top of page

Hermes H24 EDT Perfume for Men Value Set (100ml + 12ml) - K 309,000 (In stock/On sale)

100ml ပုလင်းကြီးတစ်ပုလင်းနဲ့ 12.5ml အိတ်ဆောင်ပုလင်းလေးတစ်ပုလင်း စုစုပေါင်း 2 ပုလင်း ပါပါတယ်။

ပြင်သစ် luxury brand ဖြစ်တဲ့ Hermes မှ ၂၀၂၁ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့တဲ့ အမျိုးသားရေမွှေးဖြစ်ပါတယ်။ H24 ကို ဝါရင့်အမျိုးသမီးရေမွှေးပညာရှင် Christine Nagel မှ ဖန်တီးထားပြီး ခေတ်မီတဲ့ fresh aromatic green ရနံ့ဖြစ်ပါတယ်။

Top note တွေက Clary Sage နှင့် narcissus တို့ ဖြစ်ပြီး heart note များကတော့ rosewood နဲ့ sclarene တို့ဖြစ်ပါတယ်။ Base note တွေအနေနဲ့ Oak moss နဲ့ vetiver ရနံ့တွေဖြစ်ပါတယ်။

Hermes H24 ကို ၎င်းရဲ့ ထူးခြားတဲ့တွေ ရောစပ်ထားမှုနဲ့ အသုံးပြုထားတဲ့ ပါဝင်ပစ္စည်းများရဲ့ အရည်အသွေးကြောင့် သုံးပြီးသူများစွာမှ ချီးကျူးထားကြပါတယ်။ သုံးတဲ့သူတော်တော်များများက ဒီရေမွှေးကို လတ်ဆတ်သန့်ရှင်းတဲ့ ရနံ့ဖြစ်တယ်လို့ ပြောထားကြပြီး ဒီရေမွှေးမှာသုံးထားတဲ့ aroma chemical တစ်မျိုးဖြစ်တဲ့ Sclarene ကြောင့် နဲနဲ warm and metallic woody ဖြစ်တဲ့ရနံ့ ၊ rosewood ရနံ့ စတဲ့ထူးခြားတဲ့ ရနံ့တွေပါတာမို့ ခေတ်မီပြီး ထူးခြားသောရနံ့ကို ရှာဖွေနေသူများအတွက် ထည့်သွင်းစဉ်းစားသင့်ပါတယ်။

ပူတဲ့ရာသီမှာသုံးလို့ကောင်းတဲ့အပြင် လူငယ်တွေသုံးလို့ရအောင် မသိမသာချိုမွှေးပြီး ဖြစ်ပြီး လူကြီးတွေသုံးလို့ရအောင် classy and light office friendly ဖြစ်လို့ လူတိုင်းသုံးနိုင်ပါတယ်။

H24 က Hermes ရေမွှေးတွေထဲမှာ Sclarene ကိုသုံးတဲ့ ပထမဦးဆုံးသောရေမွှေးဖြစ်ပါတယ်။ ဒါကြောင့်လည်း သူ့ website မှာ H24 is the first perfume expressing the contemporary man as seen by Hermès လို့ပြောထားတာပါ။

ပုလင်းကလည်း ပြင်သစ်ဒီဇိုင်နာ Philippe Mouquet ဖန်တီးထားတဲ့ refillable bottle ဖြစ်ပြီး paper box ကလည်း 100% recycled and recyclable paper box ဖြစ်တာမို့ eco friendly ဖြစ်ပါတယ်။ H24 ဆိုတာ ပါရီမြို့ No. 24 Rue du Faubourg Saint-Honore မှာရှိတဲ့ Hermes ရဲ့အကြီးဆုံးဆိုင်ရဲ့လိပ်စာကိုယူပြီး H24 လို့နာမည်ပေးထားတာပါ။

 

Made in France

Sealed original retail packaging

https://www.yangonbrandedperfume.com/product-page/hermes-h24-edt-perfume-for-men-value-set-100ml-12ml

Review -

https://youtu.be/uryZacjbMm8

Hermes H24 EDT Perfume for Men Value Set (100ml + 12ml)

K309,000.00Price
    bottom of page