Jaguar Classic Gold for Men (In stock/ Made in Spain)
# 10ml Decant (Glass Sprayer) - K 19,000
# 10ml Decant (Aluminium Sprayer) - K 22,000
# 37ml Decant (Glass Sprayer) - K 55,000
ရေမွှေးအခုမှ စသုံးမယ့်သူတွေပဲဖြစ်ဖြစ်၊ နေ့တိုင်းသုံးဖို့ ဈေးသက်သာပြီး အနံ့ကောင်းတာ ရှာနေတဲ့သူတွေပဲဖြစ်ဖြစ် Jaguar Classic Gold ဆိုတာ မသိမဖြစ် သိထားရမယ့် နာမည်တစ်ခုပါ။ သူ့ကို "Budget King" လို့တောင် တချို့က တင်စားကြတယ်။
🌿 သူ့ရဲ့ အနံ့ကို တစ်ခွန်းတည်း ပြောရရင် "ချိုပြီးလန်းဆန်းတဲ့ အသီးရနံ့" (Sweet & Fruity Fresh) လို့ ပြောလို့ရတယ်။
🌿 ပထမဆုံး ဖြန်းလိုက်တဲ့အချိန်မှာ ပန်းသီးစိမ်း (Apple) နဲ့ Lime နံ့က အရင်ဆုံး ပြေးထွက်လာမယ်။ အရမ်း လန်းဆန်းတယ်။ ဒါပေမဲ့ ခဏလေးနေရင်တင် ချိုတဲ့ဘက်ကို ကူးသွားရော။
🌿 နည်းနည်းကြာလာရင် Orange Blossom ရဲ့ ပန်းရနံ့သင်းသင်းလေးရယ်၊ နောက်ဆုံးမှာတော့ Vanilla နဲ့ Patchouli ရဲ့ အနံ့က စွဲကျန်ခဲ့တာ။ ဒီနေရာမှာ Vanilla က သူ့ရဲ့ Key ပဲ။ အနံ့က အရမ်းကြီး "ယောကျ်ားရင့်မာကြီး" ပုံစံမျိုးမဟုတ်ဘဲ "Gentleman ဆန်ဆန်၊ နွေးနွေးထွေးထွေးရှိတဲ့ ကောင်လေး" ပုံစံမျိုး ပေါက်သွားစေတယ်။
❤️ Jaguar Classic Gold က ဈေးနဲ့ယှဉ်ရင် Performance အတော်ကောင်းတယ်။ ပုံမှန်အားဖြင့် (၄) နာရီကနေ (၆) နာရီဝန်းကျင်အထိ ခံတယ်။
🌿 ဘယ်အချိန်၊ ဘယ်နေရာမှာ သုံးမလဲ?
သူက အနံ့လေးက နည်းနည်းလေး လေးပြီး ချိုတဲ့အတွက် အေးတဲ့ရာသီဥတု ဒါမှမဟုတ် ညဘက် (Night Out) တွေမှာ သုံးတာ အကောင်းဆုံးပဲ။ အဲကွန်းခန်းထဲမှာ အလုပ်လုပ်တဲ့သူဆိုရင်လည်း ရုံးသုံးဖို့ အရမ်းအဆင်ပြေတယ်။ နေပူထဲ အပြင်သွားရမယ့်အချိန်မျိုးမှာတော့ နည်းနည်း အီသလို ခံစားရနိုင်လို့ အချက်ရေ အများကြီး မဖြန်းဖို့တော့ အကြံပေးချင်တယ်။
🌿 ဈေးနှုန်းက တကယ်ကို တန်လွန်းတယ်။
🌿 Age 18-35 ကြား သုံးဖို့ အကောင်းဆုံး)။
🌿 မိန်းကလေးတွေ သဘောကျတဲ့ အနံ့မျိုး ဖြစ်နေတတ်တာ (Compliment Getter)။
🎈အရမ်း ထူးခြားဆန်းသစ်နေတဲ့ အနံ့မျိုးတော့ မဟုတ်ဘူး (Dunhill Desire တို့လို ရေမွှေးမျိုးနဲ့ ဆင်တူတယ်)။
ရေမွှေးအနံ့ပြင်းပြင်းကြီးတွေထက် "အနံ့ချိုချိုအေးအေး၊ လူကြားထဲသွားရင် လူတိုင်းနားကပ်လာစေမယ့် အနံ့မျိုး" ကို ရှာနေတာဆိုရင် Jaguar Classic Gold ကို မျက်စိမှိတ်ဝယ်လိုက်ပါ။
Official website -
https://www.yangonbrandedperfume.com/product-page/jaguar-classic-gold
// Decant ဆိုတာက ကျွန်တော်တို့ဆီမှာရောင်းတဲ့ 100ml, 200ml စတဲ့ ပုလင်းအကြီး (Full-size Original Bottle) တွေထဲကနေ ပမာဏနည်းနည်းကို ပုလင်းအသေးလေးတွေ (ဥပမာ 10ml, 30ml) ထဲ ပြန်ခွဲထည့်ထားတာကို ခေါ်တာပါ။
💡 Decant တွေကို ဘာလို့သုံးသင့်လဲ?
✔️ ပုလင်းအကြီး မဝယ်ခင် အနံ့ကိုအရင် စမ်းသုံးကြည့်လို့ရတယ်။
✔️ အိတ်ထဲ၊ အိတ်ကပ်ထဲထည့်ပြီး သယ်သွားရတာ ပေါ့ပေါ့ပါးပါးနဲ့ အဆင်ပြေတယ်။
✔️ ဈေးကြီးတဲ့ရေမွှေးတွေကို ဈေးသက်သက်သာသာနဲ့ စမ်းသုံးခွင့်ရတယ်။
❗သိထားသင့်တဲ့ အချက်လေးတွေ
👉 Original ဘူးခွံ၊ ပုလင်းလှလှလေးတွေ မပါတဲ့အတွက် လက်ဆောင်ပေးဖို့တော့ အဆင်မပြေပါဘူး။
👉 ကိုယ်တိုင်စမ်းသုံးဖို့ (testing) ဒါမှမဟုတ် အလွယ်တကူ ပေါ့ပေါ့ပါးပါးသုံးဖို့အတွက်ပဲ ရည်ရွယ်ပါတယ်။
top of page
Mobile/Viber - 0943065356
Mobile - 09250511966
Email - yangonbranded@gmail.com
Discount alerts - Yangon Branded Perfume Shop
YANGON BRANDED
In business since 2011
ငွေဈေးတွေ အများကြီးတက်သွားတဲ့အတွက် အခုဝက်ဗဆိုဒ်ဈေးတွေ update မဖြစ်ပါဘူး။ Viber 0943065356 မှာ လက်ရှိဈေးနဲ့ stock update မေးနိုင်ပါတယ်။
K19,000.00Price
bottom of page
