ဈေးလည်းသက်သာ - Gym မှာလည်း အလန်းဖြစ်စေမယ့် ပြင်သစ်ရေမွှေး 👉
Issey Miyake L'eau D'Issey Pour Homme Vetiver EDT Intense 100ml - K 229,000 (In stock / Sale price)
အခုလို မိုးတွင်းကာလမှာ ရာသီဥတုက စိုစွတ်ပြီး အရမ်းကို အိုက်စပ်စပ်ကြီး ဖြစ်နေတယ်မဟုတ်လားဗျာ။ အထူးသဖြင့် Gym ဆော့တဲ့အချိန်မျိုးမှာ ချွေးထွက်များတာကြောင့် အနံ့စူးရှလွန်းတဲ့ ရေမွှေးတွေက ပိုပြီး အနံ့အိုက်စေပါတယ်။
🌀 ဒါ့အပြင် အခုနောက်ပိုင်းအခြေအနေမှာ Dior ရေမွှေးဈေးတွေက အဆမတန် တက်နေတာကြောင့် လူကြိုက်များတဲ့ Dior Homme Sport (DHS) ကို Gym ဆော့တိုင်း ဆွတ်ဖို့ဆိုတာ budget အတွက် တော်တော်လေး ဝန်ထုပ်ဝန်ပိုး ဖြစ်လာပါတယ်။
🌀 အဲ့ဒါကြောင့် DHS နေရာမှာ အပြတ်အစားထိုးလို့ရမယ့်အပြင် ဈေးနှုန်းလည်း ပိုပြီးအဆင်ပြေမယ့် ပြင်သစ်နိုင်ငံလုပ် Issey Miyake L'Eau d'Issey pour Homme Vetiver ကို အကြံပြုပါရစေ။
🌀 ဒီကောင်လေးကို နာမည်ကြီး Perfumer တစ်ယောက်ဖြစ်တဲ့ Marie Salamagne က ဖန်တီးထားတာဖြစ်ပြီး ပါတဲ့ Note တွေက အရမ်းကို ရိုးရှင်းပြီး သန့်စင်ပါတယ်။
// Watery Note လို့ ပြောရမယ့် ရေလှိုင်းလို လတ်ဆတ်အေးမြတဲ့ အနံ့က ပထမဆုံး ဆွတ်ဆွတ်ချင်းမှာတင် စိတ်ကို လန်းဆန်းသွားစေပါတယ်။
// Ginger ဂျင်း ရဲ့ အေးစိမ့်စပ်ရှိတ်ရှိတ် လတ်ဆတ်တဲ့အနံ့က Dior Homme Sport ထဲကလိုမျိုး ပေါ့ပါးသွက်လက်တဲ့ ခံစားချက်ကို ပေးပါတယ်။
// Clary Sage ရဲ့ green herbal note အနံ့က ပိုပြီး ယောကျာ်းပီသစေတဲ့ သစ်တောရနံ့စိမ်းစိမ်းလေးကို ရစေပါတယ်။
// Dry down မှာတော့ Haitian Vetiver ပါလို့ ယောကျာ်းဆန်ပြီး တည်ငြိမ်တဲ့ မြေဆီရနံ့နဲ့ သစ်သားရနံ့ကို ပေါ့ပေါ့ပါးပါးလေး ပေးပါတယ်။
✅ ဒီနေရာမှာ သတိထားရမှာက နာမည်မှာ Vetiver လို့ ပါပေမယ့် အနံ့က အရမ်းကြီး ရင့်ကျက်အုံ့မှိုင်းမနေဘဲ အင်မတန် လန်းဆန်းတက်ကြွတဲ့ Aquatic Woody ပုံစံမျိုး ဖြစ်နေတာပါ။ နာမည်ကနည်းနည်းလွဲနေတယ်လို့ ပြောလို့ရပါတယ်။
✅ Dior Homme Sport ကို ကြိုက်တဲ့သူတွေ ဒီကောင်လေးကို Gym Scent အဖြစ် ပြောင်းသုံးသင့်တဲ့ အချက်တွေကတော့ -
// DHS ထဲကလိုပဲ လတ်ဆတ်တဲ့ ဂျင်းရနံ့နဲ့ သစ်သားရနံ့ (Woody) ပေါင်းစပ်မှုကို ဒီကောင်လေးမှာ တန်းပြီး ခံစားရမှာပါ။ DHS လောက်တော့ (Citrus) သံပရာနံ့ မစူးဘဲ ပိုပြီး အေးအေးလူလူ ရှိပါတယ်။
// မိုးရွာလို့ အိုက်စပ်စပ်ဖြစ်နေချိန် ဒါမှမဟုတ် Gym မှာ ချွေးဒေါင်ဒေါင်ကျနေချိန်မှာတောင် ဒီကောင်လေးက စူးအောင့်မသွားဘဲ လူကို သန့်ရှင်းလန်းဆန်းတဲ့ ခံစားချက်ကို ဆက်တိုက် ပေးပါတယ်။
// အခုလို အထွေထွေဈေးနှုန်း ကြီးမြင့်နေတဲ့ ခေတ်မှာ Dior ထက်စာရင် Issey Miyake က ဈေးနှုန်း သုံးဆ ပိုပြီး သက်သာတာကြောင့် နေ့တိုင်း အားကစားလုပ်ရင်း ဖြန်းဖို့ ဘတ်ဂျက်အတွက် အများကြီး သက်သာစေပါတယ်။
✅ ဒီ ရေမွှေးလေးက Intense လို့ ဆိုပေမယ့် အနံ့က အဝေးကြီးအထိ စူးထွက်မနေဘဲ ကိုယ့်ဘေးနားကလူပဲ သင်းသင်းလေး ရမယ့် Moderate Sillage မျိုး ဖြစ်ပါတယ်။ Longevity အနေနဲ့ကတော့ ၄ နာရီဝန်းကျင်အထိ ခံပြီး Gym ဆော့တဲ့အချိန်တစ်လျှောက်လုံး သင်းပျံ့နေဖို့အတွက် လုံလောက်တဲ့ ပမာဏ ဖြစ်ပါတယ်။
အချုပ်ပြောရရင်တော့ အခုလို စိုစွတ်အိုက်စပ်တဲ့ ရာသီဥတုမှာ Dior Homme Sport ဈေးကြီးကြီး ပေးဝယ်မယ့်အစား ဈေးကလည်း UAE ရေမွှေး တချို့တွေထက်တောင်ပိုသက်သာ၊ Gym အတွက်လည်း အပြတ်အလန်းဖြစ်စေမယ့် Issey Miyake Vetiver ကို ပြောင်းသုံးကြည့်ဖို့ အကြံပြုချင်ပါတယ်ဗျာ။
Made in France
Sealed original retail packaging
Official website -
https://www.yangonbrandedperfume.com/product-page/issey-vetiver
အခြား Issey Miyake ရေမွှေးများကို https://www.yangonbrandedperfume.com/issey-miyake မှာကြည့်နိုင်ပါတယ်
top of page
Mobile/Viber - 0943065356
Mobile - 09250511966
Email - yangonbranded@gmail.com
Discount alerts - Yangon Branded Perfume Shop
YANGON BRANDED
In business since 2011
ငွေဈေးတွေ အများကြီးတက်သွားတဲ့အတွက် အခုဝက်ဗဆိုဒ်ဈေးတွေ update မဖြစ်ပါဘူး။ Viber 0943065356 မှာ လက်ရှိဈေးနဲ့ stock update မေးနိုင်ပါတယ်။
MMK 229,000Price
bottom of page
