Jimmy Choo Man Blue EDT Perfume for Men 100ml Tester Packaging - K 229,000 (In Stock. Made in France)
Jimmy Choo Man Blue က အမျိုးသားတွေအတွက် သစ်သားနံ့သင်းသင်းလေးကိုမှ modern ဖြစ်တဲ့ဘက်ကိုသွားတဲ့ Woody Aromatic ရေမွှေးအမျိုးအစားပါ။
✅ နေ့ဘက်သုံးဖို့ အထူးသင့်တော်ပြီး ရုံးသမားတွေအတွက်ဆိုရင်တော့ တော်တော်လေးကို အသုံးဝင်တဲ့အနံ့မျိုးလို့ ပြောလို့ရပါတယ်။
သူ့ရဲ့ အဓိက ဆွဲဆောင်မှုက ရိုးရှင်းပြီး ဘယ်လိုအဝတ်အစားနဲ့မဆို လိုက်ဖက်နေတာပါပဲ။ နေရာတကာ အာရုံစိုက်ခံနေရတာမျိုးမဟုတ်ဘဲ ကိုယ့်ဘာသာ သက်တောင့်သက်သာနဲ့ ယုံကြည်မှုရှိနေစေတဲ့အနံ့မျိုးပါ။
🌿 ဖြန်းလိုက်တာနဲ့ရတဲ့ Top Note တွေကတော့ Clary Sage နဲ့ Black Pepper တို့ရဲ့ နွေးထွေးမှုကို Bergamot ရဲ့ လန်းဆန်းမှုနဲ့ ပေါင်းထားပါတယ်။ ဒီအနံ့သုံးမျိုးပေါင်းလိုက်တဲ့အခါ မနက်ခင်းမှာ ခံစားရတဲ့ Fresh ဖြစ်ပြီး တက်ကြွတဲ့ ခံစားချက်ကို ပေးနိုင်ပါတယ်။
🌿 နည်းနည်းကြာသွားတဲ့အခါ ထွက်လာတဲ့ Heart Note တွေကတော့ ဒီရေမွှေးရဲ့ အသက်ပါပဲ။ Leather (သားရေနံ့) ရဲ့ (Masculine) ဆန်မှု၊ Cypress (ထင်းရှူး) ပင်ရဲ့ သင်းပျံ့မှုနဲ့ Grey Amber ရဲ့ နူးညံ့မှုတို့ကို လှလှပပပေါင်းစပ်ထားပြီး မိန်းကလေးတွေ သဘောကျလောက်တဲ့ မကြမ်းလွန်းမပြော့လွန်းတဲ့ ဆွဲဆောင်မှု (Subtle Sexiness) ကို ဖန်တီးပေးတာပါ။
🌿 အောက်ခံ Base Note အနေနဲ့ကတော့ Sandalwood (စန္ဒကူး) နဲ့ Vanilla တို့ရဲ့ နွေးထွေးချိုမြတဲ့အနံ့ကို Vetiver မြက်နံ့ရဲ့ မြေငွေ့နံ့သင်းသင်းလေးနဲ့ ထိန်းညှိပေးထားပါတယ်။
Jimmy Choo Man Blue ရဲ့ အကောင်းဆုံးတစ်ချက်က သူ့အနံ့က နွေးထွေးတဲ့ဘက်ကို သွားပေမယ့် ဘေးနားကလူကို အနှောင့်အယှက်မဖြစ်စေတာပါပဲ။
✅ သဘာဝကျကျ ရိုးရိုးရှင်းရှင်းနေရတာကို ကြိုက်တဲ့ ယောကျာ်းလေးတွေအတွက်ဆိုရင် ဒါက ပြီးပြည့်စုံတဲ့ ရွေးချယ်မှုတစ်ခုပါပဲ။
🌀 ဘယ်လိုအချိန်၊ ဘယ်လိုနေရာတွေနဲ့ လိုက်ဖက်လဲ?
နေ့ဘက်ရုံးတက်ချိန်တွေ၊ အလုပ်နဲ့ပတ်သက်တဲ့ appointment တွေ၊ သူငယ်ချင်းတွေနဲ့ အပြင်ထွက်ချိန် တွေကနေ event အသေးစားလေးတွေအထိပါ လိုက်ဖက်တဲ့အတွက် နေရာစုံအသုံးဝင်တဲ့အနံ့လေးဖြစ်ပါတယ်။
Made in France
Tester packaging
Tester Packaging မှာလဲအဖုံးပါပါတယ်။ အပြင်ဘူးခွံကပဲ Tester ဘူးခွံနဲ့လာတာဖြစ်ပါတယ်။
ကိုယ်တိုင်ပဲ သုံးမှာဆိုရင်တော့ retail packaging ထက် ကျပ်လေးသောင်းလောက် ပိုပြီးသက်သာတဲ့ ဒီ tester packaging ကိုဝယ်သင့်ပါတယ်။
Official website -
https://www.yangonbrandedperfume.com/product-page/jimmy-choo-blue
top of page
Mobile/Viber - 0943065356
Mobile - 09250511966
Email - yangonbranded@gmail.com
Discount alerts - Yangon Branded Perfume Shop
YANGON BRANDED
In business since 2011
ငွေဈေးတွေ အများကြီးတက်သွားတဲ့အတွက် အခုဝက်ဗဆိုဒ်ဈေးတွေ update မဖြစ်ပါဘူး။ Viber 0943065356 မှာ လက်ရှိဈေးနဲ့ stock update မေးနိုင်ပါတယ်။
MMK 229,000Price
bottom of page
