top of page

နွေရာသီမှာ အေးအေးလူလူနဲ့ လန်းလန်းဆန်းဆန်း ရှိနေဖို့နဲ့ ဒီလို သင်္ကြန်အလွန် အပူရှိန် အမြင့်ဆုံးအချိန်မျိုးမှာ ချွေးနံ့ကြောင့် စိတ်မညစ်ရဘဲ Energy အပြည့်နဲ့ Fresh ဖြစ်နေစေမယ့်

Issey Miyake L’eau D’issey Pour Homme Sport 100ml - K 259,000 (In stock)

🌿 Sport ဆိုတဲ့ နာမည်အတိုင်း တက်ကြွတဲ့ Vibe ရှိပေမယ့် တခြားသော Generic ဖြစ်တဲ့ Sport ရေမွှေးတွေနဲ့ မတူဘဲ နည်းနည်း ပိုပြီး classy ဖြစ်တဲ့ဘက်ကို သွားပါတယ်။

🌿 ပထမဆုံး ဖြန်းလိုက်တာနဲ့ Grapefruit နဲ့ Bergamot ရဲ့ အနံ့က တအားကို တက်ကြွပြီး လန်းသွားစေပါတယ်။ အချဉ်ဘက်သွားတဲ့ Citrus အနံ့က အခုလို ပူအိုက်တဲ့ ရာသီဥတုမှာ လူကို ချက်ချင်း အမောပြေစေတဲ့ ခံစားချက်မျိုး ပေးပါတယ်။

🌿 ခဏကြာလို့ Dry Down ဆင်းလာတဲ့အခါမှာ Nutmeg နဲ့ Leather အနံ့လေး သင်းသင်းလေး ပါလာပါတယ်။ ဒီနေရာမှာ Spices အနံ့လေးတွေက အနံ့ပြင်းပြင်းမျိုး မဟုတ်ဘဲ အနံ့ကို ပိုပြီး တည်ငြိမ်ပြီး ယောင်္ကျားပီသသွားအောင် ဝန်းရံပေးထားတာပါ။ Leather အနံ့ကလည်း အရမ်းကြီး Heavy မဖြစ်ဘဲ သန့်သန့်လေးနဲ့ လူကြီးဆန်တဲ့ဘက်ကို သွားပါတယ်။

🌿 နောက်ဆုံးမှာတော့ Cedar နဲ့ Vetiver တို့ရဲ့ သစ်သားနံ့ အေးအေးလေး ကျန်ခဲ့ပါတယ်။ ဒီ Woody အနံ့လေးက အနံ့ကို ကြာရှည်ခံစေသလို သန့်ရှင်း လန်းဆန်းနေတဲ့ ပုံစံမျိုးကို ပေးပါတယ်။

✅ အခုလို စီးပွားရေး အခြေအနေအရ ရေမွှေးတစ်ပုဒ် ဝယ်မယ်ဆိုရင် နေရာစုံသုံးလို့ရပြီး (Versatile) ဖြစ်ဖို့က အရမ်းအရေးကြီးပါတယ်။

Issey Miyake Sport က -

# Gym သွားတဲ့အခါပဲဖြစ်ဖြစ်၊ ရုံးတက်တဲ့အခါပဲဖြစ်ဖြစ် အဆင်ပြေတယ်။

# အပြင်မှာ အရမ်းပူပြီး ချွေးထွက်တဲ့အခါမှာတောင် ချွေးနံ့နဲ့ ရောသွားပြီး အနံ့ဆိုးထွက်မလာဘဲ ပိုပြီး Fresh ဖြစ်တဲ့ Citrus Vibe ကို ပေးပါတယ်။

# တန်ဖိုးနဲ့ Performance ကြည့်မယ်ဆိုရင် ဒီဘက်ခေတ် ဈေးနှုန်းတွေအရ တကယ့်ကို Value for money ဖြစ်တဲ့ ထိပ်တန်းရေမွှေးစာရင်းထဲမှာ ပါပါတယ်။

✅ လန်းဆန်းတဲ့ Citrus အနံ့ကိုမှ သစ်သားနံ့ သန့်သန့်လေးနဲ့ လူကြီးဆန်ဆန် စမတ်ကျချင်တဲ့ bro တို့အတွက် ဒီ Issey Miyake Sport က အခုနွေရာသီမှာ ဆောင်ထားသင့်တဲ့ ရေမွှေးတစ်ခု ဖြစ်ပါတယ်။

Made in France

Sealed original retail packaging

Official website -

https://www.yangonbrandedperfume.com/product-page/issey-miyake-sport

Review -

https://youtu.be/iUzWEs7Yyo8

 

အခြား Issey Miyake ရေမွှေးများကို https://www.yangonbrandedperfume.com/issey-miyake မှာကြည့်နိုင်ပါတယ်

Issey Miyake L’eau D’issey Pour Homme Sport 100ml

K259,000.00Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page