top of page

Hugo Boss - Hugo XX EDT Perfume for Women 100ml - K 249,000 (In stock)

 

Hugo XX Review ရုံးသုံးအတွက် ဈေးတန်တဲ့ Everyday Scent လေး

ဒါလေးက အရမ်း Fanciful ဖြစ်တဲ့၊ ရှုပ်ထွေးတဲ့အနံ့မျိုးမဟုတ်ဘဲ နေ့တိုင်းဆွတ်ဖို့ကောင်းတဲ့ (everyday scent) ပေါ့ပေါ့ပါးပါး simple clean အနံ့လေးမျိုးရှာနေတဲ့သူတွေအတွက် ကွက်တိပဲ။

🌿​ အနံ့လေးက ဘယ်လိုလဲ?

​ဒါလေးက Floral Fruity အမျိုးအစားပါ။

​// ပထမဆွတ်လိုက်ရင် လိုင်ချီးသီး (Litchi) နံ့ ချိုချိုသင်းသင်းလေးကို အရင်ရတယ်။ Black Currant နည်းနည်းပါတော့ အချဉ်ဘက်နဲနဲလေး သွားသလိုမျိုး ... ဒါပေမဲ့ လုံးဝမချဉ်စူးဘူး၊ လန်းလန်းဆန်းဆန်းလေးပဲ။

​// ခဏနေတော့... စံပယ်ပန်းနံ့ သန့်သန့်လေးနဲ့ နှင်းဆီနံ့ဖျော့ဖျော့လေး တက်လာတယ်။ သူ့မှာ 'Basmati Rice' note ပါတာ နည်းနည်းထူးခြားတယ်။ အဲ့ဒါကြောင့် အနံ့က ပန်းနံ့၊ သစ်သီးနံ့ချည်းပဲ မဟုတ်ဘဲ နည်းနည်း 'creamy' ဖြစ်ပြီး 'powdery' နုနုလေး ခံစားရတယ်။ ဒီ note ကြောင့်ပဲ သူ့အနံ့က တခြားဟာတွေနဲ့မတူဘဲ နည်းနည်းထူးပြီး သဘောကျကြတာ။

​// အချိန်နည်းနည်းကြာသွားရင် ကျန်ခဲ့တဲ့အနံ့ကတော့ musk (ကတိုး) နံ့ သန့်သန့်လေးနဲ့ sandalwood (စန္ဒကူး) အနံ့အိအိလေး ... အရမ်းနွေးထွေးတဲ့ ခံစားမှုမျိုးပေးတယ်။

❄️​ ရုံးမှာသုံးဖို့ နဲ့ မြန်မာပြည်ဆောင်းတွင်းအတွက် ဘယ်လိုလဲ?

​ဒါက အဓိကပြောချင်တဲ့အချက်ပဲ။

​Sillage အရမ်းမပြင်းတာကပဲ ရုံးအတွက် သူ့ရဲ့ အကြီးမားဆုံး အားသာချက်ဖြစ်သွားတယ်။ ရုံးသွား၊ အစည်းအဝေးထိုင်တဲ့အခါ အရမ်းပြင်းတဲ့အနံ့၊ အချိုတွေ လှိုင်နေတဲ့အနံ့မျိုး ဆွတ်လို့မကောင်းဘူးလေ။ ဘေးကလူကို နှာခေါင်းရှုံ့စေနိုင်တယ်။ Hugo XX က clean and fresh ဖြစ်တယ်၊ inoffensive (ဘေးကလူကို မနှောင့်ယှက်တဲ့) အနံ့မို့လို့ office staff မမတွေ၊ ညီမလေးတွေနဲ့ လုံးဝကွက်တိ။ Professional လည်း ဆန်တယ်၊ feminine လည်း ဖြစ်တယ်။

