top of page

ဈေးသက်သာပြီး Classy ဖြစ်တဲ့ Hugo Boss Bottled Beyond Eau de Perfume for Men

Hugo Boss Bottled Beyond က နောက်ပိုင်းထွက်တဲ့ Hugo အမျိုးသားသုံးရေမွှေးတွေထဲမှာ တော်တော်လေးထူးခြားပါတယ်။ Designer brand ဈေးနဲ့ niche ရေမွှေးတွေလို luxury ဆန်တဲ့ ခံစားမှုကို ပေးနိုင်တာက သူ့ရဲ့ အားသာချက်ပါ။

🌿 သူ့ရဲ့ အဓိကရနံ့ကတော့ ဂျင်းရဲ့စပ်တဲ့အနံ့၊ သားရေရဲ့ ယောကျာ်းဆန်တဲ့အနံ့နဲ့ သစ်သားရဲ့ နွေးထွေးတဲ့အနံ့တွေ ပေါင်းစပ်ထားတာပါ။

🌿 ​စစဆွတ်လိုက်ရင် ဂျင်းနံ့စပ်စပ်လန်းလန်းလေးနဲ့ စပြီး ခဏအကြာမှာတော့ သားရေနံ့သင်းသင်းလေးကို ခံစားရမှာပါ။ နောက်ဆုံးအဆင့်မှာတော့ နွေးထွေးတဲ့ သစ်သားရနံ့လေးက အသားမှာ စွဲကျန်နေခဲ့မှာဖြစ်လို့ တည်ငြိမ်ပြီး ခန့်ညားတဲ့ ခံစားမှုကို ပေးပါတယ်။

✅ ​ဘယ်အချိန်အခါမဆို သုံးဖို့အရမ်းအဆင်ပြေပြီးတော့ စူးရှမနေဘဲ သိမ်မွေ့ပြီး classy တဲ့ပုံစံကို ပေါ်လွင်စေပါတယ်။ ဒါကြောင့် ရုံးတက်ချိန်ရော၊ ညနေပိုင်းပွဲတွေအတွက်ပါ ကွက်တိပါပဲ။

✅ ​ရေမွှေးဝါသနာအိုးတွေအတွက်တော့ ဒီရနံ့က လူကြိုက်များပြီး ဒေါ်လာ ၂၀၀ လောက်တန်တဲ့ Parfums de Marly Castley ဆိုတဲ့ niche ရေမွှေးနဲ့ အနံ့ခပ်ဆင်ဆင်တူပါတယ်။ တစ်ထပ်တည်းတူတာမျိုးမဟုတ်ပေမယ့်၊ အဲ့ဒီလိုမျိုး ခေတ်မီဆန်းသစ်ပြီး luxurious feeling မျိုးကို ရစေပါတယ်။

✅ ဒါကြောင့် သိမ်မွေ့ပြီး ကျက်သရေရှိတဲ့ ရနံ့တွေကို ကြိုက်တဲ့သူတွေအတွက်တော့ ဒါဟာ ဈေးပိုသက်သာပြီး အရမ်းကောင်းတဲ့ ရွေးချယ်မှုတစ်ခု ဖြစ်လာစေပါတယ်။

Hugo Boss Bottled Beyond Eau de Parfum for Men 100ml Tester Packaging - K 299,000 (In stock)

Made in France

Office website -

https://www.yangonbrandedperfume.com/product-page/hugo-boss-bottled-beyond

Video review 👉 https://youtube.com/shorts/U8oM2GlGVm0

*📩 Customer Service Viber number 0943065356* ကို ဆက်သွယ်ပြီး ချက်ချင်းလာဝယ်နိုင်ပါတယ်

Hugo Boss Bottled Beyond Eau de Parfum for Men 100ml Tester Packaging

MMK 299,000Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page