top of page

Issey Miyake L'Eau d'Issey Pour Homme IGO - ဆန်းသစ်တီထွင်မှုနဲ့ ဂန္ထဝင်ရနံ့တို့ရဲ့ ပေါင်းစပ်မှု

Issey Miyake ရဲ့ အရောင်းရဆုံးရေမွှေးတစ်ခုဖြစ်တဲ့ L'Eau d'Issey Pour Homme ကို ခေတ်မီလူနေမှုဘဝပုံစံနဲ့ ကိုက်ညီစေဖို့ "IGO" ဆိုတဲ့ ပုံစံသစ်နဲ့ ပြန်မိတ်ဆက်ပေးထားတာဖြစ်ပါတယ်။။

🎁 ဆန်းသစ်တဲ့ 2-in-1 ပုလင်းဒီဇိုင်း

IGO (I Go) ဆိုတဲ့ အမည်နှင့်လိုက်ဖက်အောင် နေရာဒေသမရွေး သယ်သွားလို့ရစေဖို့ ဖန်တီးထားပါတယ်။

// ISTAY (The Base) - အောက်ခြေပုလင်း (80ml) ကို အိမ်မှား ထားအသုံးပြုနိုင်ဖို့ ရည်ရွယ်ပါတယ်။

// IGO (The Cap) - ပုလင်းအဖုံး (20ml) က ပေါ့ပါးပြီး သီးသန့်ဖြုတ် သယ်သွားနိုင်တဲ့ Travel Spray ဖြစ်ပါတယ်။ ခရီးသွားတာဖြစ်ဖြစ်၊ ရုံးသွားတာဖြစ်ဖြစ်တစ်ပါတည်း အလွယ်တကူ သယ်သွားနိုင်ပါတယ်။

Decant ခွဲပြီးယူသွားရတာမျိုး ပုလင်းကြီးလိုက်ထည့်သွားရတာမျိုးမဟုတ်တဲ့အတွက် တစ်နေကုန် ရေမွှေးနံ့လေးမွေးနေချင်တဲ့သူတွေအတွက် အများကြီးပိုပြီး သယ်ရတာအဆင်ပြေသွားပါတယ်။

🌿 ဂန္ထဝင်ဆန်တဲ့ Scent Profile

Issey Miyake ရဲ့ Signature ဖြစ်တဲ့ လန်းဆန်းတက်ကြွပြီး တည်ငြိမ်သော ရနံ့ကို အပြည့်အဝ ရရှိစေမှာဖြစ်ပါတယ်။

// Top Notes - အေးစိမ့်နေတဲ့ Yuzu (ဂျပန်ရှောက်သီး) ရဲ့ လန်းဆန်းတဲ့ရနံ့

// Middle Notes - Cinnamon) နှင့် Nutmeg တို့၏ စပ်ရှိန်းရှိန်းရနံ့ သင်းပျပျ

// Base Notes - Sandalwood နဲ့သဲ့သဲ့ပါတဲ့ သစ်သားရနံ့

🌀 အသုံးပြုသင့်သူများ

// ခရီးသွားလာမှုများသူတွေ၊ Active ဖြစ်တဲ့ lifestyle ရှိသူတွေနဲ့ သန့်ရှင်းလန်းဆန်းတဲ့ ရနံ့ (Fresh & Aquatic Scent) ကို နှစ်သက်တဲ့ အမျိုးသားများအတွက် အထူးသင့်လျော်ပါတယ်

Issey Miyake L'eau D'Issey Pour Homme IGO EDT Perfume for Men 100ml Tester Packaging - K 259,000 (In stock)

Made in France

Tester packaging (အပြင်စက္ကူဘူးခွံက tester packaging ဘူးအဖြူဖြစ်နေတာကလွဲလို့ ကျန်တာအားလုံး ပုလင်းအတိုင်းပါပဲ)

Official website -

https://www.yangonbrandedperfume.com/product-page/issey-miyake-igo

Issey Miyake L'eau D'Issey Pour Homme IGO EDT Perfume for Men 100ml Tester Pack

K259,000.00Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page