​မြန်မာပြည် ဆောင်းတွင်းလို အေးလွန်းတဲ့ရာသီ မဟုတ်ဘဲ ခြောက်သွေ့အေးမြတဲ့ ရာသီဥတုနဲ့ ရှယ်လိုက်တယ်။ သူ့ရဲ့ base note က musk နဲ့ sandalwood နွေးနွေးလေးဆိုတော့ အခုလို ရာသီဥတုလေးနဲ့ဆို သူ့အနံ့က ပိုပြီးပေါ်လွင်တယ်၊ ပိုပြီးနွေးထွေးတဲ့ ခံစားမှုပေးတယ်။ အရမ်းပူတဲ့နွေရာသီမှာ နည်းနည်းပျောက်လွယ်နိုင်ပေမဲ့၊ အခုလို ရာသီဥတုလေးနဲ့ဆို လုံးဝ Perfect!

❣️ ​ဈေးကြီးတဲ့ Perfume တွေနဲ့ ယှဉ်ရင် ... Value ပိုင်းကရော?

​ဒါက စိတ်ဝင်စားစရာအကောင်းဆုံးပဲ။

သူ့အနံ့ vibe က Dior J'adore ကို နည်းနည်းလေး သတိရစေတယ်။ J'adore က ပိုပြီး rich ဖြစ်တယ်၊ ပိုရှုပ်ထွေးတယ်၊ ပို luxurious ဖြစ်တာပေါ့။ Hugo XX က J'adore ရဲ့ 'ပိုငယ်၊ ပိုပေါ့ပါး၊ ပိုကစားနိုင်တဲ့ ညီမလေး' ဗားရှင်းလိုမျိုးပဲ။ Chanel Chance Eau Tendre လို ပန်းသီးနံ့/သစ်သီးနံ့ သင်းသင်းလေးတွေ ကြိုက်တဲ့သူဆိုရင်လည်း ဒီ vibe ကို ကြိုက်မှာပါ။

​ဈေးနှုန်းအရ ကြည့်ရင် ... (Value for money) ကတော့ လုံးဝ 'ရှယ်' တန်တယ်။ Dior တို့ Chanel တို့က ခုနှစ်သိန်း ကနေ ဆယ်သိန်း ဝန်းကျင်သွားနေချိန်မှာ Hugo XX ကို နှစ်သိန်းကျော်လောက်နဲ့ 100ml (ဘူးကြီး) ရနိုင်တယ်။ Brand ဈေးကြီးတွေရဲ့ ၃ ပုံ ၁ ပုံ ဈေးလောက်နဲ့ ဒီလို quality၊ ဒီလို clean ဖြစ်တဲ့ everyday scent ရတာ လုံးဝတန်ပါတယ်။ Everyday use အတွက် ပိုက်ဆံမနှမြောရဘူး။

// ​စုစုပေါင်း ခြုံပြောရရင်၊ Hugo XX က​ရုံးသွားဖို့ နေ့တိုင်းဆွတ်မယ့် အနံ့သန့်သန့်လေး ❣️

// လူအများကြိုက် (mass appealing) ဖြစ်တဲ့ အနံ့မျိုး ရှာနေရင် ❣️

// ​ဈေးအရမ်းမများဘဲ quality ကောင်းကောင်း၊ brand သိသိသာသာလေး သုံးချင်ရင် ❣️

// ​မြန်မာပြည် ဆောင်းရာသီနဲ့ လိုက်မယ့် အနံ့နွေးနွေးသင်းသင်းလေး လိုချင်ရင် ❣️

လုံးဝ recommend ပေးပါတယ်။ ပိုက်ဆံမနှမြောရတဲ့ ရေမွှေးကောင်းလေးတစ်လုံးပါ။

Made in Spain

Sealed original retail packaging

Product link - https://www.yangonbrandedperfume.com/product-page/hugo-xx

အခြား In stock ရနိုင်တဲ့ Hugo Boss perfume တွေကို https://www.yangonbrandedperfume.com/hugo-boss မှာကြည့်နိုင်ပါတယ်။

Hugo Boss - Hugo XX EDT Perfume for Women 100ml

K249,000.00Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page