top of page

Halston Z-14 for Men (In stock/ Made in USA)

# 10ml decant (glass sprayer) - K 22,000

# 10ml decant (aluminium sprayer) - K 24,000

# 37ml decant (glass sprayer) - K 69,000

Halston Z-14 ဆိုတာ တကယ့် old-school masculine vibe အပြည့်နဲ့ ရေမွှေး ဖြစ်ပါတယ်။ ဒီဘက်ခေတ် ပေါ့ပေါ့ပါးပါး ရေမွှေးတွေနဲ့ လုံးဝမတူဘူး။

စဆွတ်လိုက်ချင်းမှာ Lemon နဲ့ Bergamot ရဲ့ လတ်ဆတ်မှုကို ခံစားရမယ်။ ဒါပေမဲ့ ပေါ့ပျက်ပျက် လတ်ဆတ်တာမျိုး မဟုတ်ဘဲ Cypress နဲ့ Basil ရနံ့တွေကြောင့် တောအုပ်ထဲ ရောက်သွားသလို စိမ်းစိုစို green notes.အနံ့လေးနဲ့ စတာပါ။ Gardenia ကတော့ ဒီအနံ့တွေကို အရမ်းကြီး စူးမနေအောင် နည်းနည်းလေး ထိန်းပေးထားသလိုပဲ။

ခဏနေလို့ အနံ့ နည်းနည်းငြိမ်သွားရင်တော့ Cinnamon ရဲ့ အနံ့နွေးနွေးလေးနဲ့အတူ Vetiver နဲ့ Cedar တို့ရဲ့ သစ်သားနံ့တွေက စပြီး နေရာယူလာတယ်။ Patchouli က ဒီအနံ့ကို ပိုပြီး နက်နက်ရှိုင်းရှိုင်း ဖြစ်စေပါတယ်။ အထူးသဖြင့် Cinnamon နဲ့ သစ်သားနံ့ ပေါင်းစပ်မှုက တကယ့်ကို ယောင်္ကျားပီသတဲ့ ရနံ့ပါ။

အချိန်အကြာကြီးနေရင် ကျန်ခဲ့မယ့်အနံ့က Leather နဲ့ Oakmoss ဖြစ်ပါတယ်။ ဒီအနံ့နှစ်ခုပေါင်းစပ်မှုက သူ့ကို legendary classic" ဖြစ်စေတာပါ။ Musk နဲ့ Amber ကြောင့် ဆွဲဆောင်မှုရှိပြီး ပူနွေးတဲ့ Vibe မျိုးနဲ့ အဆုံးသတ်သွားတာပါ။

​Vibe - အဝတ်အစား သေသပ်တဲ့၊ ရင့်ကျက်တဲ့၊ စကားကို တည်တည်ငြိမ်ငြိမ် ပြောတတ်တဲ့ လူကြီးလူကောင်းတစ်ယောက်ရဲ့ ပုံစံမျိုး။ Cool Dad ဒါမှမဟုတ် ၁၉၇၀-၈၀ ရုပ်ရှင်တွေထဲကလို bad boy vibe မျိုး ရစေတယ်။

​Occasion - အေးတဲ့ရာသီဥတု ဒါမှမဟုတ် ညဘက် Dinner တွေ သွားဖို့အတွက် အကောင်းဆုံးပဲ။

​Performance - Notes တွေက တော်တော်လေး လေးလံတာမို့ အနံ့က တော်တော်ခံပါတယ်။

အတိုပြောရင် ​စိမ်းစိုတဲ့ တောအုပ်နံ့ကနေ၊ နွေးထွေးတဲ့ သစ်သားနံ့၊ အဲဒီကမှတစ်ဆင့် ခပ်မိုက်မိုက် သားရေနံ့ဆီကို ကူးပြောင်းသွားတဲ့ ရေမွှေးလို့ ပြောလို့ရပါတယ်။အခုခေတ် ရေမွှေးအချိုတွေ၊ Blue fragrances တွေကိုပဲ ကြိုက်တဲ့သူဆိုရင် "အနံ့က ပြင်းလိုက်တာ" လို့ ထင်သွားနိုင်တယ်။ ဒါပေမဲ့ Vintage ဆန်တာ ကြိုက်တယ်၊ ခပ်မိုက်မိုက် ရင့်ကျက်တဲ့ပုံစံမျိုး လိုချင်တယ်ဆိုရင်တော့ ဒါဟာ masterpiece ပါပဲ။

// Decant ဆိုတာက ကျွန်တော်တို့ဆီမှာရောင်းတဲ့ 100ml, 200ml စတဲ့ ပုလင်းအကြီး (Full-size Original Bottle) တွေထဲကနေ ပမာဏနည်းနည်းကို ပုလင်းအသေးလေးတွေ (ဥပမာ 10ml, 37ml) ထဲ ပြန်ခွဲထည့်ထားတာကို ခေါ်တာပါ။

💡 Decant တွေကို ဘာလို့သုံးသင့်လဲ?

✔️ ပုလင်းအကြီး မဝယ်ခင် အနံ့ကိုအရင် စမ်းသုံးကြည့်လို့ရတယ်။

✔️ အိတ်ထဲ၊ အိတ်ကပ်ထဲထည့်ပြီး သယ်သွားရတာ ပေါ့ပေါ့ပါးပါးနဲ့ အဆင်ပြေတယ်။

✔️ ဈေးကြီးတဲ့ရေမွှေးတွေကို ဈေးသက်သက်သာသာနဲ့ စမ်းသုံးခွင့်ရတယ်။

❗သိထားသင့်တဲ့ အချက်လေးတွေ

👉 Original ဘူးခွံ၊ ပုလင်းလှလှလေးတွေ မပါတဲ့အတွက် လက်ဆောင်ပေးဖို့တော့ အဆင်မပြေပါဘူး။

👉 ကိုယ်တိုင်စမ်းသုံးဖို့ (testing) ဒါမှမဟုတ် အလွယ်တကူ ပေါ့ပေါ့ပါးပါးသုံးဖို့အတွက်ပဲ ရည်ရွယ်ပါတယ်။

Official website -

https://www.yangonbrandedperfume.com/product-page/halston-z14

Halston Z-14 for Men 10ml / 37ml Decant

K22,000.00Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page