top of page

Issey Miyake L'Eau d'Issey Pour Homme Intense for Men

# 125ml Tester Packaging - K 235,000

# 10ml decant (glass sprayer) - K 26,000

# 10ml decant (aluminium sprayer) - K 28,000

# 37ml decant (glass sprayer) - 89,000

Recommended for - Office/ Evening/ Night

ပြင်သစ်ရေမွှေးပညာရှင် Jacques Cavallier-Belletrud ဖန်တီးထားတဲ့ ရာသီမရွေးသုံးလို့ရတဲ့အမျိုးသားရေမွှေးဖြစ်ပြီး Citrus၊ spice နဲ့ smoky notes တွေရောထားတာကြောင့် အခြေအနေမျိုးစုံမှာ သုံးလို့ကောင်းပါတယ်။

ဒီအနံ့ဟာ ပူတဲ့ရာသီမှာ အေးမြပြီး လန်းဆန်းစေတဲ့ mandarin orange၊ bergamot နဲ့ yuzu လို citrus top notes တွေပါဝင်လို့ အထူးသင့်တော်ပါတယ်။

Heart notes မှာပါတဲ့ blue lotus က ရေဓာတ်ဆန်တဲ့ခံစားမှုကို ဖြည့်ဆည်းပေးပြီး ပေါ့ပါးလန်းဆန်းစေပါတယ်။ Base မှာတော့ frankincense နဲ့ papyrus လို smoky၊ woody notes တွေပါဝင်ပြီး ပူပြင်းတဲ့ရာသီမှာတောင် မလေးဘဲ ညီမျှတဲ့အနံ့ကို ရစေပါတယ်။

ဒီ fragrance ဟာ စျေးနှုန်းသက်သာပေမယ့် တော်တော်လေးကြာရှည်ခံပြီး နေ့စဉ်သုံးဖို့ရော ညဘက်ထွက်တဲ့အခါမှာပါ အဆင်ပြေပါတယ်။ သူ့ရဲ့ရနံ့ဖွဲ့စည်းပုံကြောင့် Casual ဖြစ်ဖြစ် Formal ဖြစ်ဖြစ် ဘယ်လိုအခြေအနေမျိုးမှာမဆို သုံးလို့ကောင်းတဲ့အမျိုးအစားဖြစ်လို့ ရေမွှေးတွေအများကြီးမရှိဘဲ တစ်ပုလင်းတည်းပဲဝယ်သုံးမယ်ဆိုရင် အဆင်ပြေတဲ့ ရွေးချယ်မှုပါ။

 

မူရင်း L'Eau d'Issey Pour Homme အကြည်ရောင်ပုလင်း က လတ်ဆတ်ပြီး ရေဓာတ်ဆန်တဲ့ yuzu၊ lotus အနံ့တွေနဲ့ ပေါ့ပါးလန်းဆန်းတဲ့ခံစားမှုပေးပါတယ်။ Intense မှာတော့ nutmeg၊ saffron၊ incense လို ပို complex ဖြစ်ပြီး ကျစ်လျစ်တဲ့ notes တွေပါဝင်ကာ smoky၊ oriental ခံစားမှုကို ပေးစွမ်းပါတယ်။ ဒါကြောင့် Intense က ညဘက်ထွက်တဲ့အခါ ဒါမှမဟုတ် အေးတဲ့ရာသီမှာ ပါသုံးမယ်ဆိုသုံးနိုင်တဲ့အနံ့မျိုးဖြစ်ပါတယ်။

Issey Miyake L'Eau d'Issey Pour Homme Intense ဟာ ပူပြင်းတဲ့ရာသီအတွက် လန်းဆန်းတဲ့ citrus အနံ့၊ ညဘက်အတွက် လေးနက်တဲ့ smoky အနံ့တွေနဲ့ စျေးနှုန်းနဲ့တန်ဖိုးညီမျှတဲ့ ရွေးချယ်မှုတစ်ခုပါ။ မူရင်းထက် ပိုမိုရင့်ကျက်တဲ့အနံ့ကို နှစ်သက်သူတွေအတွက် အထူးသင့်တော်ပါတယ်။

✔ နေ့စဉ်သုံးလို့ရ – Office, date, travel စတဲ့အခြေအနေအားလုံးနဲ့ကိုက်တယ်။

✔ ပုလင်းကြီးနဲ့ဈေးတန် – 125ml ဆိုဒ်ကြီးတွေနဲ့ရတာကြောင့် ပိုတန်တယ်။ ပုံမှန် ရေမွှေးပုလင်းတွေက 100ml ပဲမို့ 25ml လောက် ပိုသုံးရတယ်ဆိုရင် တော်တော်ပိုခံပါတယ်။

✔ ခေတ်မပျောက် – Trend ပြောင်းသွားတဲ့အနံ့မျိုးမဟုတ်ဘဲ နှစ်တိုင်းသုံးလို့ကောင်းတယ်။

✔ Unique ဖြစ်တဲ့ရနံ့ - ဒီရေမွှေးက discontinued ဖြစ်သွားပြီဖြစ်လို့ တခြားသူတွေနဲ့ အနံ့သွားတူနေမှာ ပူစရာမလိုပါဘူး။ ဝယ်ရခက်တဲ့အတွက် ဒီရေမွှေးကိုသုံးတဲ့သူတွေ မိတ်ဆွေရဲ့ပတ်ဝန်းကျင်မှာ မရှိနိုင်လောက်ပါဘူး။

✔ သက်တောင့်သက်သာရှိ – "Intense" ဆိုပေမယ့် လူကိုမအီမသာဖြစ်စေတဲ့အနံ့မျိုးမဟုတ်ဘဲ လန်းပြီး သပ်ရပ်တဲ့ခံစားမှုပေးတယ်။

Yangon Branded Customer Service Viber number 0943065356 ကိုဆက်သွယ်ပြီး မှာနိုင်ပါတယ်

 

Made in France

Tester packaging

Tester packaging ဆိုပေမယ့် cap (အဖုံး) ပါပြီမို့ retail bottle နဲ့ဘာမှသိပ်မကွာပါဘူး။ အပြင်ဘူးခွံလေးက ရိုးရိုး စက္ကူဗူး အဖြူဖြစ်နေပဲကွာသွားတာပါ။ Retail packaging ထက် တစ်သိန်းလောက်သက်သာတဲ့အတွက် ကိုယ်တိုင်သုံးမယ်ဆိုရင်အရမ်းတန်တဲ့ value buy item ဖြစ်ပါတယ်။

https://www.yangonbrandedperfume.com/product-page/issey-miyake-l-eau-d-issey-pour-homme-intense

 

အခြား Issey Miyake ရေမွှေး stock ရှိတာတွေကို https://www.yangonbrandedperfume.com/issey-miyake မှာကြည့်နိုင်ပါတယ်

Issey Miyake L'Eau d'Issey Pour Homme Intense EDT Perfume for Men 125ml Tester P

K235,000.00Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page