Hermes 24 Faubourg EDT Perfume for Women 100ml - K 499,000 (In stock)
Retail price USD 200 ကနေ discount ချထားတာဖြစ်ပြီး သုံးထားရင် amber, sandalwood, vanilla နဲ့ patchouli note တွေပါတဲ့အတွက် နွေးထွေးတဲ့ဆွဲဆောင်မှုကိုပေးနိုင်မှာဖြစ်တဲ့ ပြင်သစ်ရေမွှေးကောင်းဖြစ်တဲ့ Hermes 24 Faubourg ကို in stock ပြန်ရပါပြီ။
✅ ဒီရေမွှေးကိုသုံးကြတဲ့ cele တွေထဲမှာ Nicole Kidman, Julia Roberts နဲ့ Gwyneth Paltrow တို့ပါပြီး
✅ ဒီရေမွှေးကိုဖန်တီးတဲ့ ပြင်သစ်ရေမွှေးပညာရှင် Maurice Roucel က လူတိုင်းသိပြီးသားဖြစ်တဲ့ Nautica Voyage, Gucci Envy, Martin Margiela Matcha Mediation, Guerlain L'instant, Frederic Malle Musc Ravageur, Bond No 9 New Haarlem နဲ့ ပန်းသီးစိမ်းရေမွှေးလို့လူသိများတဲ့ DKNY Be Delicious အပါအဝင် ရေမွှေးကောင်းပေါင်းများစွာကို ဖန်တီးခဲ့သူလည်းဖြစ်ပါတယ်။
🌿 Floral oriental ရနံ့အမျိုးအစားဖြစ်တဲ့ဒီရေမွှေးရဲ့နာမည်ကို Hermes ရဲ့ပြင်သစ်နိုင်ငံပါရီမြို့ Number 24 Rue du Faubourg မှာရှိတဲ့ ပင်မဆိုင်လိပ်စာကို အစွဲပြုပြီးပေးထားတာဖြစ်ပြီး ရေမွှေးပုလင်းပုံစံကိုလည်း Hermes ရဲ့နာမည်ကြီးတဲ့ silk scarf ရဲ့ပုံစံကိုမှီငြမ်းပြီး stylish ဖြစ်တဲ့ ရွှေရောင်အဖုံးနဲ့ဒီဇိုင်းလုပ်ထားတာဖြစ်ပါတယ်။
✅ အားလုံးသိတဲ့အတိုင်း Hermes ကသူထုတ်လုပ်တဲ့ပစ္စည်းတွေရဲ့အရည်အသွေးကို အကောင်းဆုံးအနေနဲ့အမြဲ control လုပ်ထားတာဖြစ်ပြီး ဒီရေမွှေးကိုလည်း အရည်အသွေးအမြင့်ဆုံး ပါဝင်ပစ္စည်းတွေနဲ့ပြုလုပ်ထားလို့ EDT concentration ဖြစ်ပေမယ့် တချို့ eau de parfum တွေထက် ပိုပြီးကြာကြာခံပါသေးတယ်။
✅ EDT version ရဲ့အားသာချက်နောက်တစ်ခုက သူကပိုပြီး airy ဖြစ်တဲ့အတွက် ညနေပိုင်းသာမက နေ့ခင်းပိုင်းမှာပါ ဘေးလူတွေကို အနှောက်ယှက်ဖြစ်မှာ မပူရဘဲ သုံးလို့အဆင်ပြေပါတယ်။
🌿 Warm ဖြစ်တဲ့ base notes တွေအပြင် top/mid note မှာပါတဲ့ hyacinth နဲ့ ylang-ylang note တွေက အေးတဲ့အချိန်မှာ ပိုပြီးရုပ်လုံးကြွတဲ့ moisture enhancing note တွေဖြစ်လို့ အခုလို မိုးတွင်းမှာသုံးဖို့ ပိုပြီးတောင်လိုက်ဖက်ပါသေးတယ်။
🌿 ဒါအပြင် ညဘက်မှာ ချွေးထွက်တတ်တဲ့သူဆိုရင် (နှာခေါင်းနဲ့ဝေးတဲ့) အရေပြားပေါ်မှာ တစ်ချက် နှစ်ချက်လောက် ဆွတ်ထားရုံနဲ့ နွေးထွေးဆွဲဆောင်မှုရှိတဲ့ sensual ရနံ့ကို တစ်ညလုံးပေးနိုင်မှာဖြစ်ပါတယ်။
✅ Classic ဖြစ်တဲ့ရနံ့တွေနဲ့ မော်ဒန်ဖြစ်တဲ့ရနံ့တွေ ပေါင်းထားတဲ့ ဒီရေမွှေးကို အသက် ၃၅နှစ် အထက် Chanel Coco EDP လိုမျိုး Guerlain ရေမွှေးတွေလိုမျိုး rich, expensive and opulent floral amber scent type တွေကိုကြိုက်တဲ့ အမျိုးသမီးတွေကို recommend လုပ်ပါတယ်။
Notes - Hiacynth, Orange, Ylang-Ylang, Peach and Bergamot / Orange Blossom, Gardenia, Jasmine, Black Elder and Iris / Amber, Sandalwood, Patchouli and Vanilla
Made in France
Imported from USA (FragranceX New York)
Sealed original retail packaging
Official website -
https://www.yangonbrandedperfume.com/product-page/hermes-24-faubourg
Hermes website -
https://www.hermes.com/us/en/product/24-faubourg-eau-de-toilette-V107378V0/
top of page
Mobile/Viber - 0943065356
Mobile - 09250511966
Email - yangonbranded@gmail.com
Discount alerts - Yangon Branded Perfume Shop
YANGON BRANDED
In business since 2011
ငွေဈေးတွေ အများကြီးတက်သွားတဲ့အတွက် အခုဝက်ဗဆိုဒ်ဈေးတွေ update မဖြစ်ပါဘူး။ Viber 0943065356 မှာ လက်ရှိဈေးနဲ့ stock update မေးနိုင်ပါတယ်။
MMK 499,000Price
bottom of page
