top of page

Maison Margiela Replica Jazz Club for Men

100ml - K 485,000 (In stock)

ရေမွှေးဆိုတာ မှတ်ဉာဏ်ဆိုရင် Jazz Club က ကိုယ့်ဘဝထဲ အသက်ဝင်လာတဲ့ ဝေဝါးစပြုနေပြီဖြစ်တဲ့ ဓာတ်ပုံတစ်ပုံလိုပါပဲ။ မီးခိုးတွေနဲ့ မှိုင်းညို့နေပြီး တဖြည်းဖြည်းချင်း ဆွဲဆောင်ရင်း ပုံပြင်လေးတွေ လေညှင်းလို တိုးတိုးလေး ပြောပြနေတာမျိုး။ ဒါက ရေမွှေးသက်သက်မဟုတ်ဘူးဗျ။ ခံစားမှုတစ်ခုလို့ပြောရမယ်။ လူရှင်းတဲ့ whiskey lounge တစ်ခုရဲ့ မီးမှိန်မှိန်ထိန်ထိန်ထောင့်လေးမှာ နူးညံ့တဲ့ ရယ်သံတွေက ဆေးလိပ်မီးခိုးတွေနဲ့ ရောထွေးနေပြီး bass guitar solo က နောက်ခံအသံမှာ ဖြေးဖြေးလေးရှိနေတဲ့ ညတစ်ညမှာ ဖြစ်လာတဲ့ ခံစားချက်မျိုး။

🎵 *Fragrance Notes*

// ပထမဆုံး ရှူလိုက်တဲ့အငွေ့က စိတ်ခံစားချက်အစစ်ပဲဗျို့။ Pink Pepper၊ ရှောက်လိမ္မော်သီးနံ့သင်းတဲ့ neroli နည်းနည်းနဲ့ lemon ရနံ့တွေ။ Date night ရဲ့အစမှာ ရုတ်တရက် ပေါ်လာတဲ့ စွမ်းအင်တစ်ခုလို။ Citrus ရနံ့က ကြာကြာမခံဘူးဗျ။ 1930 လောက်က ရုပ်ရှင်တွေထဲမှာပါတဲ့ flashbulb လိုပဲ တကယ့်အဓိကဇာတ်ကောင် scent note တွေ မပေါ်ခင် အဝင်ကို ခဏလေး မီးထိုးပြလိုက်ရုံပဲ။

// Jazz Club ရဲ့ အဓိကအသက်က သူ့ရဲ့ ဆွဲဆောင်မှုအပြည့်နဲ့ mid note ပါပဲ။ ရမ်ရနံ့က အလယ်မှာ နေရာယူထားတယ်။ အညိုရင့်ရင့် ပျစ်ခဲနေတဲ့ ကျူးဘားက ရမ်ရနံ့က မြေသင်းနံ့ vetiver နဲ့ aromatic ဖြစ်တဲ့ clary sage တွေနဲ့ ပေါင်းစပ်ကခုန်နေတယ်။ မူးယစ်စေတယ် ဒါပေမယ့် ဘယ်တော့မှ လေးလံစူးရှတာမျိုးမရှိဘူး - မာန်မာနမပါတဲ့ ယုံကြည်မှု ဟန်ဆောင်မှုမပါတဲ့ ဆွဲဆောင်မှုမျိုး။ အနုပညာသမားတွေအတွက်ဆိုရင် လွတ်လွတ်လပ်လပ် ဖန်တီးမှု ရဲ့ရနံ့ကို ဖော်ညွှန်းနေသလိုပဲ။ မီးခိုးတွေနဲ့ မှိုင်းနေတဲ့ ပုံကြမ်းတွေ၊ typewriter နဲ့ ရိုက်ထားတဲ့ ကဗျာတွေ၊ မပြီးသေးတဲ့ ပန်းချီကားတွေရဲ့ရနံ့မျိုး။

// Dry-down stage ရောက်လာတာနဲ့အမျှ ရနံ့က ပိုပြီး နက်ရှိုင်းလာတယ်။ ဆေးရွက်ကြီးရနံ့၊ Styrax နဲ့ vanilla ရနံ့တွေ က ချောမွေ့ပြီး မွှေးကြိုင်တဲ့ ရနံ့တွေ။ ဒီနေရာမှာ Jazz Club က almost edible တောင် ဖြစ်လာတယ်ဗျို့။ ဖြစ်နိုင်ရင် ပုလင်းလိုက်ပါ မော့ချလိုက်ချင်တယ်။ Vanilla ရနံ့က ချိုအီအီ ဖြစ်နေတာမျိုးမဟုတ်ဘူး။ ထိန်းချုပ်မှုရှိရှိနဲ့ ညှို့ယူဖမ်းစားတာမျိုး။ ဆေးရွက်ကြီး အနံ့က ဆေးလိပ်ကို နှစ်ရာချီပြီးသောက်လာကြတဲ့ ရာဇ၀င် အပြည့်နဲ့ အခန်းထဲက ရနံ့လိုပဲ - ကြွယ်ဝတယ်၊ လွမ်းဆွတ်စရာကောင်းတယ်၊ လေးနက်မှုရှိတယ်။ Base note တွေက အတူတူရှိနေတာ ပြီးသွားမှာကို မလိုချင်တဲ့ jazz သံစဉ်ရဲ့ နောက်ဆုံး chord လိုပဲ စိတ်ထဲမှာ ကြာရှည် ကျန်နေရစ်ခဲ့တယ်။

