I Am The King Eau de Parfum for Men (In stock)
# 100ml - K 129,000
# 10ml decant (glass sprayer) - K 20,000
# 10ml decant (aluminium sprayer) - K 23,000
# 37ml decant (glass sprayer) - K 69,000
တစ်သိန်းစွန်းလေးပဲကျတာမို့ budget friendly ဖြစ်ပြီး Sauvage EDT ကို ကြိုက်တဲ့သူတွေ alternative daily driver အနေနဲ့ သုံးလို့ အရမ်းအဆင်ပြေတဲ့ Made in UAE ရေမွှေးဖြစ်ပါတယ်။
Top note - 🍋 Citrus, 🌶️ Fresh Spices
လတ်ဆတ်ပြီး citrus ဆန်တဲ့ အဖွင့်လေးမှာ spicy ဖစ်တဲ့ အထိအတွေ့လေးပါလို့ သန့်ရှင်းပြီး တက်ကြွတဲ့ ခံစားချက်မျိုး ပေးတယ်
Mid note - 🌳 Woody, 🌸 Floral, 🌿 Aromatic Spices
သစ်သားနဲ့ ပန်းရနံ့တွေက အဆင်ပြေပြီး အနည်းငယ်နက်နဲမှုနဲ့ မျှတမှုကို ပေါင်းထည့်ပေးတယ်
Base note - 🟤 Amber, 🖤 Musk, 🍦 Vanilla
Amber နဲ့ Musk တို့ရဲ့ နွေးထွေးပြီး ယုံကြည်မှုရှိတဲ့ အဆုံးသတ် နဲ့ Vanilla က ချောမွေ့ပြီး ကြာရှည်ခံတဲ့ ချိုမြိန်မှုလေး ရစေပါတယ်
⏳ Longevity: [████░] 8–10 hours
📏 Sillage: [███░░] Moderate
💰 ဒီဇိုင်နာ ရေမွှေးတွေနဲ့ နှိုင်းယှဉ်ရင် ဈေးနှုန်း အများကြီး သက်သာတယ်
💎 သုံးလို့ အဆင်ပြေတဲ့ အရမ်းသုံးရတာမခက်တဲ့ ရနံ့၊ ကြာရှည်ခံမှုကောင်းပြီး နဲနဲအဖွင့်မှာစူးတာကလွဲလို့ ပရီမီယံဆန်တဲ့ ရေမွှေးတစ်ခုလို ခံစားချက်ကို ပေးတယ်
🌀 Outfit Suggestion
🧥 Tailored Blazer
👔 Crisp White Shirt
👖 Dark Jeans
👞 Polished Leather Shoes
🌀 ဘယ်သူတွေအတွက်လဲ
// ရေမွှေး နဲနဲပြင်းတာကို သုံးဖို့လက်ခံတဲ့ ယုံကြည်မှုရှိတဲ့ သူတွေ
// ရုံးဝန်ထမ်းတွေ (ရုံးမှာဆိုနည်းနည်းပဲ သုံးပါ)
// ဈေးသက်သာတဲ့ cost effective ဖြစ်တဲ့ ရေမွှေးလိုချင်သူတွေ
🌀 အားသာချက်တွေ
// Aircon အခန်းထဲမှာ အင်္ကျီပေါ်မှာ ၁၀ နာရီကျော်ခံပါတယ်။ Macerate မလုပ်ထားဘဲ ပုလင်းအသစ် စသုံးသုံးခြင်းမှာကို ဒီလောက်ခံတာဖြစ်ပါတယ်။
// Sauvage EDT အနံ့မျိုးပဲ fresh spicy opening နဲ့ woody musky drydown ဖြစ်လို့ လူတိုင်းနီးပါးကြိုက်တဲ့ လူသိများတဲ့ scent DNA ဖြစ်လို့ blind buy ဝယ်မယ်ဆိုရင် safe ဖြစ်ပါတယ်။
// Blind buy မလုပ်ချင်တဲ့ customer တွေလည်း 10ml decant တွေကို စျေးသက်သက်သာသာနဲ့ ဝယ်လို့ရတဲ့အတွက် risk မများဘဲ စမ်းကြည့်လို့ရပါတယ်။
// 100ml size ပုလင်းကြီးဝယ်ချင်တဲ့ ရန်ကုန်အိမ်မှာလာဝယ်နေကျတွေဆိုရင် လာနေကျအိမ်မှာ အရင်လာစမ်းပြီးမှဝယ်လို့ရပါတယ်။ Decant တွေကိုတော့ Royal Express delivery Prepaid Service နဲ့ပဲရောင်းပါတယ်။
// စျေးက 100ml ကိုတောင် တစ်သိန်းစွန်းပဲဖြစ်လို့ ပြည်တွင်းဖြစ်ရေမွေးတချို့ထက်တောင် သက်သာတဲ့အတွက် တန်မတန်ဆိုတာ ထူးထူးထွေထွေတောင် ပြောဖို့မလိုပါဘူး။ သေချာပေါက် value for money ဖြစ်ပါတယ်။
🌀 အားနည်းချက်တွေ
// ပုလင်းကမြင်တဲ့အတိုင်း ကြည့်ရတာအဆင်ပြေပေမယ့် အပြင်စက္ကူဗူးခွံ budget friendly perfume ဖြစ်တဲ့အတွက် အရမ်းတော့မလှပါဘူး။ အပြင် Packaging အဆင်အပြင် ပုံစံတော်တော်လေးရိုးပါတယ်။
// Sauvage/Armaf Ventana/Armaf Pride ရေမွှေးတွေရှိပြီးသားဆိုရင်တော့ ဒီရေမွှေးနဲ့အနံ့တူနေမှာဖြစ်တဲ့အတွက် ထပ်ဝယ်ဖို့မလိုပါဘူး။ Redundant ဖြစ်နေပါလိမ့်မယ်။
Official website -
https://www.yangonbrandedperfume.com/product-page/i-am-the-king
Made in UAE
Sealed original retail packaging (for 100ml)
စျေးသိပ်မများဘဲနဲ့ ရေမွှေးပုံမှန်သုံးနေကြသူတွေမဟုတ်ရင်မသိတဲ့ အနံ့ကောင်း စျေးသင့်တဲ့ ရေမွှေးလေးတွေအများကြီးရှိပါတယ်။ ရေမွှေးနဲ့ပတ်သက်ပြီး အကြံတောင်းချင်တယ်ဆိုရင် Customer Service Viber 0943065356 ကိုအချိန်မရွေး message ပို့ပြီးမေးနိုင်ပါတယ်။
top of page
Mobile/Viber - 0943065356
Mobile - 09250511966
Email - yangonbranded@gmail.com
Discount alerts - Yangon Branded Perfume Shop
YANGON BRANDED
In business since 2011
ငွေဈေးတွေ အများကြီးတက်သွားတဲ့အတွက် အခုဝက်ဗဆိုဒ်ဈေးတွေ update မဖြစ်ပါဘူး။ Viber 0943065356 မှာ လက်ရှိဈေးနဲ့ stock update မေးနိုင်ပါတယ်။
MMK 129,000Price
bottom of page
