Jimmy Choo Man Intense EDT Perfume 100ml Tester Packaging - K 179,000 (In stock / Discount item)
Jimmy Choo For Man ရိုရိုး version ထက်ပိုပြီး longer lasting ဖြစ်တဲ့ improved Intense Version ဖြစ်ပါတယ်။
စဆွတ်ဆွတ်ခြင်းမှာ အလွန်ချိုတဲ့ သစ်သီး၊ လိမ္မော် နဲ့ spicy ရနံ့တွေနဲ့ စဖွင့်ထားပါတယ်။ ဖရဲသီး၊ မန်ဒရင်းလိမ္မော်၊ လာဗင်ဒါနဲ့ ငရုတ်ကောင်းနက်ရနံ့တွေက opening note တွေထဲမှာ အထင်ရှားဆုံး note တွေဖြစ်ပြီး ဖရဲသီးနှင့် မန်ဒရင်းလိမ္မော် အနံ့တွေကြောင့် နှစ်သက်ဖွယ်ကောင်းတဲ့၊ ချိုမြိန်တဲ့၊ စိုစွတ်ပြီး ဆွဲဆောင်မှုရှိသော အသီးတစ်လုံးကိုအနားမှာလာစားနေသလို ခံစားရပါတယ်။
Opening မှာပါတဲ့ လာဗင်ဒါ note က ရှုလိုက်တဲ့အခါမှာ အလွန်လတ်ဆတ်စေပြီး fruity note တွေလောက် မထင်ရှားပေမယ့် တော်တော်ပေါ်လွင်ပါတယ်။ Artemisia နှင့် black pepper တို့ပါတဲ့အတွက် green and spicy တွေကိုလည်းတစ်ချိန်ထဲမှာ ခံစားရပါတယ်။
ဆိမ့်တဲ့ Tonka bean ရနံ့ကလည်း ဆွတ်လိုက်တာနဲ့ တပြိုင်နက် အပေါ်ကိုတက်လာပြီး မွှေးရနံ့ကို အလွန်ချိုမြိန်ပြီး နှစ်သက်ဖို့ကောင်းတဲ့ feeling ကိုပေးပါတယ်။ Heart note တွေဖြစ်တဲ့ patchouli နှင့် artemisia တို့က စစဆွတ်ခြင်းမှာရတဲ့ လတ်ဆတ်တောက်ပတဲ့ စိမ်းလန်းတဲ့ ထိတွေ့မှုကိုဆက်ထိန်းသွားပါတယ်။
Dry down ဘက်ကို ရွေ့လာတဲ့အခါမှာတော့ labdanum ရနံ့ကစထွက်လာပါတယ် - ဒီရေမွှေးမှာပါတဲ့ labdanum က မွှေးတယ်၊ fruity ဖြစ်တယ်၊ fruity ဖြစ်တယ်၊ musky ဖြစ်တယ် leathery အနံ့မျိုးလည်းနဲနဲပါတယ်။ သူ့ရဲ့ရနံ့က Chanel Allure Homme Sport Eau Extreme လို၊ Coach for Men လို လူအများစုသေချာပေါက် နှစ်သက်တဲ့ ရနံ့မျိုးပါ။ ရိုင်းတဲ့ ကြမ်းတဲ့ လူတွေမကြိုက်တတ်တဲ့ scent note လုံးဝမပါပါဘူး။
Casual day out တွေမှာ၊ ရုံးမှာ၊ ပေါ့ပေါ့ပါးပါး လမ်းထွက်လျှောက်တဲ့အခါမှာ၊ date နဲ့ချိန်းတွေ့တဲ့အခါ၊ ကလပ်သွားတဲ့အခါ ဘယ်နေရာသုံးသုံး versatile ဖြစ်ပါတယ်။
အထူးသဖြင့် ဒါက office use ရုံးသုံးအရမ်းကောင်းမယ့်ရနံ့ပါ။ ရုံးမှာဒီရေမွှေးဆွတ်လို့ ဘယ်သူမှ အနှောက်အယှက်ဖြစ်မှာမဟုတ်ပဲ နေ့လည် lunch time မှာတစ်ခါလောက် refresh လုပ်ပေးမယ်ဆိုရင် သူ့ရဲ့အားသာချက်ဖြစ်တဲ့ အနားမှာလာတဲ့လူတွေကို ချိုချိုမွှေးမွှေးရနံ့လေးပေးနိုင်တဲ့ အချက်ကို ပိုအသုံးချနိုင်ပါမယ်။
Made in France
Tester packaging
ဒီ tester packaging မှာအဖုံးပါတာမို့ ပုလင်းက retail packaging အတိုင်းဖြစ်ပါတယ်။ အပြင်စက္ကူဗူးကပဲ tester packaging ဗူးဖြစ်နေတာပါ။ Tester Packaging က retail packaging ထက် လေးသောင်းကျော် ငါးသောင်းလောက် သက်သာတဲ့အတွက်ကိုယ်တိုင်သုံးဖို့ဆိုရင် ဒီတစ်ခုကအများကြီးတန်ပါတယ်။
Official website - https://www.yangonbrandedperfume.com/product-page/jimmy-choo-man-intense-tstpkg
top of page
Mobile/Viber - 0943065356
Mobile - 09250511966
Email - yangonbranded@gmail.com
Discount alerts - Yangon Branded Perfume Shop
YANGON BRANDED
In business since 2011
ငွေဈေးတွေ အများကြီးတက်သွားတဲ့အတွက် အခုဝက်ဗဆိုဒ်ဈေးတွေ update မဖြစ်ပါဘူး။ Viber 0943065356 မှာ လက်ရှိဈေးနဲ့ stock update မေးနိုင်ပါတယ်။
K179,000.00Price
bottom of page