top of page

Hermes Barenia EDP Review

မင်္ဂလာပါ ... ဒီနေ့တော့ Reddit နဲ့ Fragrantica က ရေမွှေးချစ်သူတွေကြားမှာ အရမ်းရေပန်းစားနေတဲ့ Hermes ရဲ့ ပထမဆုံး Chypre (ရှီပရာ) scent type ရေမွှေးဖြစ်တဲ့ Hermes Barenia EDP အကြောင်းလေး review လုပ်ပေးချင်ပါတယ်။

Hermes Barenia Eau de Parfum (In stock)

# 100ml Tester Packaging - K 365,000

# 10ml decant (glass sprayer) - K 46,000

# 10ml decant (premium glass sprayer) - K 49,000

# 37ml decant (glass sprayer) - K 149,000

Niche ရေမွှေး အကြမ်းစားကြီးတွေ (ဒေါ်လာ ၃၀၀၊ ၄၀၀ ကျော်တန်တွေ) ဝယ်မယ့်အစား သူတို့နဲ့ quality တူတူလောက်ကို ဈေးပိုသက်သာတဲ့ Hermes လို designer brand မျိုးကနေ ရတာဖြစ်လို့ ဒါဟာ တကယ့်ကို value buy (အရမ်းတန်တဲ့ အဝယ်) တစ်ခုပါပဲ။

ဒီရေမွှေးကို နာမည်ကြီး ပြင်သစ် Perfumer တစ်ယောက်ဖြစ်တဲ့ Christine Nagel က ဖန်တီးပေးထားတာပါ။

🌿 အစပထမ ဖြန်းလိုက်ရင် ရှန်ပိန် (Champagne) လိုလို ဝိုင်အဖြူ လိုလို စူးရှရှလေးနဲ့ လန်းဆန်းသွားတဲ့

Miracle Berry (ချဉ်ချိုချို သစ်သီးနံ့လေး) ရပါမယ်

🌿 နောက်ပိုင်းမှာ သစ်သားနံ့၊ Patchouli နဲ့ Hermes ရဲ့ နာမည်ကြီး Barenia သားရေ (Leather) နံ့ ခပ်သင်းသင်းလေး ပြောင်းသွားပြီး အရမ်းကို elegant ဖြစ်သွားပါတယ်။

🌿 တချို့က Mugler Angel နဲ့ ခပ်ဆင်ဆင်လို့ ပြောကြပေမယ့် Barenia က ပိုပြီး ရှင်းလင်းတယ်၊ ပိုပြီး Luxury ဆန်တဲ့ ဖက်ကို သွားပါတယ်။ Niche quality ရေမွှေးတွေအတိုင်း luxury အပြည့်ပါ။

✅ Unisex ဖြစ်တဲ့အတွက် ယောကျ်ားလေးတွေ သုံးရင်လည်း သေသပ်တဲ့ လူကြီးလူကောင်းဆန်ဆန် အနံ့မျိုးရပြီး၊ မိန်းကလေးတွေ သုံးရင်လည်း smart ကျကျနဲ့ ဆွဲဆောင်မှုရှိတဲ့ အနံ့မျိုး ပေးပါတယ်။

✅ Longevity (ခံနိုင်ရည်) အနေနဲ့လည်း အနည်းဆုံး ၅ နာရီကနေ ၈ နာရီအထိ ခံပြီး စမ်းထားတဲ့ cotton t-shirt ပေါ်မှာစွဲစွဲမြဲမြဲ ကျန်နေခဲ့ပါတယ်။ Performance ကောင်းတဲ့ ရေမွှေးပါ။

🌿 အခုလို ဇူလိုင်လ မိုးရာသီရဲ့ စိုစွတ်ပြီး အေးစိမ့်စိမ့်ဖြစ်နေတဲ့ ရာသီဥတုမျိုးမှာ Barenia ရဲ့ နွေးထွေးတဲ့ သစ်သားနံ့နဲ့ Patchouli အနံ့လေးက အရမ်းကို လိုက်ဖက်ပါတယ်။

✅ မိုးအေးအေးမှာ ကိုယ့်ဆီကနေ ဈေးကြီးတဲ့၊ သပ်ရပ်တဲ့ အနံ့လေး သင်းနေတာက စိတ်ကို အရမ်းကြည်လင်စေပါတယ်။ ပြီးတော့ အရမ်းမပြင်းတဲ့အတွက် ရုံးသွား၊ အလုပ်သွား နေ့စဉ်သုံး Everyday Scent အနေနဲ့လည်း သုံးဖို့ အဆင်ပြေပါတယ်။

