ဒီနေ့တော့ ရုံးသွားရင်ဆွတ်ဖို့ အရမ်းအဆင်ပြေပြီး လူကြိုက်များတဲ့ ရေမွှေးလေးတစ်ခုအကြောင်း review လုပ်ပေးချင်ပါတယ်။ သူကတော့ Hanae Mori ရဲ့ နာမည်ကြီး Butterfly ရေမွှေးလေးပဲ ဖြစ်ပါတယ်။
Hanae Mori Butterfly Eau de Parfum for Women (In stock/Made in USA)
# 10ml Decant (glass sprayer) - K 27,000
# 10ml Decant (aluminium sprayer) - K 30,000
# 37ml Decant (galss sprayer) - K 89,000
🌿 ဒီရေမွှေးလေးရဲ့ အနံ့က တော်တော်လေး သပ်ရပ်ပြီး ဆွဲဆောင်မှုရှိတယ်။ ပထမဆုံး ဆွတ်ဆွတ်ချင်းမှာ စတော်ဘယ်ရီနဲ့ ဘလက်ဘယ်ရီသီးလေးတွေရဲ့ ချိုချဉ်ချဉ် သစ်သီးအနံ့လေးကို ရမယ်။ အဲဒီကနေ နည်းနည်းကြာတော့ စံပယ်၊ နှင်းဆီနဲ့ Ylang-Ylang (စံကားစိမ်း) ပန်းအနံ့လေးတွေ သင်းလာတယ်။
အချိန်ကြာလို့ Dry down ရောက်သွားတဲ့အခါမှာတော့ နံ့သာဖြူ (Sandalwood)၊ ဗာဒံစေ့ (Almond) နဲ့ သစ်သားနံ့ ခပ်နွေးနွေးလေး ကျန်ခဲ့ပြီး တကယ့်ကို ဈေးကြီးတဲ့၊ Luxury ဆန်တဲ့ အနံ့မျိုးလေး ဖြစ်သွားရော။
🌿 ရုံးခန်းထဲမှာ Air-con အေးအေးလေးနဲ့ တစ်နေကုန် အလုပ်လုပ်နေရတဲ့ ရုံးဝန်ထမ်းတွေအတွက်ကတော့ ဒါလေးက လုံးဝ Perfect ပါပဲ။ အဲကွန်းလေအေးအေးလေးနဲ့ အခန်းထဲမှာဆိုရင် သူ့ရဲ့ ပန်းနံ့နဲ့ သစ်သားနံ့လေးတွေက ပိုပြီး ပေါ်လွင်လာပြီး၊ အနားက ဖြတ်လျှောက်သွားတဲ့သူတိုင်းကို "ဟယ်... ဘာအနံ့လေးလဲ၊ အရမ်းမွှေးတာပဲ" လို့ တွေးသွားစေမယ့် အနံ့မျိုးပါ။
🌿 လုပ်ဖော်ကိုင်ဖက်တွေကိုလည်း အနံ့ပြင်းလို့ ခေါင်းကိုက်တာမျိုး၊ အနှောင့်အယှက်ဖြစ်တာမျိုး လုံးဝမဖြစ်စေဘူး။ ရုံးနဲ့လည်း ကိုက်ညီသလို၊ မိန်းမဆန်ဆန် ကျက်သရေရှိတဲ့ Vibe မျိုးလေး ပေးပါတယ်။
🌿 ကိုယ်က ရုံးသွားရင် ယုံကြည်မှုရှိရှိနဲ့ တစ်နေကုန် မွှေးပျံ့နေချင်တဲ့သူ၊ ကိုယ့်ကြောင့် ဘေးလူတွေ စိတ်အနှောင့်အယှက်မဖြစ်စေဘဲ သပ်ရပ်ကျော့ရှင်းတဲ့ အထင်အမြင်မျိုးကို ရစေချင်တဲ့သူဆိုရင် ဒီ Hanae Mori လေးကို သေချာပေါက် စမ်းကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ နွေရာသီ ရုံးခန်းထဲအတွက်တော့ စိတ်အချရဆုံးနဲ့ အလှပဆုံး ရွေးချယ်မှုတစ်ခု ဖြစ်မှာ သေချာပါတယ်။
100ml Full size ကတော့လောလောဆယ်ကုန်နေပါတယ်။
10ml / 37ml Decant ပဲရပါဦးမယ်။
Official website -
https://www.yangonbrandedperfume.com/product-page/hanae-mori-butterfly
// Decant ဆိုတာက ကျွန်တော်တို့ဆီမှာရောင်းတဲ့ 100ml, 200ml စတဲ့ ပုလင်းအကြီး (Full-size Original Bottle) တွေထဲကနေ ပမာဏနည်းနည်းကို ပုလင်းအသေးလေးတွေ (ဥပမာ 10ml, 30ml) ထဲ ပြန်ခွဲထည့်ထားတာကို ခေါ်တာပါ။
💡 Decant တွေကို ဘာလို့သုံးသင့်လဲ?
✔️ ပုလင်းအကြီး မဝယ်ခင် အနံ့ကိုအရင် စမ်းသုံးကြည့်လို့ရတယ်။
✔️ အိတ်ထဲ၊ အိတ်ကပ်ထဲထည့်ပြီး သယ်သွားရတာ ပေါ့ပေါ့ပါးပါးနဲ့ အဆင်ပြေတယ်။
✔️ ဈေးကြီးတဲ့ရေမွှေးတွေကို ဈေးသက်သက်သာသာနဲ့ စမ်းသုံးခွင့်ရတယ်။
❗သိထားသင့်တဲ့ အချက်လေးတွေ
👉 Original ဘူးခွံ၊ ပုလင်းလှလှလေးတွေ မပါတဲ့အတွက် လက်ဆောင်ပေးဖို့တော့ အဆင်မပြေပါဘူး။
👉 ကိုယ်တိုင်စမ်းသုံးဖို့ (testing) ဒါမှမဟုတ် အလွယ်တကူ ပေါ့ပေါ့ပါးပါးသုံးဖို့အတွက်ပဲ ရည်ရွယ်ပါတယ်။
top of page
Mobile/Viber - 0943065356
Mobile - 09250511966
Email - yangonbranded@gmail.com
Discount alerts - Yangon Branded Perfume Shop
YANGON BRANDED
In business since 2011
ငွေဈေးတွေ အများကြီးတက်သွားတဲ့အတွက် အခုဝက်ဗဆိုဒ်ဈေးတွေ update မဖြစ်ပါဘူး။ Viber 0943065356 မှာ လက်ရှိဈေးနဲ့ stock update မေးနိုင်ပါတယ်။
K27,000.00Price
bottom of page
