top of page

Hugo Boss Man EDT Perfume for Men 125ml - K 259,000 (In stock)

Hugo Boss ကထုတ်တဲ့ အမျိုးသားရေမွှေးတွေထဲမှာ အရင်ဆုံးထွက်တဲ့ အမျိုးအစားဖြစ်ပါတယ်။

ဒီရက်ပိုင်း မိုးအကုန် ဆောင်းအကူး ရာသီဥတုက စိုထိုင်းထိုင်းနဲ့ လူကို မှိုင်းမှိုင်းကြီး ဖြစ်စေတတ်ပါတယ်။ ဒါ့အပြင် အစစအရာရာ ကုန်ဈေးနှုန်းတွေ တက်နေတဲ့ ခေတ်မှာ ရေမွှေးတစ်ပုလင်း ဝယ်မယ်ဆိုရင် ဘယ်နေရာသွားသွား စွယ်စုံသုံးလို့ရပြီး တန်ကြေးနဲ့တန်မယ့် signature scent မျိုးကိုပဲ ရွေးချင်ကြမှာပါ။

ဒီလိုအချိန်မှာ Hugo Boss Man က စိတ်ကို ချက်ချင်း လန်းဆန်းသွားစေမယ့် ရေမွှေးကောင်းတစ်ခု ဖြစ်ပါတယ်။

🌿 သူ့ကို စဖျန်းလိုက်တာနဲ့ ပန်းသီးစိမ်း (Green Apple) ရဲ့ သင်းပျံ့လတ်ဆတ်တဲ့ အနံ့လေးက စိတ်ကို ချက်ချင်း ကြည်လင်သွားစေပါတယ်။

🌿 ခဏကြာလို့ Dry down ရောက်သွားရင်တော့ Mint ရဲ့ အေးမြမှုနဲ့အတူ Fir Balsam ထင်းရှူးနံ့ သင်းသင်းလေးနဲ့ Woody သစ်သားနံ့လေးတွေ ပေါင်းစပ်သွားပြီး သန့်ရှင်း ယောကျ်ားဆန်တဲ့ Clean & Fresh ခံစားချက်ကို ပေးပါတယ်။

Hugo Boss Man ကို ဘယ်လိုလူတွေ ပိုကြိုက်နိုင်မလဲ

✅ မနက်ခင်း ရုံးတက် ကျောင်းတက်ချိန်တွေမှာ သန့်ရှင်းလတ်ဆတ်တဲ့ အနံ့သင်းသင်းလေးနဲ့ confidence ရှိနေချင်သူတွေ

✅ အနံ့ပြင်းပြင်း ခေါင်းကိုက်တာမျိုး မဟုတ်ဘဲ သဘာဝဆန်ဆန် သစ်သီးနဲ့ သစ်သားနံ့ အေးအေးလေးကို ကြိုက်သူတွေ

✅ Gym သွားတာပဲဖြစ်ဖြစ်၊ Casual အပြင်ထွက်တာပဲဖြစ်ဖြစ် Daily Wear အဖြစ် စိတ်ချလက်ချ သုံးချင်သူတွေ

✅ ကုန်ကျစရိတ် သက်သာပြီး ရာသီမရွေး ဘယ်နေရာသွားသွား အဆင်ပြေပြေ စွယ်စုံသုံးလို့ရတဲ့ ရေမွှေးရှာနေသူတွေ

✅ အမွှေးနံ့ ချိုချိုအီအီ တွေကြားထဲမှာ ကိုယ့်ရဲ့ သန့်ရှင်းသပ်ရပ်တဲ့ ပုံရိပ်ကို အေးအေးဆေးဆေးလေး ဖော်ပြပေးနိုင်တာမို့ နေ့စဉ်ဘဝမှာ အမြဲဆောင်ထားသင့်တဲ့ Fresh Fragrance လေးတစ်ခုပါပဲ။

Made in France

Sealed original retail packaging

Official website -

https://www.yangonbrandedperfume.com/product-page/hugo-boss-man

Hugo Boss Man EDT Perfume for Men 125ml

MMK 259,000Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page