✅ ပုလင်းဒီဇိုင်းကိုတော့ နာမည်ကြီး ဒီဇိုင်နာ Philippe Mouquet က Hermes ရဲ့ အထင်ကရ လက်ကောက်တစ်မျိုးဖြစ်တဲ့ Collier de Chien ကို အခြေခံပြီး ဖန်တီးပေးထားတာပါ

ကြည်လင်နေတဲ့ မှန်ပုလင်းအဝိုင်းလေးပေါ်မှာ သတ္တုပြား (Metal plate) နဲ့ စတုရန်းပုံ သတ္တုစတပ် (Studs) လေးတွေ တပ်ဆင်ထားတာက နူးညံ့မှုနဲ့ ခိုင်မာပြတ်သားမှု ဆိုတဲ့ ဆန့်ကျင်ဘက် အလှတရားနှစ်ခုကို သဟဇာတဖြစ်ဖြစ် ပေါင်းစပ်ပေးထားသလိုပါပဲ။

✅ ကိုယ့်ရဲ့ မှန်တင်ခုံပေါ်မှာ Hermes ရဲ့ brand prestige အပြည့်ပါတဲ့ ဒီလို အနုပညာမြောက် ပုလင်းဒီဇိုင်းလေးကို တင်ထားရတာကတင် တကယ့်ကို တန်ဖိုးရှိတဲ့ ခံစားမှုကို ရစေမှာ သေချာပါတယ်။

ရေမွှေးအနံ့လေးက ဆွဲဆောင်မှုရှိသလို၊ ပုလင်းဒီဇိုင်းကလည်း မြင်သူတိုင်း အထင်ကြီးရလောက်အောင် လှပသေသပ်တဲ့အတွက် တကယ့်ကို ပြည့်စုံတဲ့ masterpiece တစ်ခုအဖြစ် တွေ့ရမှာပါ။

✅ Hermes ရဲ့ official website နဲ့ boutique မှာဆိုရင် ဒီရေမွှေးရဲ့ Retail Price က USD 180 ကျော်အထိ ရှိပါတယ်။ ဒါပေမယ့် အခု Tester Packaging နဲ့ဆိုရင် မြန်မာငွေ K 365,000 ပဲ ကျသင့်မှာမို့ တကယ့်ကို Super Value for Money ဖြစ်နေတာပါ။

အခုလို ရေမွှေးတစ်လုံးကို သိန်းချီပေးဝယ်ရတာဆိုတော့ တကယ်တန်မှ ဝယ်ချင်ကြမှာပါ။ Barenia က ဈေးအရမ်းကြီးတဲ့ niche perfume တွေနဲ့ ယှဉ်ရင် ဈေးပိုသက်သာပေမယ့် သူပေးတဲ့ အနံ့၊ ခံနိုင်ရည်နဲ့ Hermes ဆိုတဲ့ brand value က တကယ့်ကို high-end niche တွေနဲ့ တန်းတူပါပဲ။

✅ ယောကျ်ားလေးရော မိန်းကလေးပါ သုံးလို့ရတဲ့ Unisex ရေမွှေးလည်းဖြစ်၊ ဈေးနှုန်းအရလည်း အရမ်းတန်တဲ့ Tester Packaging နဲ့ ရမှာဖြစ်လို့ ပိုက်ဆံကို Smart ကျကျ သုံးချင်သူတွေအတွက် လက်လွတ်မခံသင့်တဲ့ ရွေးချယ်မှုတစ်ခု ဖြစ်လာမှာပါ။

ဆွဲဆောင်မှုရှိပြီး အဆင့်အတန်းမြင့်တဲ့ Barenia လေးကို စမ်းသုံးကြည့်ဖို့ အကြံပြုပေးပါတယ်။ ပုလင်းလိုက်မဝယ်ချင်သေးတဲ့သူတွေနဲ့ နယ်က ဝယ်သူတွေအတွက်စမ်းသုံးနိုင်ဖို့ 10ml / 37ml decant လေးတွေလည်းရပါတယ်။

ဒီရေမွှေး 100ml Full Size ကို ကိုယ်တိုင်လာ အနံ့စမ်းပြီး ဝယ်ချင်တယ်ဆိုရင် Customer Service Viber နံပါတ် 0943065356 မှာ ဆက်လက်မေးမြန်းနိုင်ပါတယ်။ Decant တွေကိုတော့ delivery service နဲ့ပဲ ရောင်းပါတယ်။

Made in France

Tester packaging

Official website -

https://www.yangonbrandedperfume.com/product-page/hermes-barenia

📶 Customer Service Viber @ 0943065356

📶 One Click Contact @ viber://chat?number=95943065356

Hermes Barenia Eau de Parfum Unisex 100ml & 10ml / 37ml Decant

MMK 365,000Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page