Hermès H24 Eau de Parfum for Men 175ml Mega Size - K 599,000 (In stock)
Hermès ရေမွှေးတွေက သူ့တို့ရဲ့ သိမ်မွေ့ပြီး ကျက်သရေရှိတဲ့ပုံစံကြောင့် လူသိများပါတယ်။ H24 Eau de Parfum ကတော့ ခေတ်မီပြီး မလိုအပ်တဲ့အဆင်တန်ဆာတွေမပါတဲ့ ရိုးရှင်းလှပမှုကို ပုံဖော်ထားပါတယ်။
မူလ H24 EDT က ကြည်လင်ပြီး airy ဖြစ်တဲ့ ခံစားမှုကိုပေးတယ်ဆိုရင် ဒီ Eau de Parfum version ကတော့ ပိုပြီးနက်ရှိုင်းတဲ့ ခံစားမှု၊ ပိုပြည့်ဝတဲ့ရနံ့နဲ့ နွေးထွေးမှုကိုပေးစွမ်းနိုင်မှာပါ။
ဒါပေမဲ့ လုံးဝပြင်းရှရှကြီးမဟုတ်ပါဘူး။ မပြင်းထန်ဘဲ ဆွဲဆောင်မှုရှိတဲ့ ရေမွှေးကောင်းတစ်ခုရဲ့ ပြီးပြည့်စုံတဲ့ ဥပမာတစ်ခုပါပဲ။
🌿 စဖြန်းလိုက်တာနဲ့ Clary Sage ရဲ့ ကတ္တီပါလိုနူးညံ့တဲ့ရနံ့ကိုရမှာပါ။ စိမ်းစိုပြီး သဘာဝဆန်တဲ့ အပင်ရနံ့သင်းသင်းလေးပါ။ Citrus အသီးတွေလို ချဉ်ပြုံးပြုံးမဟုတ်ဘဲ သန့်ရှင်းလတ်ဆတ်တဲ့ရနံ့မျိုးဖြစ်လို့ တခြား green ရေမွှေးတွေထက် ပိုပြီး ရင့်ကျက်တည်ငြိမ်တဲ့ ခံစားမှုကိုပေးပါတယ်။
🌿 Middle note ကိုတော့ Narcissus ပန်းကနေရပါတယ်။ ဒါက ထင်နေကျ လှလှပပပန်းရနံ့မျိုးမဟုတ်ပါဘူး။ နည်းနည်းကြမ်းတမ်းပြီး မြေကြီးနံ့သင်းတဲ့၊ earthy ဆန်တဲ့ရနံ့မျိုးပါ။ ဒါကြောင့် H24 EDP ဟာ နည်းနည်းလေး နားလည်ရခက်ပြီး ဆန်းကြယ်တဲ့ feeling ကိုပေးပါတယ်။ ဒီလို mainstream ရေမွှေးတစ်ခုမှာ ဒီလောက်နက်ရှိုင်းတဲ့ရနံ့မျိုးပါဝင်လာမယ်လို့ လူတွေက သိပ်ထင်ထားမှာမဟုတ်ပါဘူး။
🌿 Base ရနံ့ကိုတော့ Rosewood နဲ့ Sclarene တို့က အဓိကထိန်းပေးထားပါတယ်။ H24 EDP က တခြား သာမန်ရေမွှေးတွေနဲ့မတူဘဲ Sclarene ကြောင့် အရမ်းကို ကွဲထွက်နေပါတယ်။ Sclarene ဆိုတာက ရှားပါးပြီး ခေတ်ရှေ့ပြေးတဲ့ရနံ့မျိုးဖြစ်ပြီး နွေးထွေးတဲ့ သတ္တုလိုလို သစ်သားလိုလိုရနံ့ကိုပေးပါတယ်။ မိုးရွာပြီးစ မြေစိုနံ့နဲ့ သတ္တုပူပူလေးကို ရောထားသလိုမျိုး၊ နို့အီအီလို သစ်သားနံ့လေးကို ခံစားရမှာပါ။
🧑✈️ ဘယ်သူတွေအတွက် အကောင်းဆုံးလဲ
// Professional settings – ကျက်သရေရှိတယ်၊ ဘေးလူကို မနှောင့်ယှက်ဘူး၊ အီလည်လည်ကြီး မဟုတ်ဘူး။
// Air-con ခန်းထဲမှာနေသူများ – အထူးသဖြင့် သန့်ရှင်းသပ်ရပ်တဲ့၊ ဒါမှမဟုတ် ရိုးရှင်းတဲ့နေရာတွေနဲ့ အရမ်းလိုက်ဖက်ပါတယ်။
// ပူအိုက်စွတ်စိုတဲ့ မိုးရာသီဥတု – သူ့ရဲ့ စိမ်းစို၊ လတ်ဆတ်ပြီး သတ္တုဆန်တဲ့ ရနံ့ဖွဲ့စည်းပုံကြောင့် မြန်မာနိုင်ငံရဲ့ ရာသီဥတုနဲ့တောင် အဆင်ပြေပါတယ်။
🧑🎓 ဘယ်လိုလူတွေနဲ့ လိုက်ဖက်လဲ?
