top of page

Jenny Glow Lime and Basil Unisex Eau de Parfum 80ml - K 122,900 (In stock)

Jo Malone Lime Basil & Mandarin ကိုကြိုက်မယ်ဆိုရင် ရာသီမရွေးသုံးလို့ရပြီး လတ်ဆတ်သန့်ရှင်းပြီး လန်းဆန်းတက်ကြွတဲ့ ခံစားမှုကိုပေးနိုင်တဲ့ light, fresh citrus ရနံ့တစ်မျိုးဖြစ်တဲ့ Jenny Glow Lime and Basil ကိုလည်း ကြိုက်မှာပါ။

Top note မှာပါတဲ့ Lime နှင့် မန်ဒရင်လိမ္မော်တို့က တောက်ပပြီး fresh ဖြစ်တဲ့ရနံ့တွေဖြစ်ပြီး mid note မှာပါတဲ့ ပင်စိမ်းနှင့် စံပယ်ရနံ့တွေက fresh ဖြစ်တဲ့ feeling ကို ပိုပြီး ကြာရှည်ခံအောင် အလိုက်သင့်အားဖြည့် ထားပါတယ်။ Base note မှာပါတဲ့ patchouli၊ မော့စ်နှင့် vetiver ရနံ့တွေက ရေမွှေးကိုပိုပြီးဆန်းသွားအောင် ရေနဲ့ မြေရနံ့နဲနဲစီပေါင်းထည့် ပေးပါတယ်။

 

Jenny Glow Lime Basil က ပါတဲ့ note တွေ မျှတပြီး ဘက်စုံ ရာသီစုံ သုံးနိုင်တဲ့ ပေါ့ပါးတဲ့ ရေမွှေးတစ်မျိုးဖြစ်လို့ Jo Malone Lime Basil & Mandarin လို သန့်ရှင်းလတ်ဆတ်တဲ့ ရနံ့တွေကို နှစ်သက်သူတွေအတွက် အရမ်းသင့်တော်ပါတယ်။ အသားပေါ်ကိုဆွတ်တာထက် အဝတ်ပေါ်ကိုဆွတ်ရင် နဲနဲပိုပြီးကြာကြာခံပါတယ်။

အမျိုးသား၊ အမျိုးသမီးအားလုံးသုံးနိုင်တဲ့ unisex ဖြစ်ကာ Jo Malone ရဲ့ scent profile နဲ့ ၉၀% လောက်တူပြီး Eau de Parfum concentration ဖြစ်တဲ့အပြင် ဈေးကလဲ ငါးဆကျော်ကျော် သက်သာတာမို့ တကယ့် value buy item ဖြစ်ပါတယ်။

Jenny Glow brand က Armaf ရဲ့ brand အခွဲတစ်ခုဖြစ်ပြီး Armaf ရေမွှေးတွေရဲ့ strength and power ကိုသိသူတွေ စိတ်ချပြီးဝယ်နိုင်ပါတယ်။

 

Made in France

Batch 372058,00815

Manufacturing date - October 2022

Expiry - October 2027

https://www.yangonbrandedperfume.com/product-page/jenny-glow-lime-and-basil-unisex-eau-de-parfum-80ml

ဘယ်လိုရေမွှေးသုံးရမယ်ကို မသေချာဘူးဆိုရင် Yangon Branded Customer Service Viber 0943065356 ကို message ပို့ပြီး မေးလို့ရပါတယ်။

Jenny Glow Lime and Basil Unisex Eau de Parfum 80ml

K122,900.00Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page