass appealing လူကြိုက် များတဲ့ ရေမွှေးဖြစ်နေတာ ဖြစ်ပါတယ်။

Dry down မှာတော့ warm and comforting ဖြစ်တဲ့ Tonka Bean, Amber and Incense ရနံ့တွေပါပါတယ်။

ဒီရေမွှေး ကို လူတစ်ယောက်နဲ့ တစ်ယောက် ခံစားမိပုံမတူပါဘူး။ တစ်ချို့က coffee note ကိုပိုခံစားမိလို့ ဖြစ်တဲ့ coffee forward scent type ရေမွှေးလို့ ပြောကြ ပြီး တစ်ချို့ ကလဲ note အားလုံး balanced ဖြစ်နေတယ့် well rounded scent လို့ ပြောကြပါတယ်။ Personally ပြောရရင်တော့ coffee နံ့ပါတဲ့ fresh spicy ရနံ့လိုမျိုး ခံစားရပါတယ်။ အသားပေါ် ဆွတ်ရင် နဲနဲ musky ဖြစ်တယ်ထင်လို့ အဝတ်ပေါ် မှာပဲ သုံးဖြစ်ခဲ့ပါတယ်။

Occasion အနေနဲ့ ပြောရင် note တွေကိုပဲ ကြည့်ပြီး evening/night scent လို့ ပြောကြပေမယ့် projection အရမ်းပြင်းတဲ့ ရေမွှေးမျိုးမဟုတ်လို့ all year round သုံးခဲ့ပါတယ်။ လူကြိုက်များတဲ့ scent composition / office safe scent မို့ သေသေချာချာ dose ကိုချိန်ပြီးဆွတ်ရင် compliment တွေ အများကြီးရပါတယ်။

https://www.yangonbrandedperfume.com/product-page/halloween-man-x-edt-perfume-for-men-125ml

လူသိအများဆုံး international perfume reviewer တွေရဲ့ recommendation တွေကိုဒီမှာကြည့်ပါ -

# SoCal Scents - https://youtu.be/QkwWGk4rsjg

# Gents Scent - https://youtu.be/2opr0-9oqb4

# Chaos Fragrances - https://youtu.be/3ABAixkRd1A

# Joy Amin - https://youtu.be/Uqe8Z1DFimQ

 

Top notes are Cardamom, Lavender and Lemon

Middle notes are Coffee, Whiskey, Cinnamon, Leather and Mineral notes

Base notes are Tonka Bean, Amber and Incense

Made in Spain

Imported from USA (FragranceX New York ကနေ ကိုယ်တိုင်သွင်းလာတာ ဖြစ်ပါတယ်)

Sealed original retail packaging

Halloween Man X EDT Perfume for Men 125ml

K163,900.00Price
    bottom of page