❇️ *Performance*

Jazz Club က တကယ့်ကို ခံစားချက်အပြည့်နဲ့ ဆွတ်သူတွေအတွက်ဆိုရင် second skin လိုပါပဲ။ အရမ်းကြီး အနံ့ထောင်းထ နေတာမျိုးမဟုတ်ဘူး။ ဒါက close encounter တွေနဲ့ evening date တွေအတွက် ထုတ်ထားတဲ့ ရင်းနှီးတဲ့ရနံ့။ လူအများစုအတွက် ကိုယ်ဘယ်လိုဆွတ်လဲဆိုတာ မူတည်ပြီး ၃ နာရီကနေ ၈ နာရီလောက်အထိ ကောင်းကောင်းခံတယ်။ နေဝင်ချိန်ကနေ ညသန်းခေါင်အထိ ခံနိုင်တယ်။

အများကြီးလည်း သုံးစရာမလိုဘူး။ အလိုက်မသိ နင်းကန်ပြီး အများကြီးဖြန်းမယ်ဆိုရင် ချွေးထွက်နေတဲ့ အမူးသမားအနံ့မျိုး ထွက်နေမှာဖြစ်ပြီး နည်းနည်းပဲ စနစ်တကျ ဆွတ်တယ်ဆိုရင်တော့ တကယ့် artistic gentleman အနံ့မျိုးရမှာဖြစ်တယ်။

🎨 *ဘယ်လိုလူတွေ ဆွတ်သင့်လဲ*

ဒါက စည်းမျဉ်းဘောင်ထဲနေတဲ့ ကောင်လေးတွေအတွက် ရေမွှေးမဟုတ်ဘူး။ စည််းကမ်းဘောင်အပြင်ထွက်ပြီး နေနေတဲ့ ယောကျ်ားလေးတွေ အတွက်။ ဒါက ကဗျာတွေကို အသားပေါ် တက်တူးထိုးတဲ့ ကဗျာဆရာအတွက်/ အခုထိ film camera နဲ့ပဲ ဓာတ်ပုံရိုက်တဲ့ ဓာတ်ပုံဆရာအတွက်/ ဘယ်သူမှ နားမထောင်နေပေမယ့် လမ်းထောင့်မှာ မုဒ်အပြည့်နဲ့ busking လုပ်နေတဲ့ အဆိုတော်ကောင်လေးအတွက်။

Tom Ford Tobacco Vanille, Kilian Angel's Share နဲ့ Dior Homme Intense လိုမျိုး moody scent တွေကိုကြိုက်တဲ့သူတွေဆိုရင် ဒီရေမွှေးကို ကြိုက်ဖို့များပါတယ်။

Maison Margiela ရဲ့ Jazz Club က trend တစ်ခုထက် ခံစားချက်တစ်ခုအကြောင်း ပိုပြောတယ်။ ရင်းနှီးတာတွေ၊ အတိတ်ကိုသတိရတာတွေ နဲ့ ခံစားရတာတွေကို နားလည်တဲ့သူတစ်ယောက်နဲ့ ရင်းရင်းနှီးနှီး စကားထိုင်ပြောနေရသလို ရသရတဲ့ creative project တစ်ခု။ ဆွဲဆောင်မှုရှိတယ် သက်သေပြဖို့မလိုဘဲ ရဲရင့်တယ်။ တစ်ယောက်ယောက်က ကိုယ့်ကို အသေအချာပြန်အမှတ်ရစေမယ့် ရနံ့။ အနံ့ပြင်းလို့မဟုတ်ဘဲ မမေ့နိုင်စရာကောင်းလို့ပါ။

 

Made in France

Imported from USA (FragranceX New York)

Sealed original retail packaging

 

Official website -

https://www.yangonbrandedperfume.com/product-page/cremo-spice-and-black-vanilla

Maison Margiela Replica Jazz Club for Men 100ml

K485,000.00Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page