Jimmy Choo Man Extreme Eau de Parfum for Men 100ml Tester Packaging - K 235,000 (In stock)
အစပိုင်းမှာ complex ဖြစ်တဲ့ သကြားလုံးလိုလိုအချိုနံ့ရတယ်။ အရမ်းကြီး အီသွားတာမျိုးမဟုတ်ဘဲ ခံတွင်းတွေ့စေမယ့် အချိုမျိုး။ Dior Sauvage အဖွင့်လို ငရုတ်ကောင်းနံ့ စပ်ရှိန်းရှိန်းလေးလည်း ပါတယ်။
ခဏကြာလာခဲ့အခါ spice နံ့လေးတွေ ထွက်လာပြီး အချိုကို ထိန်းပေးလိုက်တဲ့အတွက် နေ့တိုင်းသုံးဖို့၊ ရုံးသွားဖို့ အဆင်ချောသွားတယ်။ Jimmy Choo ရေမွှေးတွေရဲ့ ထုံးစံအတိုင်း သားရေ (leather) နံ့ သင်းသင်းလေးလဲ ရတယ်။ ။ ဒီအချိန်ကျမှပဲ "အော်... ဒါကြောင့် Daily Wear ရတယ်၊ ရုံးသုံးလို့ရတယ် ပြောကြတာကိုး" ဆိုပြီး သဘောပေါက်တော့တယ်။ အစက အချိုရဲရဲကြီးမို့ အဆင်ပြောပါ့မလား စိတ်ပူမိသေးတာ။
နောက်ပိုင်းမှာ အချိုနံ့ ကျန်နေသေးပေမဲ့ သစ်သားနံ့ (Woody note) သန့်သန့်လေးနဲ့ ပေါင်းသွားတယ်။ Classic အမျိုးသားရေမွှေးဆန်ဆန် တည်ငြိမ်တဲ့ပုံစံ ဖြစ်သွားတယ်။
ရန်ကုန် ရာသီဥတုနဲ့ဆိုရင်တော့ နေ့လယ်ဘက် အပြင်သွားရင် နည်းနည်းလေး အီမလားလို့ စိတ်ပူမိပေမဲ့ အဲလောက်ကြီး မဆိုးပါဘူး။ ရုံးတက်ရုံးဆင်းလောက်ဆို အဆင်ပြေတယ်။ ရင်းနှီးပြီးသား အနံ့မျိုးဖြစ်ပြီး Dior Sauvage တို့ ဘာတို့ ကြိုက်တဲ့သူဆိုရင်တော့ ဒါကို သဘောကျလောက်တယ်။
ကြာရှည်ခံလားဆိုတော့ မဆိုးပါဘူး။ နေ့လယ်ထမင်းစားဆင်းချိန်လောက်အထိတော့ ခံတယ်။ ညနေဘက် မှာပါ projection များချင်တယ်ဆိုရင်တော့ ထပ်ဖြန်းမှ ရမယ်။
အတိုချုပ်ပြောရရင်တော့ အဖွင့်က နည်းနည်း လူငယ်ဆန်ပေမဲ့ နောက်ပိုင်းကျရင် လူကြီးလူကောင်းဆန်ပြီး သပ်ရပ်တဲ့ အနံ့မျိုး ပြောင်းသွားတဲ့ သုံးလို့လွယ်တဲ့ budget friendly hidden gem တခုပါပဲ။
Made in France / Tester Packaging
Official website -
https://www.yangonbrandedperfume.com/product-page/jimmy-choo-man-extreme
top of page
Mobile/Viber - 0943065356
Mobile - 09250511966
Email - yangonbranded@gmail.com
Discount alerts - Yangon Branded Perfume Shop
YANGON BRANDED
In business since 2011
ငွေဈေးတွေ အများကြီးတက်သွားတဲ့အတွက် အခုဝက်ဗဆိုဒ်ဈေးတွေ update မဖြစ်ပါဘူး။ Viber 0943065356 မှာ လက်ရှိဈေးနဲ့ stock update မေးနိုင်ပါတယ်။
K235,000.00Price
bottom of page
