top of page

Jimmy Choo Man Aqua EDT Perfume for Men 100ml Tester Packaging - K 235,000 (In stock)

ပထမဆုံး သူ့ရဲ့ vibe ကို ပြောရရင် သူ့အနံ့က အရမ်း relax ဖြစ်တယ်။ ပင်လယ်ကမ်းခြေတစ်ခုမှာ လေနုအေးလေး တိုက်နေသလိုမျိုး ဒါမှမဟုတ် ရေချိုးပြီးကာစ လန်းဆန်းနေတဲ့ ခံစားချက်မျိုး။ အဲ့လို clean ဖြစ်တဲ့ vibe ပါ။

စဖြန်းဖြန်းချင်းမှာ ချက်ချင်းဆိုသလို စိုစွတ်ပြီး လန်းဆန်းတဲ့ wet & breezy ခံစားချက်ကို ရစေတယ်။ ဘယ်လိုလဲဆိုတော့ နေပူထဲက ပြန်လာပြီး ရေခဲရေတစ်ခွက် မော့သောက်လိုက်ရသလိုမျိုး ရင်ထဲအေးသွားစေမယ့် ဖီလင်မျိုး။

ကြာလာတဲ့အခါကျတော့ အဲ့ဒီ လန်းဆန်းမှုက ငြိမ်ကျသွားတယ်။ လူကို တည်ငြိမ်စေတဲ့ သစ်သားနံ့သင်းသင်းလေးဘက်ကို ကူးသွားတယ်။ ဒါပေမဲ့ လေးမသွားဘူး။ သန့်ရှင်းသပ်ရပ်တဲ့ clean skin scent အဖြစ်ပဲ ကျန်ခဲ့တာ။

🌿 Short and sweet ပြောရရင် ဒီရေမွှေးလေးက သုံးထားတဲ့သူကို The Quiet Powerhouse လို့ မြင်စေမှာပါ။

​သူကလူကြားထဲမှာ အတင်းအာရုံစိုက်ခံရဖို့ ပြင်းစူးနေနေမှာ မဟုတ်ဘူး။ ဒါပေမဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှု အပြည့်ရှိတဲ့ ကိုယ့် personal space ကို ကိုယ်အပြည့်အဝ control လုပ်နိုင်တဲ့ gentleman တစ်ယောက်ရဲ့ vibe မျိုး။

🌿 ​ရုံးနဲ့ ကျောင်းအတွက်လား? Perfect ပဲ။ ဘေးလူကို အနံ့နဲ့ သွားပြီး aggressive ဖြစ်နေမှာ မဟုတ်ဘူး။ ဒါပေမဲ့ ဘေးနား ဖြတ်သွားရင် 'ဒီ bro က သန့်ရှင်းတယ်၊ သူက စမတ်ကျတယ်' ဆိုတာကို စကားတစ်ခွန်းမှ ပြောစရာမလိုဘဲ သက်သေပြပြီးသား ဖြစ်နေလိမ့်မယ်။

🌿 ​Coffee Date တွေအတွက်ဆိုရင်ရော? ဒါက တစ်ဖက်လူက ကိုယ့်အနားကို တိုးကပ်လာဖို့ သူဘာသာသူ ဆုံးဖြတ်ရအောင် ဆွဲဆောင်ထားတာ။ အတင်းလုပ်ယူနေတာ မဟုတ်ဘဲ effortless cool ဖြစ်နေတာဗျ။ နီးစပ်သူတွေသာ ခံစားခွင့်ရမယ့် privileged အနံ့မျိုး။ လူချင်းပူးကပ်သွားတဲ့ အချိန် ပခုံးချင်းယှဉ်သွားတဲ့ အချိန်ကျမှ ကိုယ့်ဒိတ်က '.. မွှေးလိုက်တာ' လို့ သတိထားမိစေမယ့် type မျိုး။ ရေမွှေးနံ့ဆိုတာထက် ကိုယ်သင်းနံ့သန့်သန့်လေးလိုမျိုး ခံစားရစေမှာပါ။

🌿 ဘယ်သူတွေ ဝယ်သင့်လဲ?

// ရေမွှေးအနံ့ စူးစူးကြီးတွေကို မကြိုက်တဲ့သူတွေ။

// Gym ဆော့ပြီးချိန် ရုံးသွားချိန်တွေမှာ ပေါ့ပေါ့ပါးပါး သုံးချင်သူတွေ။

// အရမ်းကြီး ကြိုးစားပြင်ဆင်ထားပုံ မပေါက်ဘဲ အလိုလိုနေရင်း ကြည့်ကောင်းနေတဲ့ ပုံစံမျိုး လိုချင်သူတွေအတွက်ပါ။

သူ့မှာ အားနည်းချက် တစ်ခုရှိတယ်။ Longevity သိပ်မကောင်းဘူးဗျ။ နေ့ခင်းပိုင်းလောက်ဆို ထပ်ဖြန်းပေးဖို့ လိုကောင်းလိုပါလိမ့်မယ်။

နောက်ပြီး အခန်းထဲ ဝင်သွားတာနဲ့ လူတိုင်း ငေးကြည့်ရလောက်အောင် 'Beast Mode' Projection မျိုး လိုချင်တဲ့သူတွေအတွက်လဲ မဟုတ်ပါဘူး။

🌿 ပြန်ချုပ်ရရင်တော့ Jimmy Choo Man Aqua က ရိုးရှင်းတယ်၊ သန့်ရှင်းတယ်၊ လူတိုင်း လက်ခံနိုင်တဲ့ အနံ့မျိုးပါ။ သူက ယုံကြည်အားကိုးရတဲ့သူတစ်ယောက်အဖြစ် bro ကို ပုံဖော်ပေးပါလိမ့်မယ်။

Made in France

Tester packaging

ဒီ tester packaging မှာအဖုံးပါတာမို့ ပုံထဲမှာ မြင်ရတဲ့အတိုင်း ပုလင်းက retail packaging အတိုင်းဖြစ်ပါတယ်။ အပြင်စက္ကူဗူးကပဲ tester packaging ဗူးဖြစ်နေတာပါ။ Tester Packaging က retail packaging ထက် အများကြီး သက်သာတဲ့အတွက်ကိုယ်တိုင်သုံးဖို့ဆိုရင် ဒီတစ်ခုကအများကြီးတန်ပါတယ်။

Official website - https://www.yangonbrandedperfume.com/product-page/jimmy-choo-man-aqua

Jimmy Choo Man Aqua EDT Perfume For Men 100ml Tester Packaging

K235,000.00Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page