Salvatore Ferragamo Incanto Bloom EDT Perfume for Women
# 10ml decant (glass sprayer) - K 26,000
# 10ml decant (aluminium sprayer) - K 29,000
# 37ml decant (glass sprayer) - K 75,000
# 100ml Full Size - out of stock
Incanto Bloom ရေမွှေးလေးကတော့ ပန်းနံ့သင်းသင်းလေးနဲ့ လန်းဆန်းတဲ့ ခံစားမှုကိုပေးတဲ့ ရေမွှေးအမျိုးအစားပါ။
🌿 Note လေးတွေကတော့
// Top Notes - Freesia ပန်းနဲ့ ဂရိတ်ဖရုသီး (Grapefruit) ရနံ့
// Middle Notes - Tea Rose နဲ့ စကားဝါပန်း (Champaca) ရနံ့
// Base Notes - White Musk နဲ့ Cashmere wood ရနံ့
🌿 ဘယ်သူတွေနဲ့ လိုက်ဖက်လဲ၊ ဘယ်အချိန်တွေမှာသုံးသင့်လဲ
ဒီရေမွှေးလေးက ပန်းနံ့သင်းသင်းလေး ကြိုက်တဲ့ ကောင်မလေးတွေ၊ ရုံးသွားတဲ့သူတွေနဲ့ အလိုက်ဖက်ဆုံးပါပဲ။ နေ့တိုင်းသုံးလို့ကောင်းတဲ့ ရိုးရိုးရှင်းရှင်း ရနံ့လေးဖြစ်တဲ့အတွက် နေ့ခင်းဘက်တွေ၊ အထူးသဖြင့် ပူတဲ့ အချိန် ရာသီဥတုမှာ အရမ်းအဆင်ပြေပါတယ်။
ပေါ့ပေါ့ပါးပါးနဲ့ နေ့တိုင်းအတွက် သုံးချင်တယ်ဆိုရင်တော့ Incanto Bloom လေးက ရွေးချယ်သင့်တဲ့ ရေမွှေးလေးတစ်ခုပါပဲ။
// 10ml & 37ml decant တွေပဲ ရပါတယ်။
🌐 Official website -
https://www.yangonbrandedperfume.com/product-page/incanto-bloom
// Decant ဆိုတာက ကျွန်တော်တို့ဆီမှာရောင်းတဲ့ 100ml, 200ml စတဲ့ ပုလင်းအကြီး (Full-size Original Bottle) တွေထဲကနေ ပမာဏနည်းနည်းကို ပုလင်းအသေးလေးတွေ (ဥပမာ 10ml, 37ml) ထဲ ပြန်ခွဲထည့်ထားတာကို ခေါ်တာပါ။
💡 Decant တွေကို ဘာလို့သုံးသင့်လဲ?
✔️ ပုလင်းအကြီး မဝယ်ခင် အနံ့ကိုအရင် စမ်းသုံးကြည့်လို့ရတယ်။
✔️ အိတ်ထဲ၊ အိတ်ကပ်ထဲထည့်ပြီး သယ်သွားရတာ ပေါ့ပေါ့ပါးပါးနဲ့ အဆင်ပြေတယ်။
✔️ ဈေးကြီးတဲ့ရေမွှေးတွေကို ဈေးသက်သက်သာသာနဲ့ စမ်းသုံးခွင့်ရတယ်။
❗သိထားသင့်တဲ့ အချက်လေးတွေ
👉 Original ဘူးခွံ၊ ပုလင်းလှလှလေးတွေ မပါတဲ့အတွက် လက်ဆောင်ပေးဖို့တော့ အဆင်မပြေပါဘူး။
👉 ကိုယ်တိုင်စမ်းသုံးဖို့ (testing) ဒါမှမဟုတ် အလွယ်တကူ ပေါ့ပေါ့ပါးပါးသုံးဖို့အတွက်ပဲ ရည်ရွယ်ပါတယ်။
top of page
Mobile/Viber - 0943065356
Mobile - 09250511966
Email - yangonbranded@gmail.com
Discount alerts - Yangon Branded Perfume Shop
YANGON BRANDED
In business since 2011
ငွေဈေးတွေ အများကြီးတက်သွားတဲ့အတွက် အခုဝက်ဗဆိုဒ်ဈေးတွေ update မဖြစ်ပါဘူး။ Viber 0943065356 မှာ လက်ရှိဈေးနဲ့ stock update မေးနိုင်ပါတယ်။
MMK 26,000Price
bottom of page