// ရေမွှေး၊ အဝတ်အစားနဲ့ ဘဝနေထိုင်မှုပုံစံမှာ သန့်ရှင်းပြီး ဉာဏ်ပညာပါတဲ့ ဒီဇိုင်းမျိုးကို နှစ်သက်သူတွေအတွက်ပါ။
ကိုယ့်ကိုယ်ကိုယ် သပ်သပ်ရပ်ရပ်နေရတာကြိုက်ပေမဲ့ လူအများကြားမှာ ထင်ပေါ်နေဖို့မလိုတဲ့သူမျိုးတွေနဲ့ လိုက်ဖက်ပါတယ်။
ဥပမာ - Architects ၊ Designers ၊ Educators ဒါမှမဟုတ် ရိုးရှင်းတဲ့ wardrobe ကိုပဲဝတ်ဆင်တဲ့ professional များ
// အသက် ၂၀ နှောင်းပိုင်းနဲ့အထက်ရှိသူများ။
// EDT version ကို အရမ်းပေါ့ပြီး ခဏလေးနဲ့ ရနံ့ပျောက်သွားတယ်လို့ ခံစားရလို့ ပိုပြီးချောမွေ့ပြီး ကြာရှည်ခံတာမျိုးလိုချင်သူများ။
📶 H24 Eau de Toilette Vs Eau de Parfum
EDT - ပိုပြီး metallic ဆန်တယ်၊ လေလိုပေါ့ပါးတယ်၊ ရနံ့က ပိုကြည်လင်တယ်။
EDP - ပိုပြီးပြည့်ဝတယ်၊ creamier ဖြစ်တယ်၊ ပိုပြီး substantial ဖြစ်တယ်။ DNA ကတော့ အတူတူပဲ၊ ဒါပေမဲ့ ပိုပြီး ပြည့်ပြည့်၀၀နဲ့ နက်ရှိုင်းတဲ့ ခံစားမှုကို ပေါင်းထည့်ထားတယ်။ မူလ essence ကိုတော့ လုံးဝမပြောင်းလဲစေပါဘူး။
✅ Hermès H24 Eau de Parfum ဟာ ဈေးကွက်ထဲက သာမန် mass-market ရေမွှေးတွေနဲ့မတူပါဘူး။ သိမ်မွေ့ အနုပညာဆန်တဲ့သူတွေအတွက် ဖန်တီးထားတာပါ။ ခေတ်မီဆန်းသစ်တဲ့ စိမ်းစိုတဲ့သစ်သားရနံ့က ဆွဲဆောင်မှုရှိသလို နေ့စဉ်သုံးဖို့လည်း အဆင်ပြေပါတယ်။ တိတ်ဆိတ်ခြင်းထဲမှာ ယုံကြည်မှုအပြည့်ရှိနေတဲ့ ရနံ့မျိုးပါပဲ။
175ml Mega Size ဖြစ်တဲ့အတွက် အကြာကြီးအသုံးခံတဲ့အပြင် လက်ဆောင်ပေးမယ်ဆိုရင်လည်း အရမ်းခန့်ပါတယ်။
Made in France
Sealed original retail packaging
Official website -
https://www.yangonbrandedperfume.com/product-page/hermes-h24-edp-175ml
top of page
Mobile/Viber - 0943065356
Mobile - 09250511966
Email - yangonbranded@gmail.com
Discount alerts - Yangon Branded Perfume Shop
YANGON BRANDED
In business since 2011
ငွေဈေးတွေ အများကြီးတက်သွားတဲ့အတွက် အခုဝက်ဗဆိုဒ်ဈေးတွေ update မဖြစ်ပါဘူး။ Viber 0943065356 မှာ လက်ရှိဈေးနဲ့ stock update မေးနိုင်ပါတယ်။
MMK 599,000Price
bottom of page
